မဲခေါင်၊ ဖေဖော်ဝါရီ ၉
ဘုရင်စော်ကားမှုဆိုင်ရာဥပဒေ ဖြစ်သည့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ အပေါ် ပြင်ဆင်ချက်များ အဆိုပြုရာတွင် ပါဝင်ခဲ့သော ၎င်းတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ယခုအခါ ဖျက်သိမ်းလိုက်ပြီဖြစ်သော ရှေ့သို့ချီ – Move Forward ပါတီမှ လွှတ်တော်အမတ်ဟောင်း ၄၄ ဦးသည် လေးနက်သော ကျင့်ဝတ် ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု ထိုင်းနိုင်ငံ အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်-NACC က စွပ်စွဲလိုက်သည်။
လွှတ်တော် အမတ်ဟောင်းများ၏ အမှုအား အကောင်အထည် ပြသနိုင်ရန် ကော်မရှင်က မဲခွဲခဲ့ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ယင်း ၄၄ ဦးတွင် Move Forward ပါတီ ခေါင်းဆောင်ဟောင်း ဖီထာ အပါအဝင် ၈ ဦးကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်သည့် အမိန့် ချခဲ့ပြီးဖြစ်သည်။
ထို့ပြင် ယခုထပ်မံ၍ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံရမည့်သူများတွင် လက်ရှိ ရွေးကောက်ပွဲ ဝင်နေသော ပြည်သူ့ပါတီဥက္ကဌ နက်သာဖောင်နှင့် စီရီကန်ယာတို့လည်း ပါဝင်နေသည်။
ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုအား စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြ ပြီးနောက် ယင်းလွှတ်တော်အမတ်များသည် ကျင့်ဝတ်ဆိုင်ရာ စံနှုန်းကို ပြင်းထန်စွာ ချိုးဖောက်သည် သို့မဟုတ် ယင်းစံနှုန်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။
၎င်းအမှုအား ဆက်လက် အရေးယူနိုင်ရန် တရားရုံးချုပ်သို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
အေးကျော်
Ref: Khaosod
#MeKongNews
#ဘုရင်စော်ကားမှု
#ဥပဒေ
#ပြင်ဆင်
#ထိုင်းအမတ်ဟောင်း
#NACC








