ဆောင်းပါး

တောင်အာရှမှာ နှစ်ဖက်ချွန်မူဝါဒ ကျင့်သုံးနေတဲ့ တရုတ်

မဲခေါင် 16 Feb - 2024
အရင်ကတော့ စစ်အာဏာရှင်တွေနဲ့ အာဏာသိမ်းမှုတွေက သူတို့အတွက် အပြုသဘောဆောင်တဲ့ ရလဒ်တချို့ကို ရနိုင်ခဲ့ပါတယ်။

လင်းမောင်

အရင်ကတော့ စစ်အာဏာရှင်တွေနဲ့ အာဏာသိမ်းမှုတွေက သူတို့အတွက် အပြုသဘောဆောင်တဲ့ ရလဒ်တချို့ကို ရနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ မကြုံဖူးတဲ့ အတွေ့အကြုံ တွေအဖြစ် ဆိုးရွားလှတဲ့ ကပ်ဆိုးဆိုက်ကပ်မှုကို ဖြစ်ပွားသွားစေတော့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့အလိုတူ သွေးဆာနေတဲ့ ခရိုနီတွေဟာ မြန်မာပြည်သူတွေကို ရက်စက် ရိုင်းစိုင်း နှိမ့်ကွပ် မောဟဖုံးပြီး ထိန်းချုပ် ဖို့ အစွမ်းကုန်ကြိုးစားကြပါတယ်။

ဒါပေမဲ့လည်း ဗုဒ္ဓဘာသာဝင်အများဆုံးကြီးစိုးတဲ့ စစ်ကောင်စီအစိုးရကို တိုင်းရင်းသားလက်နက်ကိုင်တွေရယ်၊ အာဏာသိမ်းမှုမလိုလားလို့ လက်နက်ကိုင်တိုက်ပွဲဝင်လာကြတဲ့ PDF တွေက တန်ပြန်တိုက်ခိုက်မှုပေါင်းများစွာနဲ့ အထိပြန်နာစေခဲ့ပါတယ်။ အောက်တိုဘာလကစလို့ မြန်မာနိုင်ငံအတွင်းက နယ်မြေများစွာကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေ၊ ထွက်ပြေးရတဲ့ စစ်ကောင်စီ တပ်သား တွေ အများအပြား နေ့စဉ်ရက်ဆက်ဆိုသလို ရှိလာတယ်။

ဒီအရှုံးတွေကြောင့် မြန်မာစစ်တပ်ရဲ့ ယုံကြည်မှုကလည်း တွင်းဆုံးကျအောင် နိမ့်ကျသွားရပါပြီ။ အောက်ခြေစစ် သားတွေကိုယ်တိုင်က သူတို့ခေါင်းဆောင်စစ်ဗိုလ်ချုပ်တွေအပေါ် ပွင့်ပွင့်လင်းလင်း ပြန်လည်ဝေဖန်မှုတွေ လုပ်ရဲ လာကြတယ်။ ဒါလည်း စစ်ဗိုလ်ချုပ်တွေက အလျော့မပေးသေးဘူး။ အနောက်နိုင်ငံတွေရဲ့ ထပ်မံပိတ်ဆို့အရေးယူ မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် ခံလာရတဲ့ကြားက တိုင်းပြည်ကို အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးကြေညာ ပြီး အာဏာစွန့်လွှတ်ဖို့ ငြင်းဆန်နေတုန်းပါပဲ။ မကြာသေးခင်က အစီရင်ခံစာပေါင်းများစွာမှာလည်း စစ်ကောင်စီ ဟာ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ပြီး နေရာမခွဲခြားဘဲ ပြည်သူများစွာကို လေကြောင်းဗုံးကျဲတိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း သက်သေတွေ ကမ္ဘာကို တက်လာခဲ့တယ်။

ကုလသမဂဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီကြောင့် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရ သူပေါင်း ၂ . ၆ သန်းရှိကြောင်း၊ ဒါဟာ နိုင်ငံတစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ပုံ ၂ ပုံရှိကြောင်း၊ လူသားအသက်ပေါင်း ၄၅၀၀ ကျော်သေဆုံးခဲ့ရကြောင်း၊ အကျဉ်းသားပေါင်း ၂၀၀၀၀ ကျော် ဖမ်းခံထားရကြောင်း၊ နိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံရှိတဲ့ ၁၉ . ၆ သန်းသော ပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေကြပြီ ဖြစ်ကြောင်း၊ ဒီပမာဏဟာ ၂၀၂၀ ကနဲ့ယှဉ်ရင် ၁၉ ဆ တိုးမြင့်လာတာဖြစ်ကြောင်း၊ ဒီစာရင်းထဲမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်လို့ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေ မပါသေးကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အခြေခံ စံနှုန်းတွေကိုတောင် လုံး၀မလိုက်နာတဲ့ အကြောင်း ကမ္ဘာ့ အသိုင်းအဝိုင်းကြီးက သိရှိမြင်တွေ့ကြပါတယ်။ ဒါပေမဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတွေ ဟာ မြန်မာ့အရေးအပေါ် ဝေဖန်ရှုတ်ချမှုလောက်ကလွဲပြီး ထိရောက်တဲ့ ဩဇာသက်ရောက်မှု မပြုနိုင်သလို သူတို့ရဲ့ ပါဝင်ပတ်သတ်မှုကလည်း အကန့်အသတ်တွေကြားမှာ ရှိလို့ ဘာမှ ထူးခြားမလာဘူး။ အာဆီယံ လုပ်ရပ် တွေကလည်း ရှက်ဖို့သာကောင်းပြီး တချို့နိုင်ငံတွေဟာ စစ်ကောင်စီနဲ့တောင် အတူရပ်တည်မှုတွေ လုပ်နေကြတယ်။

ဒီအခြေအနေမှာ ဩဇာသက်ရောက်မှုရေချိန်ကို အမြင့်ဆုံးရဖို့ အိမ်နီးချင်းတရုတ်နိုင်ငံက လုပ်လာတဲ့ မူဘောင် တွေဟာ ကြိုခန့်မှန်းနိုင်တဲ့အတိုင်းပဲ ဖြစ်တည်လာတယ်။ တရုတ်ဟာ ကိုယ်ကျိုးစီးပွားသာကြည့်တဲ့ မူဝါဒကို နောက်ကွယ်မှာ မြဲမြဲကိုင်စွဲထားတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ ဥပဒေအဆင့်မရောက်ခင် သူတို့အကျိုး စီးပွားဖြစ်ရေးအတွက်ကိုပဲ ရှေးရှုတယ်။ သူတို့ရဲ့ လမ်းစဉ်က နှစ်ဖက်ချွန်ပဲ။ မြန်မာစစ်ကောင်စီကို လက်နက် တွေအဓိက ရောင်းချတဲ့ နိုင်ငံဖြစ်သလို အတိုက်အခံ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း လက်နက် ရောင်းချတာတွေ၊ နောက်ကွယ်က ထောက်ပံ့ကြိုးကိုင်တာတွေ လုပ်တယ်။ သူတို့ရဲ့ နောက်ဆုံးသော ရည်မှန်းချက် က မဟာဗျူဟာ စီမံကိန်းကြီးဖြစ်တဲ့ ခါးပတ်လမ်းအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို ဘေးကင်းလုံခြုံ အောင်မြင်စေဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေမကြီးထွားလာဖို့နဲ့ စစ်ဒဏ်သင့်ခံရမှုကနေ ရှောင်ကွင်းနိုင်ဖို့ပဲ ကြည့်တယ်။

တရုတ်သမ္မတရှီကျင်းဖျင်ဟာ မကြာခဏဆိုသလို အမေရိကန်နဲ့ အနောက်အင်အားစုတွေဟာ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ကြဖို့ ပြောဆိုနေခဲ့တယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြည်ပက ဝင်ရောက်မစွက်ဖက်ဖို့ ပြောပေမယ့် တကယ်တမ်းသူတို့ကသာ မြန်မာစစ်ကောင်စီကို အဓိက လက်နက်တင်ပို့ရောင်းချတဲ့ မဟာမိတ်တွေအဖြစ် စွက်ဖက်မှုသာမက လွှမ်းမိုးချုပ်ကိုင်မှုကိုပါ ပြိုင်ဘက် ကင်းရယူထားကြသူတွေပါ။ ကိုယ်ကျိုးစီးပွား အမြတ်အစွန်းအမြင့်ဆုံးရဖို့သာ အဓိက မူဝါဒထားတဲ့ တရုတ်ဟာ ဒေသတွင်းမှာသာမက တစ်ကမ္ဘာလုံးအတိုင်းအတာမှာပါ စီးပွားရေးဘီလူးကြီးအဖြစ် အားလုံးကို ကြီးစိုးဖို့ ရည်ရွယ်ချက်အတိုင်း ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်ရင်လည်း တရုတ်ရဲ့ ရပ်တည်ချက်က ဒီလိုပဲ။ တရုတ်ဟာ မြောက်ကိုရီးယား အတွက် အကြီးမားဆုံး စားသောက်ကုန် တင်သွင်းရာနိုင်ငံဖြစ်တယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ ပါတနာ ဖြစ်တယ်။ အရေးပါတဲ့ သံတမန်နဲ့ နိုင်ငံရေးဆိုင်ရာ မဟာမိတ်ဖြစ်တယ်။ ကင်ဂျုံအန်ကလည်း တရုတ်သည်သာ သူ့ရဲ့ အရေးအပါဆုံး ကုန်သွယ်မှု မဟာမိတ်အဖြစ် သတ်မှတ်ထားရတယ်။ သူတို့မရှိတော့ရင် မြောက်ကိုရီးယား မှာ အာဏာရှင် ကင် မိသားစု အုပ်စိုးတဲ့ခေတ် ပျက်သုဉ်းသွားရအောင်ကို တရုတ်ကလွှမ်းမိုးထားတယ်။ ဒါကြောင့် ရှီကျင်းဖျင်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်၊ နျူကလီးယားလက်နက်တွေ စမ်းသပ်အဆင့်မြှင့်ထုတ်လုပ်နေမှုကို ရပ်တည်ပေးခြင်းနဲ့ အကွက်ချစီစဉ်တယ်။ တခြားတစ်ဖက်မှာလည်း တောင်ကိုရီးယားနဲ့ ဂျပန်ကို မြောက်ကိုရီး ယားက ခြိမ်းခြောက်ပြီး မသက်မသာဖြစ်နေစေမှုကို အားပေးအားမြှောက်ပုံစုံနဲ့ နေတယ်။ ထိုင်ဝမ်ကျွန်းနဲ့ ဝေးရာ ဆီ အမေရိကန် ထွက်သွားဖို့ကိုလည်း ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ရင်း အကျိုးအမြတ်ရှာ ဗျူဟာ ခင်းကျင်းတယ်။

တကယ်တော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုဟာ လူသားအားလုံးအပေါ် သက်ရောက်ပါတယ်။ ကင်ဂျုံအန်က အိမ်နီးချင်းနိုင်ငံတွေကိုသာမက အမေရိကတိုက်ထဲအထိ တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်တွေ နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတယ်လို့ ခြိမ်းခြောက်ထားတယ်။ ဒီအခြေအနေမှာ တရုတ်က မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ သူတို့အပေါ်လည်း နျူကလီးယားသက်ရောက်မှု ရှိနိုင်တာမို့ ကြားဝင်စေ့စပ်မှုတွေ လုပ်လာတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်သာရှိတဲ့ မြောက်ကိုရီးယားကို ဒီလိုကြားဝင်လွှမ်းမိုး စေ့စပ်ပေးနေခြင်းကလည်း အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ နိုင်ငံကြီးတွေဆီက အကျိုးအမြတ် အများကြီးရနိုင်တာကို တွက်ချက်ပြီး ပါဝင်လာတာမျိုးသာဖြစ်ပါတယ်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now