ကမ္ဘာ့သတင်း

ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှု ခေါင်းဆောင် ကင်ဂျုံအန် ကြီးကြပ်

မဲခေါင် 29 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၉ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ယမန်နေ့က တာဝေးပစ် မဟာဗျူဟာမြောက် ပစ်မှတ်ရှာ ဒုံးကျည်များ ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ပြီး လုံခြုံ‌ရေးရာ ခြိမ်းခြောက်မှုများ ရင်ဆိုင်လာခဲ့ရပါက တန်ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်မှုနှင့် ၎င်းတို့၏ နျူကလီးယား အင်အားကို ထိုပစ်လွှတ်မှုများက အတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ယနေ့ ဖော်ပြသည်။ ၂၀၂၆ ခုနှစ်စောစောပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ထားသော အဓိက ပါတီညီလာခံ မတိုင်မီ နိုင်ငံ၏ စစ်‌ရေးနှင့် စီးပွားရေးတိုးတက်မှုကို မီးမောင်းထိုးပြရန် မကြာသေးမီ သီတင်းပတ်များတွင် ကင်ဂျုံအန်က လှုပ်ရှားမှု အများအပြားတက်ရောက်ခဲ့ကာ ယခု ဒုံးကျည်ပစ်လွှတ်မှုလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ် အနောက်ဘက်

မဲခေါင်၊ ဒီဇင်ဘာ ၂၉

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ယမန်နေ့က တာဝေးပစ် မဟာဗျူဟာမြောက် ပစ်မှတ်ရှာ ဒုံးကျည်များ ပစ်လွှတ်မှုကို ကြီးကြပ်ခဲ့ပြီး လုံခြုံ‌ရေးရာ ခြိမ်းခြောက်မှုများ ရင်ဆိုင်လာခဲ့ရပါက တန်ပြန်တိုက်ခိုက်ရန် အသင့်ဖြစ်မှုနှင့် ၎င်းတို့၏ နျူကလီးယား အင်အားကို ထိုပစ်လွှတ်မှုများက အတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ယနေ့ ဖော်ပြသည်။

၂၀၂၆ ခုနှစ်စောစောပိုင်းတွင် ကျင်းပမည်ဟု မျှော်လင့်ထားသော အဓိက ပါတီညီလာခံ မတိုင်မီ နိုင်ငံ၏ စစ်‌ရေးနှင့် စီးပွားရေးတိုးတက်မှုကို မီးမောင်းထိုးပြရန် မကြာသေးမီ သီတင်းပတ်များတွင် ကင်ဂျုံအန်က လှုပ်ရှားမှု အများအပြားတက်ရောက်ခဲ့ကာ ယခု ဒုံးကျည်ပစ်လွှတ်မှုလည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ကိုရီးယားကျွန်းဆွယ် အနောက်ဘက် ပင်လယ်သို့ ဒုံးကျည်များ ပျံသန်းသွားပြီး ပစ်မှတ်များကို ထိမှန်သွားခဲ့ချိန်တွင် ကင်ဂျုံအန်က အားရကျေနပ်မှု ပြသခဲ့သည်ဟု KCNA သတင်းက ဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံက လုံခြုံရေး ခြိမ်းခြောက်မှု အမျိုးမျိုးကို ရင်ဆိုင်နေရသဖြင့် နိုင်ငံမှ နျူကလီးယား ဟန့်တား မှု အစိတ်အပိုင်းများ၏ မြန်ဆန်သော တုံ့ပြန်မှုနှင့် ယုံကြည်စိတ်ချရမှုကို ပုံမှန် စစ်ဆေးနေခြင်းသည် တာဝန်သိသော လေ့ကျင့်မှုဖြစ်သည်ဟု ကင်ဂျုံအန်က ပြောကြားခဲ့သည်။

နျုကလီးယားတိုက်ပွဲဝင် တပ်ဖွဲ့ အကန့်အသတ်မဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်း အားထုတ် သွားရေးကိုလည်း ကင်ဂျုံအန်က ထပ်မံ အတည်ပြုခဲ့ကြောင်း KCNA သတင်းက ဖော်ပြသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်က ပြုံယမ်းမြို့အနီး ဆူနန်ဧရိယာမှ ခရုဇ်ဒုံးကျည် အများအပြား ပစ်လွှတ်မှုများကို ထောက်လှမ်း သိရှိခဲ့သည်ဟု တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်ပြောကြားသည်။

နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရန် ဆက်လက် ကြိုးပမ်းမှုများ အပါအဝင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများသည် ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်း တည်ငြိမ်ရေးကို အားနည်းသွားစေသည့် လုပ်ရပ်များဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန် ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

ယမန်နေ့က စမ်းသပ်မှုသည် သမားရိုးကျ လက်နက်နှင့် နျူကလီးယား လက်နက်များကိုပါ သယ်ဆောင်နိုင်သော ခရုဇ် ဒုံးကျည်များကို အဆင့်မြှင့်တင်၍ စမ်းသပ်ခြင်း ဖြစ်နိုင်ကြောင်း ဆိုးလ်မြို့မှ အမျိုးသား ပြန်လည် ပေါင်းစည်းရေး ကိုရီးယားအင်စတီကျူမှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ဟောင်မင်းက သုံးသပ်သည်။

အေးကျော်
Reuters
#MeKongNews
#ခရုဇ်ဒုံးကျည်
#မြောက်ကိုရီးယား
#ပစ်လွှတ်မှု
#ကင်ဂျုံအန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now