ကမ္ဘာ့သတင်း

ဟားမားမြို့မှ သားသတ်သမားဟု အမည်တွင်သည့် အာဆတ်၏ ဦးလေး သေဆုံး

မဲခေါင် 22 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၂ ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်၏ ဦးလေးတော်စပ်ပြီး ဒုသမ္မတဟောင်းလည်းဖြစ်သူ ဟားမားမြို့မှ သားသတ်သမားဟု နာမည်ဆိုးဖြင ့်ကျော်ကြားခဲ့သော အသက် ၈၈ နှစ်အရွယ် ရီဖတ်အယ်လ်အာဆတ်သည် ပြည်ပြေးဘဝဖြင့် ဇန်နဝါရီ ၂၁ ရက်က ဒူဘိုင်းတွင် သေဆုံးခဲ့ပြီဖြစ်သည်။ ရီဖတ်သည် စစ်တပ်အကြီးအကဲ့ဟောင်း ဖြစ်ကာ ၁၉၇၀ ပြည့်နှစ်က ဆီးရီးယားတွင် စစ်အာဏာသိမ်းရာ၌ အစ်ကိုတော်သူ ဟာဖက်ဇ် အယ်လ်အာဆက် သမ္မတ ဖြစ်လာစေရေး အကူအညီပေးခဲ့သူ ဖြစ်သလို ၁၉၈၂ ခုနှစ်က ဟားမားမြို့ အစ္စလာမ္မစ်အုံကြွမှုအား နှိမ်နင်းခဲ့ရာ၌ အရက်စက်ဆုံး သတ်ဖြတ်ခဲ့သူ ဖြစ်သောကြောင့် ဟားမားမြို့မှ သားသတ်သမားဟု နာမည်ရခဲ့သူလည်း ဖြစ်သည်။ နောက်ပိုင်းတွင် ရီဖတ်သည် အစ်ကိုဖြစ်သူ

မဲခေါင်၊ ဇန်နဝါရီ ၂၂

ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်၏ ဦးလေးတော်စပ်ပြီး ဒုသမ္မတဟောင်းလည်းဖြစ်သူ ဟားမားမြို့မှ သားသတ်သမားဟု နာမည်ဆိုးဖြင ့်ကျော်ကြားခဲ့သော အသက် ၈၈ နှစ်အရွယ် ရီဖတ်အယ်လ်အာဆတ်သည် ပြည်ပြေးဘဝဖြင့် ဇန်နဝါရီ ၂၁ ရက်က ဒူဘိုင်းတွင် သေဆုံးခဲ့ပြီဖြစ်သည်။

ရီဖတ်သည် စစ်တပ်အကြီးအကဲ့ဟောင်း ဖြစ်ကာ ၁၉၇၀ ပြည့်နှစ်က ဆီးရီးယားတွင် စစ်အာဏာသိမ်းရာ၌ အစ်ကိုတော်သူ ဟာဖက်ဇ် အယ်လ်အာဆက် သမ္မတ ဖြစ်လာစေရေး အကူအညီပေးခဲ့သူ ဖြစ်သလို ၁၉၈၂ ခုနှစ်က ဟားမားမြို့ အစ္စလာမ္မစ်အုံကြွမှုအား နှိမ်နင်းခဲ့ရာ၌ အရက်စက်ဆုံး သတ်ဖြတ်ခဲ့သူ ဖြစ်သောကြောင့် ဟားမားမြို့မှ သားသတ်သမားဟု နာမည်ရခဲ့သူလည်း ဖြစ်သည်။

နောက်ပိုင်းတွင် ရီဖတ်သည် အစ်ကိုဖြစ်သူ ဟာဖက်ဇ်ထံမှ အာဏာသိမ်းရေး ကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့သဖြင့် ပြည်ပြေးဘ၀ ရောက်ခဲ့ပြီး သေဆုံးသည်အထိ သမ္မတဖြစ်လိုစိတ်ကို မလျှော့သွားခဲ့ကြောင်း ရင်းနှီးသည့် အသိုင်းအဝိုင်းက ဆိုသည်။

၂၀၀၀ ပြည့်နှစ်တွင် ဟာဖက်ဇ်သေဆုံးပြီးနောက် ဆီးရီးယား အချုပ်အခြာအာဏာအား တူတော်သူ ဘာရှားအယ်လ်အာဆတ်အား လွှဲပေးရာတွင်လည်း ရာဖတ် ကန့်ကွက်ခဲ့ကာ မိမိသာလျှင် ဆီးရီးယားအာဏာကို ဆက်ခံသင့်သူဟု ဟစ်ကြွေးခဲ့သည်။

သို့ရာတွင် တူဖြစ်သူ ဘာရှားက ပြည်တော်ပြန်ရန် ခွင့်ပြုကာ ပြန်ခေါ်ခဲ့သဖြင့် ၂၀၂၁ တွင် ဆီးရီးယားသို့ ပြန်လာခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ဘာရှား အာဏာပြုတ်ကျကာ ရုရှားသို့ ထွက်ပြေးသွားရသဖြင့် တစ်ဖန် ပြည်ပြေးဘ၀ ရောက်ခဲ့ပြီး နောက်ဆုံး ယူအေအီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ် သည်။

ရီဖတ်အယ်လ်အာဆတ်သည် ဂျီနီဗာတွင်အခြေချကာ ပြင်သစ်နှင့် စပိန်တို့တွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကြွယ်၀မှု ပေါင်းသန်း ၁၀၀ ရှိသည့် မီလျံနာဖြစ်လာခဲ့ပြီး ထိုစဉ်က ပြင်သစ် တရားရုံးတစ်ခုက ဆီးရီးယားအစိုးရပိုင် ရန်ပုံငွေ သန်းပေါင်းများစွာကို အိမ်ခြံမြေ လုပ်ငန်းများတွင် ထည့်ဝင် ရင်းနှီးခဲ့သည်ဟုဆိုပြီး အပြစ်ရ ှိကြောင်း ဖော်ထုတ်ခဲ့ပြီး ထောင်ကျရမည့်အရေးမှ တူဖြစ်သူ ဘာရှားက ကာကွယ်ပေးနိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သူ ဖြစ်သည်။

ဘာရှားသည် ၂၀၂၄ ဒီဇင်ဘာလတွင် တော်လှန်ရေး အဖွဲ့များ မြို့သိမ်းပြီး အာဏာရယူသွားသဖြင့် ဆီးရီးယားအား အာဆတ် မိသားစုက အစဉ်အဆက် နှစ် ၅၀ ကြာ အုပ်စိုးခဲ့မှု ရပ်တန့်သွားခဲ့သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ဟားမားမြို့
#သားသတ်သမား
#အာဆတ်
#ဦးလေး
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now