နိုင်ငံတကာသတင်း

အာရှ၏လူမမာ ထိုင်းနိုင်ငံကို ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြင့် ကုစားမည်ဟု အနုတင် ကတိပြု

မဲခေါင် 8 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၈ ထိုင်းနိုင်ငံသည် လက်ရှိတွင် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များကို လိုအပ်နေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှာ အသင့်မဖြစ်သေးသူများအတွက် စမ်းသပ်ကွင်းတစ်ခု မဟုတ်ကြောင်း ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမဲဆွယ်ပွဲ၌ ဘွန်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ်က ပြောကြားလိုက်သည်။ ၎င်းတို့ပါတီ အနိုင်ရရှိပါက အစိုးရ၏ ကဏ္ဍစုံကို လွှမ်းခြုံနိုင်မည့် အပြင် အထူးသဖြင့် စီးပွားရေးနှင့် နိုင်ငံခြားရေးကို အဓိကထားမည့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု အနုတင်က ထုတ်ဖော် ပြောကြားခဲ့သည်။ နိုင်ငံခြားရေး၊ စီးပွားကူးသန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ကိုင်တွယ်မည့် သီဟာဆက်၊ အက်နီတီနှင့် ဆူပါဝီးတို့သည် ဒုတိယဝန်ကြီးချုပ်များအဖြစ်ပါ တာဝန်ယူသွားမည်ဟု သိရသည်။ ထို့နောက် ဘွန်ဂျိုင်ထိုင်းပါတီ အနေဖြင့် အမျိုးသားစီမံခန့်ခွဲမှု၏ အဓိကနယ်ပယ် ၄

မဲခေါင်၊ ဖေဖော်ဝါရီ ၈

ထိုင်းနိုင်ငံသည် လက်ရှိတွင် အတွေ့အကြုံရင့်ကျက်သည့် ပညာရှင်များကို လိုအပ်နေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှာ အသင့်မဖြစ်သေးသူများအတွက် စမ်းသပ်ကွင်းတစ်ခု မဟုတ်ကြောင်း ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမဲဆွယ်ပွဲ၌ ဘွန်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင် အနုတင် ချန်ဗီရာကူးလ်က ပြောကြားလိုက်သည်။

၎င်းတို့ပါတီ အနိုင်ရရှိပါက အစိုးရ၏ ကဏ္ဍစုံကို လွှမ်းခြုံနိုင်မည့် အပြင် အထူးသဖြင့် စီးပွားရေးနှင့် နိုင်ငံခြားရေးကို အဓိကထားမည့် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဟု အနုတင်က ထုတ်ဖော် ပြောကြားခဲ့သည်။

နိုင်ငံခြားရေး၊ စီးပွားကူးသန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို ကိုင်တွယ်မည့် သီဟာဆက်၊ အက်နီတီနှင့် ဆူပါဝီးတို့သည် ဒုတိယဝန်ကြီးချုပ်များအဖြစ်ပါ တာဝန်ယူသွားမည်ဟု သိရသည်။

ထို့နောက် ဘွန်ဂျိုင်ထိုင်းပါတီ အနေဖြင့် အမျိုးသားစီမံခန့်ခွဲမှု၏ အဓိကနယ်ပယ် ၄ ခုဖြစ်သော စီးပွားရေး၊ လုံခြုံရေး၊ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် လူမှုဘဝအရည်အသွေး တိုးတက်ရေးတို့ကို အလေးထား ဆောင် ရွက်သွားမည်ဟု ဆိုသည်။

ငွေကြေးဖြန့်ဝေပေးသည့် ရေတိုလူကြိုက်များရေး မူဝါဒများထက် ရေရှည် ဝင်ငွေရရှိစေမည့် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးရေးကို ပိုမိုအာရုံစိုက်မည်ဟု လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ်ဖြစ်သူ အနုတင်က ပြောကြားသည်။

ထို့ပြင် နိုင်ငံ၏ စီးပွားရေးတန်ဖိုး မြှင့်တင်ရန် လျှပ်စစ်ကား နှင့် ဉာဏ်ရည်တုနည်းပညာ ကဲ့သို့သော New S-Curve လုပ်ငန်းများကို ဆက်လက် တွန်းအားပေးသွားမည်ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံကို “အာရှ၏လူမမာ” ဟု ကင်ပွန်းတပ်ခံထားရခြင်းကို လက်မခံဘဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ – OECD သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းကာ ကမ္ဘာ့စီးပွားရေး အစီအစဉ်သစ်တွင် အဓိကမဟာမိတ်အဖြစ် တက်လှမ်းမည်ဟု ဆိုသည်။

အခြားမူဝါဒများအနေဖြင့် အမြင့်ဆုံးအဆင့်အထိ အခမဲ့ ပညာသင်ကြားနိုင်ရေး၊ သက်ကြီးရွယ်အိုများ အတွက် အလုပ်အကိုင်နှင့် စောင့်ရှောက်ရေး စင်တာများ တည်ထောင်ရေးတို့ကိုလည်း အဆိုပြုထား သည်။

ထို့ပြင် စစ်ဘက်ဆိုင်ရာတွင် ကိုယ့်ဆန္ဒအလျောက် စစ်မှုထမ်းသည့်စနစ်သို့ ပြုပြင်ပြောင်းလဲရန်နှင့် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အရေးတွင် တင်းမာသော ရပ်တည်ချက်ဖြင့် နယ်မြေတစ်လက်မမျှ အဆုံးရှုံးခံမည် မဟုတ်ကြောင်းလည်း အနုတင်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပနေပြီဖြစ်သည်။

အေးကျော်
Ref: The Nation
#MeKongNews
#အာရှ၏လူမမာ
#ထိုင်းနိုင်ငံ
#ကျွမ်းကျင်ပညာရှင်အဖွဲ့
#ကုစား
#အနုတင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now