ဆောင်းပါး

ရှီကျင်းဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဇာတ်သွင်းခြင်းအစ

မဲခေါင် 19 Jul - 2023
လင်းမောင် တရုတ်သမ္မတရှီကျင်းဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုမှု(Global Cultural Proposal )ကို တရုတ်နိုင်ငံက စတင်အသက်သွင်းနေခဲ့ပါပြီ။

လင်းမောင်

တရုတ်သမ္မတရှီကျင်းဖျင်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုမှု(Global Cultural Proposal )ကို တရုတ်နိုင်ငံက စတင်အသက်သွင်းနေခဲ့ပါပြီ။

ဒီ Vision ရဲ့ ပထမဆုံးပစ်မှတ်အဖြစ် မြန်မာနိုင်ငံကို သတ်မှတ် လုပ်ဆောင်နေခဲ့တယ်။ မြန်မာနိုင်ငံဟာ အမြဲလိုတည်ငြိမ်အေးချမ်းမှုမရှိခြင်းက ရှီကျင်းဖျင်ရဲ့ ဆန္ဒပြည့်၀စေဖို့ သော့ချက်လည်းဖြစ်တယ်။ ပြီးတော့ ဒီလိုဖြစ်နေစေဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ကူညီပေးနိုင်မယ်လို့လည်း ယုံကြည်ထားတယ်။ တရုတ်ယဉ်ကျေးမှုဇာတ်တွေကို သွပ်သွင်းနိုင်ရေး စိတ်ဝင်စားမှုရဖို့ တရုတ်-မြန်မာ (Sino-Myanmar) ဆက်ဆံရေးကို အကြောင်းပြုတယ်။ မကြာသေးခင်က ရန်ကုန်မှာရှိတဲ့ တရုတ်ယဉ်ကျေးမှုစင်တာမှာ ရှီကျင်းဖျင်ရဲ့ Global Cultural Proposal ကို စတင်တဲ့ ဆွေးနွေးဖလှယ်ပွဲတစ်ရပ် ကျင်းပတယ်။ နယ်ပယ်ပေါင်းစုံက နာမည်ကြီးတွေ၊ ဩဇာရှိသူတွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲလုပ်ခဲ့တာပါ။ ဒါပေမဲ့ အားလုံးက သူတို့ စီစဉ်ပြီးသား၊ ရေးဆွဲထားပြီးသား လိုလားချက်တွေချည်းပါပဲ။

တရုတ်သံရုံးကိုယ်စားပြု ပန်ဖန်း က ဦးဆောင်သူအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး သူတို့ရဲ့ယဉ်ကျေးမှုသွပ်သွင်းခြင်း ရည်မှန်းချက်ရဲ့ အားသာချက်တွေကို စည်းရုံး ပြောကြားခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဟန်မင်းဆက်လက်ထက် တရုတ်ကနေ အရှေ့အလယ်ပိုင်းကတစ်ဆင့် ဥရောပအထိ ဖောက်လုပ်ကုန်သွယ်တဲ့ ပိုးလမ်းမကြီးကို နမူနာပြုပြီး ၂၀၁၃ မှာ ရှီကျင်းဖျင်က Belt and Road Initiative (BRI) ခါးပတ်လမ်းမကြီး စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့တယ်။ အာရှ၊ အာဖရိကနဲ့ ဥရောပ ဆက်သွယ်မယ့် လမ်းမကြီးဖောက်ဖို့ စီမံကိန်းကြီးပါ။ ဒီစီမံကိန်းအောင်မြင်ဖို့ နည်းမျိုးစုံသုံးရာမှာ သက်ဆိုင်ရာ နိုင်ငံတွေအပေါ် ကြွေးမြီထောင်ချောက်ဆင်မှု၊ အမြတ်ထုတ်နည်းဗျူဟာတွေ အကုန်ချမှတ်လုပ်ဆောင်ခဲ့တယ်။ ဒီစီမံကိန်းက မအောင်မြင်တဲ့အနေအထားရောက်နေမှန်းသိကြတဲ့အတွက် နောက်ထပ်ဗျူဟာသစ်အဖြစ် Global Cultural Proposal ကို ထပ်ပြီးအသက်သွင်းတာပဲ ဖြစ်ပါတယ်။

BRI စီမံကိန်းကရင်းနှီးလုပ်ဆောင်ထားပြီးသားတွေကို အကာအကွယ်ပေးဖို့အတွက်လည်း ဒီစံမံကိန်းရည်မှန်းချက်မှာ ထည့်သွင်းရေးဆွဲထားတယ်။ တိဘက် ဆူပူမှုကို အောင်မြင်အောင် စီမံနိုင်ခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာကို ဒီပုံစံနဲ့ စိုးမိုးဖို့ကတော့ မဖြစ်နိုင်မှန်းသိလို့ ယဉ်ကျေးမှု သွပ်သွင်းခြင်းဗျူဟာကို ထပ်ခင်းကျင်းလာတာလည်းဖြစ်တယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့မြန်မာနိုင်ငံဟာ တရုတ် အတွက် ဒီစီမံကိန်းစဖို့ ပစ်မှတ်ကောင်းပဲ။ ဒီလိုအောင်မြင်ဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ဖိအားပေးနိုင်မှ လက်ခံမယ်ဆိုတာလည်း သဘောပေါက်ထားကြတယ်။ မြန်မာနိုင်ငံ ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ နာမည်ဆိုးနဲ့ နာမည်ကြီးတဲ့နိုင်ငံ။ သဘောထားကွဲလွဲမှုတွေ ပြည့်နှက်နေတဲ့နိုင်ငံ၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ယဉ်ကျေးမှုကို ဖျက်ဆီးဖို့၊ ပျက်သုဉ်းသွားဖို့ အရင်လုပ်ပြီးမှ သူတို့ သဘောအတိုင်းချယ်လှယ်နိုင်မယ့် ယဉ်ကျေးမှု တစ်ရပ်ကို သွပ်သွင်းဖို့ စီစဉ်နေခဲ့တာပဲဖြစ်တယ်။

ကမ္ဘာအနှံ့ သူတို့ယဉ်ကျေးမှုဇာတ်သွင်းဖို့ တရားလိုက်ဟောနေလည်း အောင်မြင်စရာမရှိတာကို တရုတ်တို့ သိထားတယ်။ တိဘက်နဲ့ အိုက်ဂျာ (Uyghurs) တွေကို ဒီလိုယဉ်ကျေးမှုဇာတ်သွင်းခဲ့မှုမှာ ဘယ်တုန်းကများ ကိုယ့်ဝိသေသနဲ့ ယုံကြည်မှုကို ထုတ်ဖော်ခွင့်ပေးခဲ့လို့လဲ။ တိဘက်နဲ့ အိုက်ဂျာတွေကို ယဉ်ကျေးမှုဇာတ်သွင်းခြင်းကလည်း Global Cultural Proposal ထဲက တစ်စိတ်တစ်ဒေသပဲ။

ဒါကြောင့် တရုတ်ဟာ ဒေသအသီးသီးက ချွတ်ယွင်းချက်၊ အားနည်းချက်တွေကို ဖြစ်တည်စေပြီး ဒီအားနည်းချက်တွေကို အသုံးချလို့ ယဉ်ကျေးမှုဇာတ်သွင်းတာပဲ။ ဒီပုံစံနဲ့ မြန်မာပြည်မြောက်ပိုင်းကို ဝင်ရောက်ဖျက်ဆီးနေခဲ့ပြီး ဖြစ်ပါတယ်။ ယဉ်ကျေးမှုဖလှယ်ရေး၊ ကျောင်းသားစကော်လာပေးမှု အစီအစဉ်တွေကလည်း မရှိဆင်းရဲသား လူတန်းစားတွေကို စည်းရုံးသိမ်းသွင်းဖို့ ထိရောက်တဲ့ အစီအစဉ်တွေဖြစ်ခဲ့တယ်။ ဒါတွေက မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အဓိကအကြောင်းတရားတွေပါပဲ။ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဇာတ်သွင်းခြင်း အဆိုပြုမှု ဆိုတာကလည်း ပုလင်းသစ်ထဲက ဝိုင် အဟောင်းမျှသာ ဖြစ်ပါတော့တယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now