ဆောင်းပါး

မြန်မာနိုင်ငံအတွင်းက ဆိုက်ဘာကျွန်လုပ်ငန်းများ

မဲခေါင် 24 Aug - 2023
တရုတ်အစိုးရအတွက် စိုးရိမ်ပူပန်ရမှုအသစ်ကတော့ နိုင်ငံအတွင်းက ၁၄ နှစ်၊ ၁၅ နှစ်အရွယ်အထိ ငယ်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်းမှာ ဆိုက်ဘာကျွန်အဖြစ် နယ်စပ်ဖြတ်ကျော်လူမှောင်ခိုကူးနေတဲ့ ရာဇဝတ်မှုတွေပဲဖြစ်ပါတယ်။

လင်းမောင်

တရုတ်အစိုးရအတွက် စိုးရိမ်ပူပန်ရမှုအသစ်ကတော့ နိုင်ငံအတွင်းက ၁၄ နှစ်၊ ၁၅ နှစ်အရွယ်အထိ ငယ်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်းမှာ ဆိုက်ဘာကျွန်အဖြစ် နယ်စပ်ဖြတ်ကျော်လူမှောင်ခိုကူးနေတဲ့ ရာဇဝတ်မှုတွေပဲဖြစ်ပါတယ်။ တရုတ်လူငယ်တစ်ယောက် လူမှောင်ခိုကူးခံရ ဒါမှမဟုတ် မြန်မာနိုင်ငံဘက်ကို ရောင်းစားခံရတယ်ဆိုရင် ပြန်လွှတ်ပေးဖို့က ယွမ် ၃၀၀၀၀၀ အထိ ပြန်ပေးငွေတောင်းကြတယ်။ ဒီလူမှောင်ခိုလုပ် ငန်းတွေအတွက် တရုတ်နိုင်ငံအတွင်းမှာ အေးဂျင့်တွေရှိတယ်။ တခြားသော ဒေသအသီးသီးက ပစ်မှတ်တွေကို ဒီလူတွေက အဓိကထားရှာဖွေပြီး မေ့ဆေးတွေ၊ တို့ဆေးတွေသုံးပြီး မြန်မာနိုင်ငံဘက်ကို လူမှောင်ခိုပို့ကြတယ်။

တရုတ်နိုင်ငံအတွင်းက လူမှောင်ခိုဂိုဏ်းသားတွေဟာ မြန်မာနိုင်ငံထဲမှာ အခြေချထားပြီးသား တရုတ်နိုင်ငံသား ဒုစရိုက်ဂိုဏ်းသားတွေနဲ့ ဆက်သွယ်အလုပ်လုပ်ကြတယ်။ မြန်မာနိုင်ငံအတွင်းက ဆိုက်ဘာလိမ်လည်မှုလုပ်တဲ့ တရုတ်တွေက မြန်မာစစ်တပ်မွေးထားတဲ့ နယ်ခြားစောင့်တပ် (BGF) တွေနဲ့ပူးပေါင်းပြီး လူကုန်ကူးမှုလုပ်ငန်းစဉ် တွေကို အကာအကွယ်အပြည့်ရယူလုပ်ဆောင်ကြတယ်။

မြန်မာနိုင်ငံအတွင်းက ဒီလို ဆိုက်ဘာကျွန်လုပ်ငန်းနဲ့ပတ်သက်တဲ့ ဒုစရိုက်မှုတိုင်ကြားသိရှိမှုအရ တရုတ်အစိုးရထံ ၂၀၂၂ ခုနှစ်အတွင်း အမှုပေါင်း ၅၀၀၀၀၀ အထိ ရှိခဲ့တယ်။ ဒါကြောင့် တရုတ်အစိုးရဟာ ၂၀၂၂ ခုနှစ် ပထမ ၄ လပတ်အတွင်းမှာပဲ ဆိုက်ဘာလိမ်လည်မှု ဝက်ဘ်ဆိုက်ပေါင်း ၈၀၀၀၀၀ ကိုပိတ်ခဲ့ပြီး ဖမ်း၀ရမ်းပေါင်း ၁၁၀၀၀ ထုတ်ခဲ့တယ်။ ဒီလုပ်ဆောင်ချက်တွေရှိပေမယ့်လည်း မြန်မာအခြေစိုက် ဆိုက်ဘာလိမ်လည်မှုနဲ့ လူမှောင်ခိုမှုလုပ် ငန်းအရှိန်အဟုတ်ဟာ ကျဆင်းသွားခြင်းမရှိပါဘူး။

၂၀၂၃ မေလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းမြန်မာနိုင်ငံကိုလာရောက်လို့ စစ်ကောင်စီ ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွင်းက တရုတ်ဒုစရိုက်ခေါင်းဆောင်တွေကြီးစိုးထားတဲ့ ဒီလို ဆိုက်ဘာ လိမ်လည်မှုအဆောက်အအုံကြီးကို အမြစ်ဖြတ်ချေမှုန်းပေးပါဆိုတဲ့ တောင်းဆိုချက်ကို အဓိကထားတောင်းဆိုခဲ့ တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချင်းဂန်း မြန်မာနိုင်ငံသွားအပြီး မြန်မာနိုင်ငံအတွင်းက လူမှောင်ခိုမှုနဲ့ ဆိုက်ဘာလိမ်လည်မှုဒုစရိုက်လုပ်ငန်းကြီးဟာ တရုတ်နိုင်ငံသားတွေကို များစွာထိခိုက်သက်ရောက်နေစေတယ်လို့ ထုတ်ပြန်ခဲ့တယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းက ဒီအရေးအတွက် စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူဦးရေဝန်ကြီးဌာနဝန်ကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ မြန်မာနိုင်ငံကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးတန်းအရာရှိတွေ လာရောက်တဲ့ ကိစ္စကလည်း ဒီကိစ္စပဲဖြစ်ပေမယ့် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးယန်ယန်နဲ့ကိုယ်စားလှယ်တွေလာခြင်းဟာ နှစ်နိုင်ငံစစ်တပ်အကြား ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကိုတိုးမြှင့်ဖို့လာရောက်ခြင်းဖြစ်တယ်လို့သာ စစ်ကောင်စီဘက် က ထုတ်ပြန်သွားတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ ယန်ယန်ဟာ အလားတူပြဿနာရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံကိုလည်း သွားရောက်ပြီး အွန်လိုင်းလိမ်လည်မှု Scamming Operations တွေဟာ ပိုမိုကြီးထွားကျယ်ပြန့်သထက်ကျယ်ပြန့်လာတာကို တားဆီးနိုင်ဖို့ သွားရောက်ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက တရုတ်သံရုံးဟာ ဇွန် ၁၉ ရက်မှာ ဒီလို ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ တရုတ်ရာဇဝတ်သား ၆ ယောက်ကို မြန်မာစစ်ကောင်စီက ဖမ်းဆီးပြီး လွှဲပေးခဲ့ကြောင်း ထုတ်ပြန်တာလည်း ရှိတယ်။ ဒီစီမံကိန်းဟာ တရုတ်- မြန်မာ – ထိုင်း ၃ နိုင်ငံ ပူးပေါင်း စစ်ဆင်ရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် လုပ်ပြတာမျိုးပါ။

တရုတ်ပြည်တွင်းက ရဲတပ်ဖွဲ့အသီးသီးကလည်း ဒီဆိုက်ဘာရာဇဝတ်လုပ်ငန်းကြီးနဲ့ပတ်သက်လို့ လှုံဆော်လှုပ်ရှား မှုတွေ အသီးသီးလုပ်နေကြတယ်။ မြန်မာနိုင်ငံအတွင်းအခြေစိုက်ထားတဲ့ ဒုစရိုက်သမားတွေကို ဖမ်း၀ရမ်းထုတ်ပြီး ဖမ်းဆီးအရေးယူနိုင်ဖို့ မြန်မာနိုင်ငံအတွင်းပါဝင်ရောက် စိုးမိုးမှုတွေ လုပ်လာနေပြီဖြစ်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်အနီးက ရွှေကုက္ကိုလ်ယာတိုင်းမြို့သစ်စီမံကိန်းဆိုပြီး ဒီမြို့သစ်မှာ ဆိုက်ဘာလိမ်လည်မှု၊ ဆိုက်ဘာကျွန် လူကုန်ကူးမှုတွေအများအပြားလုပ်နေတာကို တရုတ်ဘက်ကရော မြန်မာစစ်ကောင်စီဘက်ကပါ သိထားပြီးသား ပါ။ ဒီမြို့သစ်ထူထောင်ထားတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်က တရုတ်ရဲ့ ခါးပတ်လမ်းမကြီး စီမံကိန်း တစ်စိတ်တစ်ဒေသအနေနဲ့ မြို့သစ်တည်ထားတာလို့ အကြောင်းပြပေမယ့် တရုတ်အစိုးရနဲ့ လုံး၀မပတ်သက်ဘဲ ဆိုက်ဘာလိမ်လည်မှုဌာနချုပ်ကြီးအဖြစ်သာ ထူထောင်အလုပ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ဒီခေါင်းဆောင်ကို ထိုင်း အစိုးရက ဖမ်းထားပေမယ့် ကမ္ဘောဒီးယားနိုင်ငံသားကတ် ကိုင်ဆောင်ထားလို့ ခုထိ တရုတ်လက်ထဲ လွှဲလို့မရသေး ဘဲရှိနေပါတယ်။ NLD အစိုးရလက်ထက်က ရွှေကုက္ကိုလ် ဒုစရိုက်မြို့တော်ကို ၂၀၂၀ ဒီဇင်ဘာမှာ စီမံကိန်းရပ်ဆိုင်း ပိတ်သိမ်းခိုင်းခဲ့တယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဒီဒုစရိုက်မြို့တော်ကြီးဟာ ပြန်အသက်ဝင်လာ ပြီး အရင်ကထက်ပိုမိုကျယ်ပြန့်တဲ့ ဒုစရိုက်လုပ်ငန်းပေါင်းစုံကို လုပ်လာပါတော့တယ်။ တရုတ်အစိုးရရဲ့ ဖိအားပေး တောင်းဆိုမှုကြောင့် ၂၀၂၃ ဇွန်လဆန်းပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ်ကို ထိုင်းကပေးထားတဲ့ လျှပ်စစ်မီး ဖြတ် တောက်လိုက်ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သူတို့မွေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF ) ကိုယ်တိုင်က အာခံပြီး လက်မခံခဲ့ပါဘူး။ မီးဖြတ်ရင် ထိုင်းနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို ထိခိုက်သွားစေမယ်ဆိုပြီး ပြန်ခြိမ်းခြောက်ခဲ့ ကြတယ်။ ဒါပေမဲ့ မီးဖြတ်လိုက်ပြီးနောက်မှာလည်း BGF တွေဟာ သူတို့ဝင်ငွေအရင်းအမြစ်ကြီးဖြစ်တဲ့ တရုတ် ရွှေကုက္ကိုလ်ဒုစရိုက်မြို့တော် လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်စေဖို့ ထိုင်းဘက်က ဂျန်နရေတာကြီးတွေ၊ မီးစက်ကြီးတွေ ဝယ်ယူတပ်ဆင်ပြီး ဟန်မပြတ်ဆက်လက် လုပ်ငန်းလည်ပတ်နေကြတာပါပဲ။ မြန်မာစစ်ကောင်စီ ဟာ EAOs ၃ ဖွဲ့နဲ့ပေါင်းပြီး ရွှေကုက္ကိုလ်ဒုစရိုက်လုပ်ငန်းခြေမှုန်းရေးစီမံကိန်းဆိုပြီး ဟန်ပြအဖြစ်လုပ်ပြပေမယ့် ထိုင်းကမီးဖြတ်လိုက်ခြင်းမှာ ဒီနယ်ခြားစောင့်တပ်ဘက်က ကျေနပ်စေဖို့ ဒေါ်လာ ၁၅၀၀၀၀ ကျော်ဖိုး လက်ဆောင်ပေး ခဲ့တယ်လို့ အတွင်းသတင်းတွေ ပေါက်ကြားခဲ့တယ်။

တရုတ်ဘက်က ပိုမိုပြင်းထန်ထိရောက်တဲ့ ခြေမှုန်းရေးဖြစ်စဉ်ကို အလိုရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ BGF ကိုတောင် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆိုက်ဘာလိမ်လည်မှုဇုန်တွေဟာ မြန်မာနိုင်ငံ တခြားနေရာတွေအထိပါ ထပ်ပြီး ကျယ်ပြန့်တည်ရှိလာပါတော့တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တာချီလိတ်မှာလည်း BGF အားကိုးနဲ့ တရုတ် ဒုစရိုက်ဂိုဏ်းကြီးတွေဟာ ရွှေကုက္ကိုလ်လို ဆိုက်ဘာမှုခင်းတွေကျူးလွန်တဲ့ ဇုန်တွေကို တည်ထောင်လာ ကြပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ဒီဒုစရိုက်ဂိုဏ်းတွေကလည်း လက်နက်ကိုင်လာကြတဲ့အနေအထားနဲ့ ပိုမိုကျယ်ပြန့်တည်ရှိလာရာမှာ စစ်ကောင်စီရဲ့ တချို့သော တပ်တွေ လည်း ပါဝင်အကျိုးရှာနေတာတွေရှိတော့ ဒီဆိုက်ဘာဒုစရိုက်လုပ်ငန်းတွေကို စစ်ကောင်စီက အင်အားအပြည့်သုံး ပြီး နှိမ်နင်းတာမျိုးလုပ်ဖို့ကလည်း မမြင်နိုင်သေးပါဘူး။

#MeKongNews

#တရုတ်

#လူမှောင်ခို

#ဆိုက်ဘာဒုစရိုက်လုပ်ငန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

အထူးဒေသ(၄)မိုင်းလားနဲ့ စစ်ကောင်စီရဲ့ တရုတ်သွင်းကုန်/ပို့ကုန် လွန်ဆွဲပွဲ

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်နဲ့ စစ်ဆင်ရေးပြီးအခြေအနေတွေကြောင့် တရုတ်နဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်နေတာကြောင့် တရုတ်နဲ့သွင်းကုန်/ထုတ်ကုန်တွေကို ရှမ်းအရှေ့ အထူးဒေသ(၄)မိုင်းလားကနေတဆင့် ကုန်သွယ်နေရတာပါ။
ဆောင်းပါး

China Strengthens Its Repression of Press Freedom

On May 3, the globe observed globe Press Freedom Day. However, alarming

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Thailand sales decline, but Chinese EV manufacturers keep up their pricing fight

Chinese manufacturers are struggling to carve out a niche for themselves in Thailand's Electric Vehicle (EV) industry due to fierce

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စဝ်ခွန်ဆိုင်၊ SSPP/SSA၊ ရှမ်းလူထုနဲ့ ပကတိလားရာ

လွန်ခဲ့တဲ့ နှစ်နှစ်က ကျင်းပတဲ့ ရှမ်းပြည်တပ်မတော်နေ့ အခမ်းအနား တခုမှာ SSPP/SSA ဝါရင့် နာယကကြီး ဗိုလ်ချုပ်ကြီး ဆေထင်က အခုလိုပြောဖူးတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြပါတော့မယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ စည်ကားခဲ့တဲ့ ကုန်တိုက်ကြီးတွေဟာ အခုတော့ ဆိတ်ကွယ်ရာအရပ်ကြီးတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now