ကမ္ဘာ့သတင်း

ထရမ့် ခြိမ်းခြောက်မှုများကြောင့် ဂရင်းလန်းသို့ ဥရောပနိုင်ငံများ တပ်ဖွဲ့များ စေလွှတ်

မဲခေါင် 17 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၇ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက်‌မောနေသော ဂရင်းလန်းကျွန်းကို ပို၍ ကြီးမားသော အမြဲတမ်း နေတိုးတပ်ဖွဲ့ဖြင့် လုံခြုံရေးရယူရန် အစီအစဉ်ကို ဒိန်းမတ်က တွန်းအားပေးနေစဉ် ဥရောပအစိုးရများက စစ်ဘက်အရာရှိ အနည်းငယ်ကို ဇန်နဝါရီ ၁၅ ၇က်နေ့တွင် ဂရင်းလန်းသို့ ပို့‌ဆောင်ခဲ့သည်။ အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း အရာရှိများတွေ့ဆုံပွဲတွင် လိပ်ခဲတည်းလည်း အခြေအနေအတွက် ဖြေရှင်းရန် လမ်းစမထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းမှာပင် စစ်ရေးလေ့ကျင့်မှု တစ်ခုကို ကူညီပြင်ဆင်ပေးရန် ဥရောပတပ်ဖွဲ့များကို စေလွှတ်ခြင်း ဖြစ်သည်။ ရုရှားနှင့် တရုတ်တို့က သိမ်းပိုက်ချင်ခဲ့ပါက ဂရင်းလန်းကို ကာကွယ်ပေးရန် ဒိန်းမတ်ကို အားကိုးနိုင်မည် မဟုတ် ကြောင်း ၃ နိုင်ငံအရာရှိများ အစည်းအဝေး

မဲခေါင်၊ ဇန်နဝါရီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက်‌မောနေသော ဂရင်းလန်းကျွန်းကို ပို၍ ကြီးမားသော အမြဲတမ်း နေတိုးတပ်ဖွဲ့ဖြင့် လုံခြုံရေးရယူရန် အစီအစဉ်ကို ဒိန်းမတ်က တွန်းအားပေးနေစဉ် ဥရောပအစိုးရများက စစ်ဘက်အရာရှိ အနည်းငယ်ကို ဇန်နဝါရီ ၁၅ ၇က်နေ့တွင် ဂရင်းလန်းသို့ ပို့‌ဆောင်ခဲ့သည်။

အမေရိကန်၊ ဒိန်းမတ်နှင့် ဂရင်းလန်း အရာရှိများတွေ့ဆုံပွဲတွင် လိပ်ခဲတည်းလည်း အခြေအနေအတွက် ဖြေရှင်းရန် လမ်းစမထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းမှာပင် စစ်ရေးလေ့ကျင့်မှု တစ်ခုကို ကူညီပြင်ဆင်ပေးရန် ဥရောပတပ်ဖွဲ့များကို စေလွှတ်ခြင်း ဖြစ်သည်။

ရုရှားနှင့် တရုတ်တို့က သိမ်းပိုက်ချင်ခဲ့ပါက ဂရင်းလန်းကို ကာကွယ်ပေးရန် ဒိန်းမတ်ကို အားကိုးနိုင်မည် မဟုတ် ကြောင်း ၃ နိုင်ငံအရာရှိများ အစည်းအဝေး ကျင်းပပြီးချိန်၌လည်း ထရမ့်က ၎င်း၏ တင်းမာသော သဘောထားကို ထပ်မံ ပြောကြားသည်။

၂၀၂၆ ခုနှစ် တစ်နှစ်လုံးတွင် ဂရင်းလန်း၌ ပိုမိုကြီးမားသော နေတိုးတပ်ဖွဲ့များ ချထားရန် စီစဉ်ထားကြောင်းနှင့် အာတိတ်၏ လုံခြုံရေးသည် ဒိန်းမတ်နိုင်ငံအတွက် သာမကဘဲ နေတိုးတစ်ဖွဲ့လုံးနှင့် သက်ဆိုင်ကြောင်း ပြသခြင်းမှာ အရေးပါကြောင်း ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုအဲလွန်းပိုလ်ဆန်က ပြောသည်။

အမေရိကန်အရာရှိများနှင့် ဒိန်းမတ် ၊ ဂရင်းလန်းကိုယ်စားလှယ်များ၏ တွေ့ဆုံမှုမှာ အပြုသဘော ‌ဆောင်သည်ဟု အိမ်ဖြူတော်က ပြောကြားသော်လည်း ဂရင်းလန်းသို့ ဥရောပတပ်ဖွဲ့များ စေလွှတ်မှုမှာ ထိုဒေသနှင့်ပတ်သက်၍ ထရမ့်၏ စဉ်းစားချက်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း အိမ်ဖြူတော်က ပြောသည်။

“ဥ‌ရောပတပ်ဖွဲ့တွေက သမ္မတရဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ကို သက်ရောက်လိမ့်မယ်၊ ဂရင်းလန်းကို ရယူရေး သူ့ရဲ့ ရည်မှန်းချက်ကို သက်ရောက်လိမ့်မယ်လို့ လုံးဝ မထင်ပါဘူး” ဟု အိမ်ဖြူတော် ပြန်ကြားရေးမှူး ကယ်ရိုလင်းလီဗစ်က ပြောသည်။

ယခုနှစ်‌ နှောင်းပိုင်းတွင် ပြုလုပ်မည့် ပို၍ကြီးမားသော စစ်‌ရေး လေ့ကျင့်မှုများအတွက် ပြင်ဆင်မှုများ စတင်ရန် စစ်ဘက်အရာရှိများ စေလွှတ်သွားမည်ဟု ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေး၊ ဖင်လန် နှင့် နယ်သာလန်နိုင်ငံတို့က ပြောကြားကြသည်။

ထိုအတောအတွင်းမှာပင် မော်စကိုနှင့် ပေကျင်းမှာ ဂရင်းလန်းအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း နေတိုးအဖွဲ့၏ ပြောဆိုမှုများမှာ စိတ်ခြောက်ခြားမှုများ ဖြစ်လာစေရန် ပုံဖော်ထားသည့် ယုံတမ်းစကားများဖြစ်သည်ဟု ရုရှားက ပြောကြားပြီး ယင်းဒေသတွင် ထိပ်တိုက်ရင်ဆိုင်မှုများ မြင့်တက်လာနိုင်သော အန္တရာယ်များ အကြောင်းကို သတိပေး ပြောကြားသည်။

အာတိတ်ဒေသမှ ရရှားတို့၏ အကျိုးစီးပွားများကို လျစ်လျှူရှုရန် ကြိုးပမ်းမှုများမှာလည်း တန်ပြန်မှုမရှိဘဲ နေမည်မဟုတ်ကြောင်း ရရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ထရမ့်
#ခြိမ်းခြောက်
#ဂရင်းလန်း
#တပ်ဖွဲ့များ
#စေလွှတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now