မဲခေါင်၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ရန်ကြီးအောင်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်ထိတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၆ ယောက်သေ၊ ၁၇ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီစခန်းကို ကလေးခရိုင်၊ အမှတ် (၂/၄/၅/၆) တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ SR-4၊ KKG၊ CNDF၊ RKDF တို့က ဝင်ရောက်စီးနင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်ပါတယ်။
ရန်ကြီးအောင် စစ်ကောင်စီစခန်းကနေ သိမ်းမိခဲ့တဲ့ လက်နက်တွေမှာ G 3၊ MA 1, 3 သေနတ်စုစုပေါင်း ၂၄ လက်နဲ့ ကျည်ဆန်တွေ၊ RPG လက်နက်နဲ့ ဒုံးကျည်ထိပ်ဖူးတွေအပြင် ခဲယမ်းအများအပြား၊ ဆက်စပ်ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ၁ ဦး ကျဆုံးပြီး ၈ ယောက်ထိခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#MeKongNews
#ကလေး
#တော်လှန်ရေး
#ဖမ်းမိ
#ပူးပေါင်း
#သုံ့ပန်း
#စစ်ကောင်စီ