နိုင်ငံတကာသတင်း

တနင်္ဂနွေ ရွေးကောက်ပွဲ မတိုင်မီ ထိုင်းပါတီကြီး ၄ ခု ဘန်ကောက်တွင် အပြိုင်မဲဆွယ်

မဲခေါင် 6 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၆ တနင်္ဂနွေနေ့ ထိုင်းလွှတ်တော် ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး တွန်းအားပေးမှုတွင် အဓိက နိုင်ငံရေးပါတီကြီး ၄ ခုဖြစ်သော ဘွန်ဂျိုင်ထိုင်း – BJT၊ ဖွေထိုင်းပါတီ၊ ပြည်သူ့ပါတီ – PP နှင့် ဒီမိုကရက်ပါတီ တို့က ယနေ့ ဘန်ကောက်မြို့တစ်ဝန်းတွင် ကြီးမားသော မဲဆွယ်ပွဲများ လုပ်ဆောင်နေကြသည်။ ဂျူလပွန် အမွန်ဝီဗက်ဦးဆောင်သော ဖွေထိုင်းပါတီက သက်ဟာဆာဒင် အားကစားကွင်းတွင် မဲဆွယ် သွားမည်ဖြစ်ကာ စီးပွား‌ရေးအကြောင်းအရာများ၊ စီးပွားရေး ပြန်လည်နာလန်ထူရေး၊ လူနေမှုစရိတ်များ လျှော့ချ‌ရေး ၊ အလုပ်အကိုင် ဖန်တီးရေးတို့ကို ဦးစားပေးသွားမည်ဟု မျှော်လင့်ရသည်။ ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း အနုတင်ချန်ဗီရာကူးလ်ဦးဆောင်သော ဘွန်ဂျိုင်ထိုင်းပါတီက ဘုရင်မသီရိခေတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၆

တနင်္ဂနွေနေ့ ထိုင်းလွှတ်တော် ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံး တွန်းအားပေးမှုတွင် အဓိက နိုင်ငံရေးပါတီကြီး ၄ ခုဖြစ်သော ဘွန်ဂျိုင်ထိုင်း – BJT၊ ဖွေထိုင်းပါတီ၊ ပြည်သူ့ပါတီ – PP နှင့် ဒီမိုကရက်ပါတီ တို့က ယနေ့ ဘန်ကောက်မြို့တစ်ဝန်းတွင် ကြီးမားသော မဲဆွယ်ပွဲများ လုပ်ဆောင်နေကြသည်။

ဂျူလပွန် အမွန်ဝီဗက်ဦးဆောင်သော ဖွေထိုင်းပါတီက သက်ဟာဆာဒင် အားကစားကွင်းတွင် မဲဆွယ် သွားမည်ဖြစ်ကာ စီးပွား‌ရေးအကြောင်းအရာများ၊ စီးပွားရေး ပြန်လည်နာလန်ထူရေး၊ လူနေမှုစရိတ်များ လျှော့ချ‌ရေး ၊ အလုပ်အကိုင် ဖန်တီးရေးတို့ကို ဦးစားပေးသွားမည်ဟု မျှော်လင့်ရသည်။

ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း အနုတင်ချန်ဗီရာကူးလ်ဦးဆောင်သော ဘွန်ဂျိုင်ထိုင်းပါတီက ဘုရင်မသီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် မဲဆွယ်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

BJT ပါတီက ဒေသခံတို့၏ စီးပွားရေးကို အားပေးရန် ၎င်းတို့၏ ထိပ်တန်းဦးစား‌‌‌ပေး ဆေးခြောက်မူဝါဒ အပါအဝင် အောက်ခြေစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရေး ၊ ပြည်သူ့ကျန်းမာရေး မူဝါဒများကို အဓိကထား နေသည်။

ဝန်ကြီးချုပ်နေရာ လျာထားသူ နက်သာဖောင်ရူအန်ပန်ယာဝတ် ဦးဆောင်နေသည့် ပြည်သူ့ပါတီက ဒင်ဒန်းဒေသ ထိုင်း – ဂျပန်အားကစားရုံမှ လူငယ်အားကစားစင်တာ၌ လူထုမဲဆွယ်ပွဲ ကျင်းပနေပြီး နိုင်ငံ သားများက မောင်းနှင်သော နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ထိုင်းနိုင်ငံရေးနှင့် စီးပွားရေး တည်ဆောက် ပုံများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရေးတို့ကို အဓိက အကြောင်းအရာများအဖြစ် မဲဆွယ်ကြသည်။

ပြည်သူ့ပါတီမှာ လူထုစစ်တမ်းများတွင်လည်း ထောက်ခံမှုအများဆုံး ရသည့်ပါတီဖြစ်သည်။

နောက်ဆုံး သီတင်းပတ်အတွင်း‌ တောင်ပိုင်းတွင် မဲဆွယ်စည်းရုံးရေးများ လုပ်နေခဲ့သော ဒီမိုကရက်ပါတီက နောက်ဆုံး လူထုစုဝေးပွဲကို ဘန်ကောက်မြို့လယ်မှ One Bangkok ဈေးဝယ်စင်တာကြီးတွင် ကျင်းပမည်ဖြစ်ကာ ပါတီခေါင်းဆောင် အဘီဆစ်ဝိဇ္ဇာဇီဝက မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒီမိုကရက်ပါတီက နိုင်ငံအတွက် ဘေးကင်းသော ထွက်ပေါက်ဟူသော ၎င်းတို့၏ မျှော်မှန်းချက် အကြောင်းကို မြှင့်တင် ပြောဆိုသွားမည်ဖြစ်ကာ နိုင်ငံရေးတည်ငြိမ်မှု၊ ပွင့်လင်းမြင်သာမှု၊ ရေရှည် စီးပွား ရေးလုံခြုံမှု လူမှုဖူလုံရေးတို့ကိုလည်း ဦးစားပေးသွားမည်ဟု ဆိုသည်။

ကြီးမားသော လူအုပ်စုများကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားသော မဲဆွယ်ပွဲများတွင် ပါတီကြီးများက စိတ်ပိုင်းဖြတ်မှု မလုပ်ရသေးသော မဲဆန္ဒရှင်များအတွက် အလဲထိုးချက်များ ပေးအပ်နိုင်ရန် အရေးပါသော အခိုက်အတန့်များလည်း ဖြစ်နိုင်သည်။

ရွေးကောက်ပွဲ ဥပဒေအရ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအားလုံးကို မနက်ဖြန် စနေနေ့ ညနေ ၆ နာရီတွင် ရပ်တန့်ရမည်ဖြစ်ကာ အမတ်နေရာ ၃၃ နေရာရှိသော မြို့တော် ဘန်ကောက်သည် အဓိက တိုက်ပွဲနယ် မြေတစ်ခုဖြစ်သည်။

အေးကျော်
Ref:bangkokpost
#ရွေးကောက်ပွဲ
#ထိုင်းပါတီ
#ဘန်ကောက်
#အပြိုင်မဲဆွယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now