ကမ္ဘာ့သတင်း

ပနားမားတူးမြောင်း ဆိပ်ကမ်းအရေး တရုတ် ခြိမ်းခြောက်မှု ပနားမားသမ္မတ ဂရုမစိုက်

မဲခေါင် 5 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် ပနားမားတူးမြောင်းရှိ ဆိပ်ကမ်း ၂ ခုမှ ဟောင်ကောင် ကုမ္ပဏီတစ်ခုကို နှင်ထုတ်ခဲ့ပြီးနောက်၊ ကြီးလေးသော ပေးဆပ်မှုများ ရှိလာလိမ့်မည်ဆိုသည့် တရုတ်နိုင်ငံဘက်က ခြိမ်းခြောက်မှုကို ပနားမားသမ္မတ ဟိုဆေးရာအူးလ်မူလီနိုက ပယ်ချလိုက်သည်။ တရုတ်အစိုးရ၏ ၎င်း၏နိုင်ငံအပေါ် ခြိမ်းခြောက်မှုကို ပြင်းထန်စွာ ပယ်ချကြောင်း သမ္မတ မူလီနိုက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့သည်။ ပနားမားတူးမြောင်းရှိ ဆိပ်ကမ်း ၂ ခုကို လုပ်ကိုင်ခွင့် ပေးထားသည့် ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီ၏ စာချုပ်ကို ပနားမားတရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ တင်းမာမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မဲခေါင်၊ ဖေဖော်ဝါရီ ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် ပနားမားတူးမြောင်းရှိ ဆိပ်ကမ်း ၂ ခုမှ ဟောင်ကောင် ကုမ္ပဏီတစ်ခုကို နှင်ထုတ်ခဲ့ပြီးနောက်၊ ကြီးလေးသော ပေးဆပ်မှုများ ရှိလာလိမ့်မည်ဆိုသည့် တရုတ်နိုင်ငံဘက်က ခြိမ်းခြောက်မှုကို ပနားမားသမ္မတ ဟိုဆေးရာအူးလ်မူလီနိုက ပယ်ချလိုက်သည်။

တရုတ်အစိုးရ၏ ၎င်း၏နိုင်ငံအပေါ် ခြိမ်းခြောက်မှုကို ပြင်းထန်စွာ ပယ်ချကြောင်း သမ္မတ မူလီနိုက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့သည်။

ပနားမားတူးမြောင်းရှိ ဆိပ်ကမ်း ၂ ခုကို လုပ်ကိုင်ခွင့် ပေးထားသည့် ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီ၏ စာချုပ်ကို ပနားမားတရားရုံးချုပ်က ပယ်ဖျက်လိုက်ပြီးနောက် ယခုကဲ့သို့ တင်းမာမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သမ္မတ မူလီနိုက သူ၏ လူမှုကွန်ရက်ပို့စ်တွင် ပေကျင်းအစိုးရကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ပနားမားနိုင်ငံသည် တရားဥပဒေ စိုးမိုးမှုကို အလေးထားသော နိုင်ငံဖြစ်ကြောင်းနှင့် ဗဟိုအစိုးရ၏ သြဇာလွှမ်းမိုးမှု ကင်းစင်ပြီး လွတ်လပ်သော တရားစီရင်ရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာသော နိုင်ငံဖြစ်သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

ပနားမား နိုင်ငံခြားရေးဝန်ကြီးဌာနကလည် ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် သွားမည်ဖြစ်ပြီး သင့်လျော်သော ဆုံးဖြတ်ချက်များကို ချမှတ်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပနားမားတူးမြောင်းရှိ CK Hutchison ၏ ဆိပ်ကမ်းလုပ်ပိုင်ခွင့် ဆုံးရှုံးသွားခြင်းသည် လက်တင်အမေရိက ဒေသအတွင်း အမေရိကန်နှင့် တရုတ်တို့အကြား ဖြစ်ပွားနေသော ဩဇာလွှမ်းမိုးမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ အားပြိုင်မှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် သမ္မတ ထရမ့်က ပနားမားတူးမြောင်းကို ထိန်းချုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး စစ်ရေးအရ အရေးယူမည်ဟုပင် သတိပေးကာ CK Hutchison ၏ စာချုပ်များကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီးနောက် တင်းမာမှုများ မှာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

CK Hutchison ၏ လုပ်ပိုင်ခွင့်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပနားမားတရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်အပေါ် တရုတ်အစိုးရ၏ ဟောင်ကောင်နှင့် မကာအိုရေးရာရုံး (HKMAO) က အဓိပ္ပာယ် မရှိသကဲ့သို့ ရှက်ဖွယ်ကောင်းသည်ဟု ဖော်ပြခဲ့ပြီး ယင်းလက်တင်အမေရိကနိုင်ငံ အနေဖြင့် နိုင်ငံရေးအရရော စီးပွားရေးအရပါ ကြီးလေးသော ပေးဆပ်မှုများ ရှိလာလိမ့်မည်ဟု သတိပေးခဲ့သည်။

ပနားမား အာဏာပိုင်များအနေဖြင့် လက်ရှိအခြေအနေကို သိရှိနားလည်ရမည်ဖြစ်ပြီး ၎င်းတို့၏ လမ်းစဉ်ကို ပြန်လည် ပြင်ဆင်ရမည်ဖြစ်သည်ဟု HKMAO ကဆိုသည်။

Ref: Aljazeera
#MeKongnews
#ပနားမားတူးမြောင်း
#တရုတ်
#ခြိမ်းခြောက်မှု
#ဂရုမစိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now