ကမ္ဘာ့သတင်း

အမေရိကန်ရေတပ်ကို တစ်စစီ ချေမှုန်းသည့် AI ဝါဒဖြန့်ဗီဒီယို အီရန် ထုတ်ပြန်

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ လက်ရှိ အာရေးဘီးယန်ပင်လယ်တွင် တပ်စွဲထားသော အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင်သ င်္ဘောကြီးနှင့် အခြံအရံ စစ်သင်္ဘောအုပ်စုကို တစ်စစီ ချေမှုန်းသည့် မြင်ကွင်းများ ပါဝင်သော AI ဖြင့်ဖန်တီးသည့် ဝါဒဖြန့် ဗီဒီယိုတစ်ခုကို အီရန်ဘက်က ထုတ်ပြန်လိုက်သည်။ ယင်းဗီဒီယိုတွင် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ အမိန့်ဖြင့် ဒုံးကျည်များ ကောင်းကင်ယံအပြည့် ပစ်ခတ် တိုက်ခိုက်နေသည့် မြင်ကွင်းများ၊ ရေငုပ်သင်္ဘောများမှ တော်ပီဒိုများနှင့် ရေမြှုပ်ဗုံးများ အသုံးပြုကာ USS Abraham Lincoln သင်္ဘောကြီးကို ရေအောက်မှ တစ်စစီ ပေါက်ကွဲ ပျက်စီးသွားသည်အထိ ပုံဖော် ဖန်တီးထားသည်။ ယင်းဗီဒီယိုတွင် အီရန်ဗိုလ်ချုပ်များက ရေဒါများကို

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

လက်ရှိ အာရေးဘီးယန်ပင်လယ်တွင် တပ်စွဲထားသော အမေရိကန်၏ USS Abraham Lincoln လေယာဉ်တင်သ င်္ဘောကြီးနှင့် အခြံအရံ စစ်သင်္ဘောအုပ်စုကို တစ်စစီ ချေမှုန်းသည့် မြင်ကွင်းများ ပါဝင်သော AI ဖြင့်ဖန်တီးသည့် ဝါဒဖြန့် ဗီဒီယိုတစ်ခုကို အီရန်ဘက်က ထုတ်ပြန်လိုက်သည်။

ယင်းဗီဒီယိုတွင် အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီ၏ အမိန့်ဖြင့် ဒုံးကျည်များ ကောင်းကင်ယံအပြည့် ပစ်ခတ် တိုက်ခိုက်နေသည့် မြင်ကွင်းများ၊ ရေငုပ်သင်္ဘောများမှ တော်ပီဒိုများနှင့် ရေမြှုပ်ဗုံးများ အသုံးပြုကာ USS Abraham Lincoln သင်္ဘောကြီးကို ရေအောက်မှ တစ်စစီ ပေါက်ကွဲ ပျက်စီးသွားသည်အထိ ပုံဖော် ဖန်တီးထားသည်။

ယင်းဗီဒီယိုတွင် အီရန်ဗိုလ်ချုပ်များက ရေဒါများကို ကြည့်ရှု စစ်ဆေးပြီးနောက် ကမ်းခြေဒုံးပစ်စင်များမှ ဒုံးကျည် အလုံးပေါင်းများစွာ၊ ဒရုန်းများနှင့် တော်ပီဒိုများဖြင့် အလုံးအရင်းနှင့် ပစ်ခတ်တိုက်ခိုက်ပုံများ ပါဝင်သည်။

အမေရိကန်စစ်သင်္ဘောများ တစ်စစီ ပေါက်ကွဲနေချိန်တွင် အမေရိကန်စစ်သားများ ထိတ်လန့်ကြောက်ရွံ့ကာ အသက်လု ထွက်ပြေးနေကြသည့် ပုံရိပ်များကို AI ဖြင့် လုပ်ကြံ ဖန်တီးထားသည်။

ထို့နောက် မီးခိုးလုံးများနှင့် မီးတောက်များအကြား အမေရိကန်ရေတပ်ကြီး ပျက်စီးသွားသည်ကို အီရန်စစ်သားများက အောင်ပွဲခံ ကြည့်ရှုနေသည့် မြင်ကွင်းဖြင့် အဆုံးသတ်ထားပြီး ယင်းဗီဒီယိုကို အီရန်အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် – IRGC က ဖေဖော်ဝါရီ ၁၀ ရက်တွင် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များ၌ တင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အီရန်အနေဖြင့် နျူကလီးယားလက်နက် အစီအစဉ်ကို လုံးဝ စွန့်လွှတ်ရန်နှင့် ပြည်တွင်းဆန္ဒပြသူ ၃၆၀၀၀ ကျော်ကို ရက်စက်စွာ နှိမ်နင်းနေမှုများ ရပ်တန့်ရန်၂ နိုင်ငံဆွေးနွေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ဆိုထားသည်။

သို့သော် နျူကလီးယားပိုင်ဆိုင်မှုကို မစွန့်လွှတ်နိုင်ဟုဆိုကာ ဆွေးနွေးရန် ခါမေနီဘက်က ငြင်းပယ်ထားသဖြင့် အမေရိကန်ဘက်က အီရန်ကို စစ်အင်အားအပြည့်ဖြင့် ဝိုင်းရံထားသည့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုဗီဒီယို ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုကလင်း
Ref: The Sun
#MeKongNews
#အမေရိကန်ရေတပ်
#ချေမှုန်း
#AI
#ဝါဒဖြန့်ဗီဒီယို
#အီရန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now