ဆောင်းပါး

အညာတော်လှန်ရေးခရီးရှည်

မဲခေါင် 18 Mar - 2024
ယူကရိန်းနိုင်ငံရဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်မှု ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌ အပါအဝင် ကနေဒါ အီတလီ ဘယ်လ်ဂျီယံ အစရှိသည့် နိုင်ငံ့ ခေါင်းဆောင်များက ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ ကိယက်ဗ်မြို့ကိုသွားရောက်ခဲ့ကြသည်။

နွေဦးဆွေ

ယူကရိန်းနိုင်ငံရဲ့ ရုရှားကျူးကျော်စစ်ကို တွန်းလှန်မှု ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဥရောပသမဂ္ဂကော်မရှင်ဥက္ကဌ အပါအဝင် ကနေဒါ အီတလီ ဘယ်လ်ဂျီယံ အစရှိသည့် နိုင်ငံ့ ခေါင်းဆောင်များက ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်းပြသဖို့ ကိယက်ဗ်မြို့ကိုသွားရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်‌ဖေဖော်ဝါရီလသည် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ယနေ့အချိန်မှာတော့ မြန်မာ့အရေးကို ကမ္ဘာကြီးက မျက်ကွယ်ပြုထားလိုက်ပြီဖြစ်သည်။ ထိုအချက်က မြန်မာပြည်သူများသည် ကိုယ့်တိုင်းပြည်အနာဂါတ်နှင့် မိမိတို့အနာဂါတ်အတွက် ကိုယ်တိုင်ရုန်းကန်နေကြရပြီဆိုတာကို ကောင်းစွာသဘောပေါက်လာပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့အတွက် လူငယ်များက စိတ်ဆုံးဖြတ်ထားကြသည်။

စစ်ကောင်စီကို အရှိန်အဟုန်ကောင်းကောင်းဖြင့် တွန်းလှန်နေသောအညာဒေသကိုမူ လူထု၏ အာရုံစူးစိုက်မှု တစ်နေ့တခြား လျော့နည်းလာသည်ကို စိတ်မကောင်ဖွယ်မြင်တွေ့လာရသည် အညာတွင် နေ့စဉ် တိုက်ပွဲများနှင့် လူသေဆုံးမှုများသည် ကြားနေကြ သတင်းတစ်ပုဒ်အဖြစ်သာ လူအများစုမှတ်ယူလာကြသည်။ အညာဒေသရှိ စစ်ဘေးရှောင်ပြည်သူများကို ကူညီနေ့သည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှာ တာဝန်ရှိသူတစ်ဦက ယခုလိုမှတ်ချက်ပြုသည်။

“ကျွန်တော့ရဲ့အမြင်အရ နှစ်ချက်ရှိတယ်ဗျ မှန်ချင်လိမ့်မယ် မှားချင်မှားလိမ့်မယ် ပထမအချက်က တော်လှန်ရေးက ၃ နှစ်ကျော် ၄ နှစ်ထဲရောက်နေပြီ အစပိုင်းကလို ပြည်သူတွေမှာ စိတ်အားထက်သန်မှုတွေကတဖြည်းဖြည်းလျော့လာတာရယ် ပြည်သူတွေမှာကကြာလာတာနဲ့အမျှ ကျပ်တည်းမှူတွေဖြစ်လာတယ်လို့မြင်မိပါတယ်။ ဒုတိယအချက်က တော်လှန်ရေး အင်အားစုတွေရဲ့ တစ်ဖွဲ့ချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ သူတို့တွေရဲ့တော်လှန်ရေးပေါ်မှာ ရိုးသားမှုတွေနဲ့လည်း ဆိုင်တယ်ဗျ၊ နောက်ပြီး ပြည်သူမှာလည်း မျက်စိပါတာပဲဗျ၊ ဘယ်သူမကောင်းဘူး/ အလုပ်မလုပ်ဘူးဆိုတာ ကြည့်နေမှာပဲဗျ၊ အဲ့အပေါ်မှာ ပါဝင်ခြင်း မပါဝင်ခြင်း ကွာသွားတာပဲဗျ”

အညာဒေသသည် အင်္ဂလိပ်လက်က လွတ်လပ်ရေးရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၆၀ ကျော်အတွင်း လက်နက်ကိုင်လမ်းစဉ်နှင့်ကင်းကွာခဲ့သည့်ဒေသဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားသည့် တော်လှန်ရေးတိုက်ပွဲများနှင့်လည်း ခပ်စိမ်းစိမ်းရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနေဝင်း၊ ဦးသန်းရွှေမင်းအောင်လှိုင်တို့သည်ပင် အညာသားများဖြစ်ကြပြီး ခေတ်အဆက်ဆက်က အညာဒေသသည် စစ်တပ်အတွက် လူသားရင်းမြစ်စုဆောင်းရာ ဒေသတစ်ခုဖြစ်ခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်နောက်ပိုင်းတွင်မူ တစ်နိုင်ငံလုံးအုံကြွမှုနှင့် စစ်တပ်ဆန့်ကျင်မှုတွင် အညာဒေသခံများ တက်ကြွစွာပါဝင်လာပြီးနောက် စစ်ခေါင်းဆောင်များ၏ အဓိကပစ်မှတ်ထားခံရတဲ့ ဒေသဖြစ်လာပြီး ပြင်းထန်စွာနှိမ်နင်းခြင်းခံရသည့် ဒေသအဖြစ်သို့ပြောင်းလဲသွားသည်။

မြန်မာနိုင်ငံတွင် PDF အင်အား ၆ သောင်းခွဲကျော်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ NUG လက်အောက်ခံ PDF တပ်ရင်း တပ်ခွဲပေါင်း ၃၀၀ နီးပါးရှိပြီး အညာဒေသတွင် သီးခြားရပ်တည်နေသည့် LPDF တပ်ရင်းပေါင်း ၄၀၀ ကျော်ရှိသည် LDF အင်အားအနည်းဆုံး ၃၀၀၀၀ ခန့်ရှိပြီး အများစုဟာ သူတို့သည်ကိုယ်ပိုင် အလှူငွေရှာဖွေပြီး ရပ်တည်နေကြခြင်းဖြစ်သည်။ တစ်ဖက်ကကြည့်လျှင် စစ်ကောင်စီ၏ လူသားရင်းမြစ် စုဆောင်းရာဒေသကနေ စစ်ကောင်စီကို တော်လှန်ရန် အစုအဖွဲ့ပေါင်းများစွာ ပေါ်ပေါက်ရာဒေသတစ်ခုအဖြစ် အချိန်တိုအတွင်း ပြောင်းလဲသွားခဲ့ပေသည်။

အားသာချက်အနေဖြင့် စစ်ကောင်စီ၏ အဖက်ဖက်တွင် ဆုံးရှုံးနေသောလူသားရင်းမြစ် ဖြည့်တင်းရန် လိုအပ်ချက်အတွက် ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပြီး မြန်မာ ပဒေသရာဇ်ခေတ်ကတည်းက မျက်မှောက်ခေတ်အထိ စစ်ဘုရင်တို့၏ ခြေကုတ်ဖြစ်ခဲ့သည့် အညာဒေသ အုံကြွမှုက စစ်ကောင်စီကို အကြပ်ရိုက်စေသည်။ အညာဒေသတွင် အချိန်တိုအတွင်း စုဖွဲ့လာသော တော်လှန်ရေးတပ်ဖွဲ့ ပေါင်းများစွာပေါ်ပေါက်လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘုံရန်သူ စစ်အာဏာရှင်ကိုတွန်းလှန်ရန်ဖြစ်သည်။ ရည်မှန်းချက်တူသော်လည်း ခေါင်းဆောင်မှုနှင့် စုဖွဲ့မှုစနစ် အားနည်းသောကြောင့် သီးခြားရပ်တည်သော တပ်ဖွဲ့များစွာပေါ်ပေါက်လာခြင်း၊ အမိန့်ပေးစနစ်ကိုရှုပ်ထွေးစေခြင်းတို့က စစ်ကောင်စီကို ဟန်ချက်ညီညီတွန်းလှန်ရန် အခက်အခဲများစွာဖြစ်ပေါ်စေကာ အညာဒေသရှိပြည်သူများအပေါ် မလိုလားအပ်ပဲ ကြီးမားတဲ့ ဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်။ အညာဒေသမှာ ကာကွယ်ရေးတပ်တွေပေါများလာတဲ့အတွက် ကြုံတွေရတဲ့အခက်အခဲတွေကို မကွေးတိုင်းအခြေပြု LPDF ခေါင်းဆောင်တစ်ဦးက အခုလိုပြောသည်။

“အညာဒေသမှာပြည်သူ့ကာကွယ်ရေးတပ်တွေ အုပ်ချုပ်ရေးအဖွဲ့တွေ အများကြီးရှိပေမဲ့ အားသာချက်ထက် အားနည်းချက်တွေကိုပဲပိုတွေ့ရတယ်။ ဘာလို့လဲဆိုတော့အရင်တုန်းက တိုက်နေတဲ့အချိန်မှာ ပိုပြီးစည်းစည်းလုံးလုံးရှိတယ်။ ပ သုံးလုံးတွေဖွဲ့စည်းလာတဲ့နောက်မှာ ကောင်းမွန်တဲ ပ သုံးလုံးတွေရှိသလို ဗီဇမပျောက်သေးပဲနေရာလိုချင်တဲ့ ပသုံးလုံးတွေလဲအများစုရှိရှိတယ်။ ဒါတွေက ပိုလွှမ်းခြုံထားတဲ့အနေအထားရှိတယ်။ လက်နက်ခဲယမ်း တပ်ဆင်မှုအပိုင်းမှာ ပသုံးလုံးတွေကို ဦးစားပေးတပ်ဆင်ထားတဲ့ အနေအထားတွေ အများကြီးတွေ့ရတယ်။ အဲ့ဒီအနေအထားမှာ ပသုံးလုံးတွေ ကြီးစိုးလာတဲ့အတွက်ကြောင့်မို့ ဘယ်စခန်းမတိုက်ရဘူး၊ ဘယ်နယ်မြေမတိုက်ရဘူး၊ ဧည့်သည်မို့ မတိုက်ရဘူးပေါ့နော့၊ အဲ့လိုမျိုးအခက်အခဲတွေ တော်တော်လေး ဆိုးဆိုးဝါးဝါးကြုံတွေ့ရတယ်။ တစ်ချို့တွေက အာဏာရှင်ကိုတော်လှန်ရင်း အာဏာရူးသွားတဲ့အနေအထားတွေလဲရှိတယ်။ ကျွန်တော်တို့အမြင်တော့ ကာကွယ်ရေးအဖွဲ့တွေများလာတာက မကောင်းပါဘူး၊ တိုက်ခိုက်ရေးအဖွဲ့တွေ များလာတာကိုတော့ ကျနော်တို့ကြိုဆိုပါတယ်”

အညာတွင်ဘာတွေဖြစ်နေသနည်း

အညာဒေသသည် တောတောင်များမရှိသည့်အပြင် လွင်ပြင်နှင့် လွင်တီးခေါင်ဒေသဖြစ်သည့် ကုန်းတွင်းပိတ်ဒေသဖြစ်သောကြောင့် နီးစပ်ရာလွတ်မြောက်နယ်မြေ ဆိုသည်မှာလည်း မရှိသလောက် ရှားပါးသောဒေသဖြစ်သည်။ ထိုအတွက်ကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဒုက္ခသည်စခန်းဟူ၍ သတ်သတ်မှတ်မှတ်မရှိပဲ စစ်ကောင်စီ၏ စစ်ကြောင်းများနှင့်ဝေးရာကို အမြဲလိုလိုရွှေ့ပြောင်းနေရကာ စစ်ကောင်စီ စစ်ကြောင်းနှင့် တိုးပါက ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံရလေ့ရှိသည်။ CDM အရာရှိတစ်ဦးမှ အညာဒေသ၏ ပထဝီအနေအထားနှင့်ပတ်သက်ပြီး ယခုလိုမှတ်ချက်ပြုသည် “အညာဒေသက တိုင်းရင်းသားဒေသတွေနဲ့မတူတဲ့အချက်က လွင်ပြင်ဖြစ်တဲ့အတွက် အဝေးကို မြင်နိုင်စွမ်းနည်းပါးတယ် တိုင်းရင်းသား ဒေသတွေမှာဆိုရင် တောင်ပေါ်အမြင်တစ်နေရာကနေပြီး ရန်သူ့စစ်ကြောင်းရဲ့လှုပ်ရှားမှုကို ထောက်လှမ်းနိုင်ပေမဲ့ အညာဒေသရဲ့ နေရာတော်တော်များများ မှာကတော့မဖြစ်နိုင်ဘူး အဲ့ဒီတော့ ရန်သူက ကိုယ့်ရဲ့ အနီးဝန်းကျင်ကိုရောက်လာတော့မှသာ ရန်သူရှိမှန်းသိတဲ့အတွက် ပြင်ဆင်ချိန်သိပ်မရတာမျိုးဖြစ်တတ်တယ်” ဟုဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ ကျူးလွန်ခဲသည့် ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် လူသတ်မှု ၆၄ ကြိမ် ရှိပြီး အဲ့ဒီထဲမှ ၄၆ ကြိမ်ကို အညာဒေသတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၄၄၆ ဦး သေဆုံးခဲ့ရသည်။ စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် သမရိုးကျ ယာဉ်တန်းများဖြင့် စစ်ကြောင်းထိုးခြင်းအပြင် ဒေသတွင်းကာကွယ်ရေး ချိတ်ဆက်မှုအားနည်းသည့်နေရများကို အခွင့်ကောင်းယူကာ ဒေသခံပျူစောထီးများအား လမ်းပြအဖြစ် အသုံးပြု၍ ညဉ့်နက်အချိန်တွင် PDF တပ်စခန်းများကို ဝင်ရောက်စီးနင်းခြင်း၊ တစ်ချို့ဒေသများတွင် ဆက်သွယ်ရေးစက်များကို ကြားဖြတ်ဖမ်းယူခြင်းနှင့် သတင်းပေးများ၏ အကူအညီဖြင့် ကျေးရွာများကို လေကြောင်းမှတစ်ဆင့် ဝင်စီးခြင်း ကို ၂၀၂၃ ခုနှစ်အတွင်း ခပ်စိပ်စိပ်ပြုလုပ်ခဲ့ကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည်။

စစ်ကိုင်းမြို့နယ် တာတိုင်းရွာအား ၂၀၂၃ မတ်လ ၁ ရက်နေ့ နံနက် ၃ နာရီတွင်ဝင်ရောက်စီးနင်းကာ အသက် ၁၇ ကနေ ၆၀ နှစ်အတွင်းရှိ ပြည်သူ ၁၆ ဦးနှင့် ပကဖ ခေါင်းဆောင် ၁ ဦး သတ်ဖြတ်ခဲ့သည့်ဖြင့်စဉ်နှင့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို လေကြောင်းကနေ စစ်သားများပို့ဆောင်က ဝင်ရောက်စီးနင်းမှုများသည် ထင်ရှားသည်။ အဆိုပါဖြစ်စဉ်များတွင် တပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်မှုအားနည်းခြင်း၊ မှတ်တမ်းတင်မှုအား နည်းခြင်းတို့ကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စစ်ဖက်ရေးရာလေ့လာသူများ၏ သုံးသပ်ချက်အရသိရသည်။

အမိန့်လိုက်နာမှုအားနည်းခြင်း နှင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း

အညာဒေသတွင် တော်လှန်ရေးတပ်ဖွဲ့ပေါင်းများစွာရှိသည့်အနက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများရှိသကဲ့သို့ ကိုယ်ပိုင်စစ်ဆင်ရေးများ ဖော်ဆောင်ပြီး ရပ်တည်နေသည့် တပ်ဖွဲ့များစွာရှိသည်။ အခွန်ကောက်ခံတာနဲ့ မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒတွေအရ ပြည်နယ်တွင် EROs ၊ တိုင်းဒေသကြီးများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) များကို ယာယီလွှဲပြောင်းပေးသည့် အမိန့်ကြေညာစာကို ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်းတွင် ပအဖ၊ ပကဖ တစ်ချို့၏လမ်းကြေး ကောက်ခံမှုများ တိုးများလာခြင်းအပြင် ဥပဒေကိုလူတိုင်းနားလည်နိုင်ရန် ရိုးရှင်းသည့် ထုတ်ပြန်ချက်များမထုတ်ပြန်နိုင်ခြင်း၊ ထိရောက်သည့် အမိန့်စီးဆင်းမှု အားနည်းခြင်းများကြောင့် မြေပြင်တပ်ဖွဲ့များကြား နားလည်မှုလွဲမှားခြင်းများဖြစ်ပွားခဲ့သည်။

ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများကြားတွင်ပင် တိကျသည့်လုပ်ငန်းတာဝန်များ ခွဲခြားသတ်မှတ်မှုအားနည်းသည့်အတွက် ပွတ်တိုက်မှုများရှိလာသည်ဟု ပုလဲဒေသခံ ပကဖ အဖွဲ့ဝင်တစ်ဦးက ထောက်ပြခဲ့သည့်အပြင် ရေစကြိုနှင့် ရွှေဘိုဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များကလည်း ပသုံးလုံး အဖွဲ့တွေကြား အားပြိုင်မှုတွေ ဖြစ်နေကြောင်းထောက်ပြခဲ့သည် “သူတို့က ကျနော်တို့ PDF တွေ LPDF တွေနဲ့ ပြဿနာဖြစ်တာတော့မဟုတ်ဘူးဗျ သူတို့ ပသုံးလုံး အဖွဲ့တွေအခြင်းခြင်းကြားမှာကို ပြဿနာတွေဖြစ်နေတာပါ” ဟုဆိုသည်။ ပို၍ဆိုးသည်မှာ အချင်းချင်း ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းနှင့် အငြင်းပွားဖွယ် ဒလန်ရှင်းလင်းမှုများကြောင့် ကာကွယ်ရေးတပ်ဖွဲ့များကြား စည်းလုံးမှုပြိုကွဲခြင်းများဖြစ်ပေါ်ခဲ့ကာ တိကျပြတ်သားသည့် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများမရှိခြင်းသည် နောင်တစ်ချိန်တွင် အမိန့်ပေးကွပ်ကဲမှူစနစ်များ ပိုမိုထိခိုက်လာနိုင်သည်။

လက်နက်တပ်ဆင်ထားမှု

မြန်မာနိုင်ငံတွင် PDF အင်အား ၆ သောင်းခွဲကျော်ရှိပြီး အဆိုပါတပ်ဖွဲ့ဝင်များ၏ ၂၀ ရာခိုင်နှုန်းကိုသာ စစ်တပ်အဆင့် လက်နက်များတပ်ဆင်ထားနိုင်ပြီး အများစုက လက်လုပ်သေနတ်များ ကိုင်ဆောင်ကာ တိုက်ပွဲဝင်နေကြသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် ပုလဲဒေသရှိ အင်အားကောင်းသည့်တပ်ဖွဲ့တစ်ခုဖြစ်သည့် MRDA ကို အမျိုးသားညီညွတ်ရေးအစိုးရက ကျပ်သိန်းပေါင်းသုံးထောင်ကျော်ဖိုး လက်နက်တပ်ဆင်ပေးခဲ့သည့်တိုင် အဆိုပါတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင်မရှိပဲ သီးခြားရပ်တည်လျက်ရှိသည်။ ယင်းဖြစ်စဉ်သည် အညာဒေသတွင် လက်နက်တပ်ဆင်ရေးပိုင်းတွင် ရှုပ်ထွေးနေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။ အချို့တပ်များတွင်မူ လက်လုပ်လက်နက်များကိုသာ အဓိကားထားတိုက်ပွဲဝင်နေရသည့် တပ်များစွာရှိသည်။ အညာဒေသတွင် လက်နက် ခဲယမ်း ပေါက်ဈေး အဆမတန်မြင့်တက်လာမှုကြောင့် တစ်ချို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်တစ်လက်ရရှိရန်အသက်ပေးပြီးတက်ယူခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့ပြီး ၂၀၂၄ ဖေဖောဝါရီလ ၂ ရက်နေ့က Myingyan Black Tiger အဖွဲ့မှ ရဲဘော်တစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တစ်ဖက်ရန်သူ၏ လက်နက်ကို သွားကောက်စဉ် အသက်ပေးဆပ်ခဲ့ရသည်။ ယခုလိုဖြစ်စဉ်မျိုးသည် အညာဒေသတွင် မကြာခဏ ကြားနေရသောသတင်းဖြစ်ပြီး ဒေသတွင်း လက်နက်တပ်ဆင်ထားမှုနှင့် မျှဝေသုံးစွဲမှုတွင် ပိုမိုစနစ်ကျရန်လိုကြောင်းထောက်ပြလျက်ရှိသည်။

ဆုံးရှုံးမှုများခြင်း

တိုက်ပွဲဖြစ်ပွားနေသည့် အညာဒေသတွင် စစ်ပွဲနှင့်သက်ဆိုင်သည့် အသိပညာပေးဟောပြောပွဲများ အားနည်းခြင်း စစ်ကောင်စီ၏ထိုးစစ်ကို ခုခံနိုင်ဖို့ ကတုတ်ကျင်းများတူးဖော်မှုအားနည်းခြင်းက မလိုအပ်ပဲ ထိခိုက်ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေပါသည်။ ပုလဲဒေသတွင် စစ်ကောင်စီက အကြိမ် ၄၀ ခန့်လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ပြီးချိန်အထိ စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများ တူးဖော်ရန် ဘတ်ဂျက် တင်ထားဆဲဖြစ်သည်ဟု ဒေသခံ ပကဖ တစ်ဦးက အတည်ပြုပြောကြားသည်။ အညာဒေသတွင် လေကြောင်းရန် သတိပေးချက်အတွက် တယ်လီဂရမ်ချန်နယ်များရှိသော်လည်း အင်တာနက်လိုင်း ဖုန်းလိုင်းများဆက်သွယ်ရန် အခက်အခဲများကြောင့် အချိန်မှီတိကျသည့်သတင်းများ ပေးပို့ရန်စိန်ခေါ်ချက်တစ်ခုဖြစ်နေသည်၊ ဆန္ဒပြပွဲများနှင့် နိုင်ငံရေး လူစုလူဝေးလှုပ်ရှားမှုများတွင် ကလေးငယ်များကို ပါဝင်ရန်ခွင့်ပြုထားခြင်းက အငြင်းပွားဖွယ်ကိစ္စရပ်တစ်ခုဖြစ်နေသည်။ စာသင်ကျောင်းများပင်မကျန် ဗုံးကျဲတိုက်ခိုက်လေ့ရှိသော စစ်ကောင်စီ၏ တိုက်ခိုက်မှုကို အချိန်မရွေးခံရနိုင်သည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းကနေတိုက်ခိုက်ခဲ့မှုကြောင့် ပဇီကြီးကျေးရွာတွင် ပအဖ ရုံးဖွင့်ပွဲသို့ တက်ရောက်လာသည့် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ၁၆၈ ဦး သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

စုပေါင်းကာကွယ်မှုအာနည်းခြင်း

၂၀၂၃ ခုနှစ်အတွင်း ရွှေဘိုနယ် ဆိပ်ခွန်ရွာနှင့် အနီးဝင်းကျင်ရှိကျေးရွာများကို စစ်ကောင်စီ အင်အား ၄၀ ပါ စစ်ကြောင်း ၂ ကြောင်းက ရွာများကို ဝင်ရောက်မီးရှို့ခဲ့ရာ ဒေသခံကားကွယ်ရေးတပ်များအနေနှင့် အဝေးထိန်းဗုံးများနှင့် ဒရုန်းမျာကိုသာ အသုံးပြုတိုက်ခိုင်နိုင်ခဲ့ပြီး ရွာစဉ်မီးဝင်ရှို့နေသည့် စစ်ကောင်စီ၏ စစ်ကြောင်းကို ထိရောက်စွာ မခုခံနိုင်ခဲ့သည့်အတွက် ရွှေဘိုနယ်ထဲက ပြည်သူ ၃ သိန်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဖြစ်စဉ်များသည် ကာကွယ်ရေးတပ်ဖွဲ့များ၏ အစီအစဉ်မကျသော ကာကွယ်ရေးစနစ်များကို မီးမောင်းထိုးပြလျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်ဖွဲ့များ ၂ လကျော် ထိန်းချုပ်ခဲ့သည့် ကောလင်းမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရိလ ၁၃ ရက်နေ့တွင် ပြန်သိမ်းပိုက်လိုက်သည်။ စစ်ကောင်စီတပ်က မြို့ကိုပြန်လည်သိမ်းပိုက်ရာတွင် ကန့်ဘလူနယ်စပ် ကိုးတောင်ဘို့ နှင့် ဝန်းသိုဖက်ကနေ မြေပြင်အင်အား ၁၀၀၀ ခန့်အင်အားစုဖွဲ့ပြီး ကောလင်းမြို့ကို ဝိုင်းဝန်းပိတ်ဆို့ကာ စနစ်တကျသိမ်းယူခဲ့ခြင်းဖြစ်သည် တိုက်ပွဲတွင်းပါဝင်ခဲ့သော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ပြောကြားချက်အရ အလုံးအရင်းနှင့် ဝင်လာသော စစ်ကောင်စီတပ်များကို ခုခံနိုင်ရန် ထောက်ပို့အင်အား မရှိခြင်းနှင့် စစ်ကူမရရှိခြင်းက မြို့ကိုပြန်ပေးလိုက်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ထောက်ပြသည်။ စစ်ကောင်စီတပ်များသည် ကောလင်းမြို့ကိုသိမ်းပိုက်ရာတွင် ကန့်ဘလူနယ်ထဲက ပျူစောထီးခေါင်းဆောင် ဦးဝါသဝ၏ ပျူစောထီးခေါ် ပြည်သူ့စစ်များကို အများဆုံးအသုံးပြုပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် အညာဒေသတွင် လူမျိုးရေး ဘာသာရေးမှိုင်းများအပြင်၊ တော်လှန်အင်အားစုများ အားကောင်းသော်လည်း ဟန်ချက် ညီညီမလှုပ်ရှားနိုင်မှုနှင့် ကောင်းမွန်သောထောက်ပံ့ပို့ဆောင်ရေးစနစ်မရှိမှုတို့ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကာ ၎င်းတို့၏ စစ်ဆင်ရေးလုပ်ငန်းများ လူအနည်းငယ်ဖြင့် လုပ်ဆောင်ခဲ့သည်ဟု စစ်ရေးလေ့လာသူများကသုံးသပ်သည်။

အညာဒေသတွင် စစ်ကောင်စီကို တွန်းလှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အလုံးအရင်းရှိနေပြီး အမိန့်ပေးမှုအဆင့်ဆင့် နှင့် စုပေါင်းအင်အား အားနည်းခြင်းက စစ်ကောင်စီ၏ထိုးစစ်ကို မတားဆီးနိုင်ခြင်း၏ အဓိကသော့ချက်ဖြစ်သည်ကို ၁၀၂၇ စစ်ဆင်ရေးက မီးမောင်းထိုးပြလျက်ရှိသည်။

ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကာလ ရက်ပေါင်း ၇၀ ခန့်အတွင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ စနစ်ကျနမှု က စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တပ်များကို ဖယိုဖရဲဖြစ်စေခဲ့ကာ မြို့ပေါင်း ၁၇ မြို့နှင့် စစ်စခန်းပေါင်း ၅၀၀ ကျော်ဆုံးရှုံးခဲ့သည်၊ ဗိုလ်မှူးချုပ်အဆင့်ရှိသူများအပါအဝင် စစ်သားများနှင့် မိသားစုဝင် ၄၀၀၀ ခန့်နှင့် တပ်ရင်းလိုက် အလံဖြူထောင်ကာ အညံ့ခံခဲ့ရခြင်းသည် စစ်တပ်၏သမိုင်းတွင် မကြုံစဖူး အရှုံးနှင့်ကြုံတွေ့စေခဲ့သည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၏ အနောက်ခြမ်း ရခိုင်ဒေသတွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှာစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားလာကာ ယနေ့အချိန်အထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၂၀၀ ကျော်နဲ့ ပလက်ဝ ကျောက်တော်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ ရမ်းဗြဲကျွန်းနှင့် စတဲ့ မြို့ ၇ မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရကာ အဖက်ဖက်တွင် ဖိအားတွေနဲ့ရင်ဆိုင်နေရသည်။

တိုင်းရင်းသားဒေသများတွင် ၁၀၂၇ စစ်ဆင်ရေးမှစ၍ ယနေ့အချိန်အထိ စစ်ဆင်ရေးများ၏ အောင်မြင်မှုကိုကြည့်မည်ဆိုလျင် စစ်ကောင်စီစခန်းတွေကို အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်မှု၏သော့ချက်သည် မတူညီသောတိုင်းရင်းသားတပ်ဖွဲ့ များအကြားတွင် တူညီသောရည်မှန်းချက်အတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်နိုင်ရန်အတွက် စံသတ်မှတ်ထားသည့် လေ့ကျင့်ရေးစနစ်ရှိခြင်း အမိန့်ပေးစနစ် တိကျသေချာမှုရှိခြင်း၊ စစ်ဆင်ရေး အမိန့်သည် တစ်နေရာထဲမှလာသည့် ကြိုးနီပုံစံမဟုတ်ပဲ အမိန့်ပေးခေါင်းဆောင်များအတွက် စစ်နယ်ဝန်းအတိအကျသတ်မှတ်ထားခြင်း၊ ကောင်းမွန်သော တပ်ရွှေ့ပြောင်းရေးစနစ်နှင့် အရေးအကြီးဆုံးအချက်မှာ တပ်သားများ၏ ဝါဒရေးရာ ခိုင်မာအားကောင်းခြင်း သို့မဟုတ် တိုက်ပွဲဝင်စည်းရုံးရေးစနစ်ကောင်းမွန်ခြင်းတို့သည် အောင်ပွဲကိုရရှိစေခြင်း၏သောချက်ဖြစ်သည်ဟု ၁၀၂၇ စစ်ဆင်ရေးအား အနီးကပ်စောင့်ကြည့်လေ့လာနေသည့် CDM အရာရှိတစ်ဦးကသုံးသပ်သည်။

အင်အားချိနဲ့လာသည့် စစ်ကောင်စီအနေဖြင့် စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအရ ဆုံးရှုံးနိုင်ခြေများသည့်နေရာများကို ကာကွယ်ရန်အတွက် တိုင်းရင်းသားဒေသတော်တော်များများကို လက်လွှတ်ရန်ဆုံးဖြတ်လိုက်ကာ ၎င်းတို့အသာစီးရရှိနိုင်မည်ဟု ယူဆသော NUG နှင့် PDF ကို ရန်သူအဖြစ်ရွေးချယ်ကာ အဓိကတိုက်ခိုက်ရန်ရည်ရွယ်ချက်ရှိနေပြီး ကောလင်းကို အင်အား အလုံးအရင်းသုံးက တိုက်ခိုက်သိမ်းယူခြင်းက သက်သေပြနေသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF အားကောင်းသည့် အညာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လာခြင်းဖြစ်သည်။ တိုင်းရင်းသားဒေသများတွင်မူ တရုတ်အစိုးရ၏ အကြိုးစီးပွားကိုအခြေပြုကာ နိုင်ငံရေးအရ အပေးအယူလုပ်ဆောင်ရန် ကြိုးပန်းလာကာ စစ်ကောင်စီသည်၎င်းတို့၏ ပြန့်ကျဲနေသည့် တပ်ဖွဲ့မျာကိုပြန်လည့်စုဖွဲ့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ မကြာမီရောက်ရှိလာနိုင်သည့် စစ်ကောင်စီ၏ထိုးစစ်အတွက် အညာသူအညာသားများအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို အတုယူကာ စုဖွဲ့မှု အမိန့်ပေးစနစ်တိကျမှု စည်းကမ်းလိုက်နာမှုနှင့် စည်းရုံးရေးစနစ်ကောင်းမွန်မှုရှိစေရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီး အမျိုးသာညီညွတ်ရေးအစိုရကိုယ်တိုင်အနေနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြားတွင် ယခင်ထက်ပိုသည့် ခိုင်မာသည့်ဆက်ဆံရေးတည်ဆောက်ပြီး အညာတော်လှန်ရေးခရီးရှည်ကို အဆုံးသတ်ရန်လိုပေးသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဆီဆိုင်တိုက်ပွဲနဲ့ ပအိုဝ်းပြည်နယ်ပေါ်ပေါက်ရေးအရွေ့

စစ်အာဏာရှင်တော်လှန်ရေး အရှိန်အဟုန်မြင့် အားကောင်းလာတာနဲ့အမျှ တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး မျှော်မှန်းချက်တွေဟာလည်း အားကောင်းလာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

CCP ညံ့ဖျင်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း ကပ်ဆိုက်မှုက တရုတ်စီးပွားရေးကျဆင်းမှုကို ပိုနာတာရှည်စေမယ်

တရုတ် အိမ်ခြံမြေလုပ်ငန်းကဏ္ဍ ကပ်ဆိုက်နေမှုဟာ အခုအထိ ထိန်းချုပ်နိုင်မှုမရှိတဲ့ အနေအထားမှာ ဆက်ရှိနေတုန်းပါပဲ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now