ဆောင်းပါး

ကရင်မှာ BGF တွေကို တော်လှန်ရေးဘက် ဘာလို့ မစည်းရုံးနိုင်တာလဲ

မဲခေါင် 27 Jul - 2023
လက်ယာ ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအချို့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းသွားပေမယ့် ကရင်ပြည်နယ်မှာတော့ BGF တွေ ဘက်မပြောင်းဘဲ ရှိနေတာ တွေ့ရပါတယ်။

လက်ယာ

ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအချို့ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းသွားပေမယ့် ကရင်ပြည်နယ်မှာတော့ BGF တွေ ဘက်မပြောင်းဘဲ ရှိနေတာ တွေ့ရပါတယ်။

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကို တိုက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက ကရင် BGF တွေနဲ့ ကရင်ပြည်နယ်အခြေစိုက် ကရင်လက်နက်ကိုင်တွေကို တစည်းတလုံးတည်း ဖြစ်ဖို့ ကြိုးစားစည်းရုံးနေခဲ့တာပါ။

ဒါပေမယ့် KNU ရဲ့ စည်းရုံးရေးဟာ အခုထိ အောင်မြင်တာ မမြင်ရသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ကြာပြီးတဲ့နောက် ကရင်နီဒေသမှာတော့ ကရင်နီတော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီလက်အောက်ခံ ကရင်နီ BGF တပ်ရင်း ၂ ရင်းကို အောင်အောင်မြင်မြင် စည်းရုံးလိုက်နိုင်တာ အများမြင်သာတဲ့ အောင်မြင်မှုတခုပါ။

ကရင်နီတော်လှန်ရေးတပ်တွေရဲ့ အောင်မြင်မှုဟာ တော်လှန်ရေးမှာ စံပြလို့ဆိုရမှာဖြစ်သလို အာဏာသိမ်းမှုမဖြစ်ခင်ကတည်းက BGF အပါအဝင် ကရင်လက်နက်ကိုင်တွေကို စည်းရုံးနေတဲ့ KNU ရဲ့ စည်းရုံးရေးနဲ့ နှိုင်းယှဉ်စဉ်းစားစရာလည်း ဖြစ်လာပါတယ်။ ဒါ့အပြင် ဘာကြောင့် ကရင်ပြည်နယ်မှာ BGF ကို စည်းရုံးရေး မအောင်မြင်သေးတာလဲဆိုပြီး မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်။

ကရင်နီရဲ့အောင်မြင်မှု

ကရင်နီထဲက စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်တဲ့ စစ်ပွဲမှာ စစ်ရေးအရ အဓိကဦးဆောင်နေတာက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) လို့ ဆိုနိုင်ပါတယ်။

ကရင်နီမှာ နွေဦးတော်လှန်ရေးစပြီးနောက် အင်အားအတောင့်ဆုံးတပ်ဖြစ်လာတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကတောင် သူတို့ရဲ့ စစ်ဦးစီးချုပ်ဟာ KA ရဲ့ စစ်ဦးစီးချုပ်ပဲ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကို ကြည့်ရင် KA ရဲ့ အခန်းကဏ္ဍဟာ အရေးပါတာကိုတွေ့ရမှာပါ။

ကရင်နီထဲက စစ်ကောင်စီတပ်ကို တိုက်တဲ့ တိုက်ပွဲတွေကိုကြည့်ရင် KA ရယ်၊ KNDF ရယ်၊ PDF ရယ်၊ KRU (ကရင်နီတော်လှန်ရေးတပ်ပေါင်းစု) လိုအဖွဲ့တွေ ပူးတွဲပါဝင်တာ မြင်ရပါတယ်။

ဒီလိုတော်လှန်ရေးအင်အားစုတွေ စုစည်းထားတဲ့ ကရင်နီပူးပေါင်းအဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်ခံ ကရင်နီ BGF တပ်ရင်း ၂ ရင်းကို သူတို့ဘက်ပါအောင် စည်းရုံးနိုင်ခဲ့တာပါ။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေ စည်းရုံးလိုက်တဲ့ (BGF) တပ်ရင်း ၂ ရင်းဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကနေ ၂၀၀၉ ခုနှစ်မှာ BGF အသွင်ပြောင်းလိုက်တဲ့ တပ်ရင်း ၂ ရင်းပဲ ဖြစ်ပါတယ်။

၎င်းတို့ကတော့ ကယားပြည်နယ် ၊ မယ်စဲ့မြို့နယ် အရှေ့ဘက် ပန်တိမ်းရွာအခြေစိုက် BGF (၁၀၀၄) တပ်ရင်းနဲ့ ရွာသစ်မြို့နယ် စွတ်ပိုင်ရွာ အခြေစိုက် BGF (၁၀၀၅) တပ်ရင်းတို့ပဲ ဖြစ်ပါတယ်။

ဒီတပ်ရင်း ၂ ရင်းဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်မှာ မဟာမိတ်ကရင်နီပူးပေါင်းတပ်တွေရဲ့ အကူအညီနဲ့ ပွဲဦးထွက်စခန်းသိမ်း တိုက်ပွဲတွေကို သံလွင်မြစ်အရှေ့ခြမ်း၊ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ ဆင်နွှဲပြီး မယ်စဲ့ကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကရင်နီ BGF ဟာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ပြန်ရပ်တည်ပြီး ကရင်နီပြည်နယ်ထဲမှာရှိတဲ့ အခြားသော တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်အဖြစ် လက်တွဲကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။

စစ်ကောင်စီတပ်ကတော့ မယ်စဲ့ကို ပြန်ရရေး ထိုးစစ်ဆင်နေပေမယ့် အခုထိတော့ အောင်မြင်တာ မမြင်ရသေးပါဘူး။ ကရင်နီပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရင်ပြည်နယ်ထဲက တော်လှန်ရေးတပ်အချို့ကတော့ ကရင်ပြည်နယ်ရဲ့ အောင်မြင်မှုကို အားကျနေပါတယ်။

ကရင်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့တခုမှ တာဝန်ရှိသူတဦးကတော့ “ ကရင်နီမှာက KA က ဦးဆောင်ပြီး PDF တွေနဲ့ ERO တွေအကြား အပြန်အလှန်တိုင်ပင်ပြီး စစ်ရေးဖော်ဆောင်တာဆို‌တော့ အရှိန်အဟုန်ကောင်းတယ်။ သူတို့ကရင်နီ ပြည်သူတွေ ၊ လက်နက်ကိုင် တွေက စုစည်းမှုလည်းကောင်းတယ်။ အပြန်အလှန်လက်တွဲမှုအားကောင်းတယ်။ အဲဒါကြောင့် တော်လှန်ရေးက အရှိန်ကောင်းတယ်။ IEC (ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ) လိုအဖွဲ့တွေလည်း ပေါ်လာတယ်။ ပြောမယ်ဆိုရင် ERO နဲ့ ပြည်သူတွေ၊ တော်လှန်ရေးအင်အားစုတွေပေါင်းပြီး အရွေ့တခု လုပ်သွားတယ်မြင်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်အခြေစိုက် အခြား PDF အဖွဲ့တခုမှ ခေါင်းဆောင်တဦးကလည်း ကရင်နီပြည်နယ်က ပြည်သူလူထုနဲ့ နယ်မြေခံ တိုင်းရင်းသား လက်နက်တပ်တွေဟာ တော်လှန်ရေးမှာ ပြတ်ပြတ်သားသား ပူးပေါင်းကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။

၎င်းက “ပြည်သူ့ခုခံတော်လှန်စစ်စတဲ့အချိန်မှာ ကရင်နီဘက်မှာတော့ နယ်မြေခံလက်နက်ကိုင်တွေနဲ့ ပြည်သူ့ခုခံတော်လှန်ရေးအဖွဲ့တွေ ပေါင်းပြီး တွန်းလှန်တိုက်ခိုက်လာတယ်။ အဲဒီအခါမှာ အောင်မြင်မှုတွေအများကြီးရတယ်။ ပြည်သူလူထုကလည်း ဒီလိုအောင်မြင် မှုရတဲ့အပေါ်မှာ ဝမ်းသာသလို ပူးပေါင်းပါဝင်မှုကလည်း အပြည့်ဖြစ်တယ်။ အားလုံးက ဒါနဲ့ ပတ်သက်ပြီး စွန့်စွန့်စားစားနဲ့ ပြတ်ပြတ်သားသားလုပ်ကြတယ်” လို့ မှတ်ချက်ပေးပါတယ်။

ကရင်ပြည်နယ်အခြေစိုက် PDF အချို့ကတော့ KNU ဟာ အဖွဲ့အနေနဲ့ တော်လှန်ရေးမှာ ပါနေပေမယ့် KNU ထဲက အချို့သော လူပုဂ္ဂိုလ်တွေကတော့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကို ကိုင်စွဲကာ စစ်ကောင်စီတပ်နဲ့ ဆက်သွယ်မှုရှိနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ကရင်ပြည်နယ်ထဲက လူထု ထိခိုက်မှာကိုလည်း KNU ခေါင်းဆောင်အချို့ စိုးရိမ်နေတယ်လို့လည်း ကရင်ပြည်နယ်အခြေစိုက် PDF အချို့ ဆီက သိရပါတယ်။

ကရင်ပြည်နယ်အခြေအနေ

ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်တဲ့ တိုက်ပွဲတွေများနေပေမယ့် ကရင်နီမှာလို BGF တွေကို တော်လှန်ရေးဘက်ပါအောင် သိမ်းသွင်းနိုင်တာ ထင်သာမြင်သာရှိတဲ့ ကိစ္စပါ။

ကရင်ပြည်နယ်မှာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က လူသူ၊ လက်နက်အင်အားကောင်းကောင်း နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကနေ ၁၉၉၄ ခုနှစ်မှာ ဘာသာရေးအယူအဆကွဲပြားမှုကြောင့် ခွဲထွက်လာတဲ့ DKBA ဟာ ၂၀၀၉ ခုနှစ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဆိုတဲ့ ညွှန်ကြားချက်ကို လက်မခံခဲ့ပေမယ့် DKBA ထဲက ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ တပ်ဖွဲ့တွေကတော့ လက်ခံခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေဟာ အသွင်ပြောင်းပြီး စစ်တပ်လက်အောက်ခံ BGF တွေဖြစ်လာကြပါတယ်။

ကရင် BGF ကို တပ်ရင်း ၁၃ ရင်းပါတဲ့ တပ်နယ် ၄ နယ်နဲ့ ဖွဲ့စည်းထားပြီး မြဝတီ ၊ လှိုင်းဘွဲ့ ၊ ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီး မြို့တွေမှာ အခြေစိုက်ထားပါတယ်။ BGF တပ်ဖွဲ့ဝင်အင်အား စုစုပေါင်းဟာ ၃၀၀၀ ခန့်ရှိပြီး ခေတ်မီ ချေမှုန်းရေး ရိုင်ဖယ်တွေ တပ်ဆင်ထားနိုင်တာတွေ့ရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ BGF တွေဟာ မြဝတီမြို့နယ်ထဲမှာ လောင်းကစားဝိုင်း ၊ လူကုန်ကူးမှု စတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့ကို တည်ထောင်အုပ်ချုပ်နေပြီး အဲဒီမြို့ကနေ စီးပွားရေး အကျိုးအမြတ်များစွာ ရနေတာပါ။

ဒီမြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန်အရေးမယူသလို မသိချင်ယောင်ဆောင် မျက်စိမှိတ်နေပေးတာကိုလည်း တွေ့ရပါတယ်။

ဒီလို အာဏာသိမ်းစစ်တပ်နဲ့ ရင်းနှီးနေတဲ့ BGF ကို တော်လှန်ရေးဘက်ပူးပေါင်းရေးနဲ့ မိခင်အဖွဲ့အစည်းဖြစ်ခဲ့ဖူးတဲ့ KNU ထဲပြန်ပေါင်းနိုင်ရေး စည်းရုံးဖို့ဆိုတာ လွယ်ကူမှာတော့ မဟုတ်ပါဘူး။

BGF ကို ပြန်မစည်းရုံးနိုင်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ ကရင် BGF မှာ နိုင်ငံရေးခံယူချက် ခိုင်ခိုင်မာမာမရှိတာကြောင့် လို့ ထောက်ပြပါတယ်။

၎င်းက “ကရင်နီပြည်က BGF သည် သူက နိုင်ငံရေး အခြေခံရှိတဲ့ အဖွဲ့ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ နိုင်ငံရေးက ခိုင်ခိုင်မာမာကို ရှိနေတာ။ ကျနော်တို့ ကရင်ပြည်နယ်က BGF ကတော့ ကရင်အမျိုးသားအစည်းအရုံးနဲ့ တစုံတရာ ပွတ်တိုက်မှုရှိတော့ ခွဲထွက်ခဲ့တယ်။ DKBA ဖြစ်လာတယ်။ DKBA ကနေမှ တချို့က BGF ဖြစ်တာပေါ့။ ဒါကြောင့် သူတို့ရဲ့ခွဲထွက်မှုသည် နိုင်ငံရေးအရ အခြေခံမပါဘူးပေါ့” လို့ ရှင်းပြပါတယ်။

နိုင်ငံရေးအခြေခံရှိတဲ့ အဖွဲ့အစည်းကို စည်းရုံးရတာထက် နိုင်ငံရေးအခြေခံ မရှိတဲ့ အဖွဲ့ကို စည်းရုံးရတာ ပိုခက်တယ်လို့ KNU ဘက်က ဆိုပါတယ်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “နိုင်ငံရေးအခြေခံမရှိတဲ့ အဖွဲ့ကျတော့ နိုင်ငံရေးနဲ့ အခြေပြုပြီး ဆွေးနွေးလို့တော့ မရဘူးပေါ့ဗျာ။ မရတဲ့အပေါ်မှာ ကျနော်တို့က အမျိုးသားရေးအပိုင်းနဲ့ ဆွေးနွေးရတာဖြစ်ပါတယ်။ အမျိုးသားရေးအပိုင်းနဲ့ ဆွေးနွေးတဲ့အခါမှာ တဖက် စကစကလည်း သူတို့အပေါ် ထောက်ပံ့ကူညီမှုရှိနေတဲ့ အပေါ်မှာ သူတို့အတွက်က အခက်အခဲရှိသလို ကျနော်တို့ ဆွေးနွေးပြီးတော့ စည်းလုံးညီညွတ်မှုရအောင် ဆွေးနွေးတဲ့အခါမှာလည်း အခက်အခဲရှိတယ်လို့ ပြောချင်တယ်။ အဲဒါကြောင့် စည်းလုံးညီညွတ်မှုနဲ့ ပြန်လည်ပေါင်းစည်းမှု ရနိုင်မရနိုင် တော့ အတပ်ပြောလို့မရဘူး” လို့ ဆိုပါတယ်။

၎င်းက KNU အနေနဲ့ မဖြစ်နိုင်တဲ့ အရာမရှိဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ BGF ကို ဆက်လက်စည်းရုံးနေဆဲပဲလို့ ပြောပါတယ်။

အလားအလာ

ကရင်ပြည်နယ်မှာ BGF တွေကို မစည်းရုံးနိုင်သေးပေမယ့်လည်း တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။

သို့သော်လည်း ကရင် BGF တွေရဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်း ရှိတဲ့ KNU တပ်မဟာ ၇ နယ်မြေထဲမှာတော့ ကရင်တော်လှန်ရေး တပ်တွေဘက်က တိုက်ပွဲဖော်ဆောင်တာ ထပ်မတွေ့ရတော့ပါဘူး။

KNU က ခွဲထွက်ထားတဲ့ကော်သူလေးတပ် (KTLA)နဲ့ အခြား ကရင်ပူးပေါင်းတပ်တွေဟာ ရွှေကုက္ကိုလ်အနီးက ထီးကော်ထော၊ ထီးဝါးပလောနဲ့ မယ့်ပလဲရွာတွေက BGF စခန်းတွေကို ယခုနှစ် ဧပြီလ ၅ ရက်မှာ ဝင်တိုက်ခဲ့ပေမယ့် အရေးနိမ့်ပြီးတဲ့နောက် KNU တပ်မဟာ ၇ က ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

အဲဒီကြေညာချက်ထဲမှာ KNU တပ်မဟာ ၇ နယ်မြေထဲက စစ်ဆင်ရေးမှူးကို အကြောင်းမကြားဘဲ နယ်မြေအတွင်း တိုက်ပွဲဖော်ခဲ့တဲ့ KTLA ကို တပ်မဟာ ၇ နယ်မြေထဲမှာ ဝင်ရောက်လှုပ်ရှားခွင့် မပြုဘူးလို့ ရေးသားထားပါတယ်။

KTLA ဟာ KNU ဖော်ဆောင်နေတဲ့ BGF အပါအဝင် အခြားကရင်လက်နက်ကိုင် ၃ ဖွဲ့နဲ့ စည်းလုံးရေး လုပ်ငန်းကို အတိုင်းအတာတခုအထိ ထိခိုက်စေတယ်လို့ တပ်မဟာ ၇ က ဆိုပါတယ်။ အဲဒီကြေညာချက်ထွက်ပြီးတဲ့နောက် BGF ရဲ့ ဌာနချုပ်လို့တောင် ဆိုနိုင်တဲ့ ရွှေကုက္ကိုလ်မှာ တိုက်ပွဲတွေနည်းသွားတာပါ။

ကရင်ပြည်နယ်ထဲက PDF အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးကတော့ ကရင်နီမှာလို ကရင်ပြည်နယ်ထဲ BGF နဲ့ပေါင်းပြီး ဆင်နွှဲတဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာစရာ အခြေအနေ သိပ်မမြင်ဘူးလို့ ပြောပါတယ်။

၎င်းက “အခုက စစ်ဆင်ရေးအသေးကနေ အကြီးအထိက နယ်မြေခံ အဖွဲ့ရဲ့ ခွင့်ပြုချက်ရမှ လုပ်ရတဲ့ သဘောဖြစ်တာပေါ့။ အဲဒီအပေါ်မှာ ဒီဘက်က စစ်ကြောင်း တပ်ရင်းတပ်ဖွဲ့တွေကလည်း အားမလိုအားမရတွေ ဖြစ်တာပေါ့။ KNLA လိုအဖွဲ့အစည်း ကျတော့လည်း လူထုထိခိုက်မှာစိုးရိမ်တယ်။ စစ်ကောင်စီက လေကြောင်းတွေ လက်နက်ကြီးတွေနဲ့ ပြန်လုပ်လာတဲ့အခါမှာ ရှိရင်းစွဲနယ်မြေစိုးမိုးမှုတွေများရုတ်လျော့သွားမလားဆိုတဲ့ စဉ်းစားချက်ရှိတယ်။ နောက်တခုက KNLA အဖွဲ့တွေမှာ ဘတ်ဂျက်ပိုင်းအားနည်းတာရှိတယ်။ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့တွေအတွက် ကျည်အင်အားက များများစားစားမရှိဘူး။ တိုက်ပွဲတခုအကောင်အထည်ဖော်မယ်ဆိုရင် ပြည်သူလူထုဆီကရတဲ့ အလှူငွေနဲ့ ခဲယမ်းဖြည့်မှုကို မျှပြီးသုံးရသလို ဖြစ်တာပေါ့။ အဲဒါကလည်း အားနည်းတာရှိတယ်” လို့ ရင်ဖွင့်ပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်ထဲက PDF စစ်ကြောင်းတွေဟာ KNU တပ်မဟာ ၃ ရှိရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲ တပ်ရွှေ့နေသလို မွန်ပြည်နယ် ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်းထဲရွှေ့နေပါတယ်။

ဒါကြောင့် စစ်ရေးအရ ပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့ PDF တွေရဲ့ တိုက်ပွဲဟာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်မှာ ပိုဖြစ်နိုင်တယ်လို့ ကရင်ပြည်နယ်ထဲက PDF အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုပါတယ်။

စစ်ရေးလေ့လာတဲ့ သုတေသီတဦးကတော့ ကရင်နီနဲ့ ကရင်ပြည်နယ်ထဲက တော်လှန်ရေး ဆင်နွှဲမှုမှာ ကွဲလွဲချက်အချို့ရှိပြီး အဲဒီကွဲပြားမှုတွေကြောင့် တိုက်ပွဲဖြစ်ပွားမှု ပုံစံ မတူညီတာလို့ မှတ်ချက်ပေးပါတယ်။

၎င်းက “ကရင်နီမှာက ပြတ်ပြတ်သားသားတိုက်တဲ့အတွက် လူထုလည်း နာသလို လူထုလည်း ဒုက္ခရောက်တယ်။ ကရင်နီမှာက လူထုဒုက္ခရောက်လည်း မတတ်နိုင်ဘူး။ ငါတို့နိုင်အောင်တိုက်မယ်ဆိုတဲ့ စိတ်နဲ့ တိုက်နေတာပေါ့။ ကရင်နီမှာက ဖယ်ခုံ မိုးဗြဲနယ်အပါအဝင် ဒုက္ခသည်က ပြည်နယ်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်နေတယ်။ KNU ကျတော့ တိုက်ပွဲခဏခဏဖြစ်တော့ စစ်ဘေးဒုက္ခသည်က အရင်ကတည်းက ရှိနေတယ်။ ဒါကြောင့် စစ်ဘေးဒုက္ခသည် ထပ်တိုးဖို့ထပ် နည်းအောင်သူက စဉ်းစားနေတာ။ အဲဒါကြောင့် မပိုင်ရင် မတိုက်ဘူးဆိုတဲ့ အယူအဆမျိုး KNU ဗဟို မှာရှိတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး စစ်ရေးလေ့လာတဲ့ သုတေသီက KNU ဗဟို အခြေစိုက်တဲ့ တပ်မဟာ ၇ နယ်မြေ ဘားအံခရိုင်ကလွဲပြီး ကျန်တပ်မဟာတွေ အခြေစိုက်တဲ့ ခရိုင် ၆ ခုမှာတော့ စစ်ကောင်စီကိုတိုက်တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပဲလို့ ပြောပါတယ်။

KNU ဗဟိုက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ပထမ ၆ လတာတိုက်ပွဲဖြစ်ပွားမှု စာရင်းကိုကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား တိုက်ပွဲပေါင်း ၂၄၉၅ ကြိမ်ဖြစ်ထားတာ တွေ့မြင်ရမှာပါ။ KNU နယ်မြေထဲက စစ်ဘေးရှောင် အရေအတွက် ဟာလည်း ၆ သိန်းနီးပါးရှိနေပြီး ကရင်နီပြည်နယ် လူဦးရေရဲ့ ၂ ဆ နီးပါးပမာဏထိအောင် ရှိလာနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ် ပထမ ၆ လတာတိုက်ပွဲဖြစ်ပွားမှု စာရင်းအရ သိရပါတယ်။

စစ်ရေးလေ့လာတဲ့ သုတေသီတဦးကတော့ BGF မပါလည်း KNU ဟာ စစ်ကောင်စီကို တိုက်တဲ့ တိုက်ပွဲတွေ ဆက်ရှိနေမှာပဲ လို့ ပြောပါတယ်။

၎င်းက “KNU တပ်မဟာ ၇ ဘားအံ ခရိုင်က အပ ကျန်တဲ့ နေရာကတော့ တိုက်ပွဲဖြစ်မှာပဲ။ KIA လည်း ဒီအတိုင်းပဲ ဌာနချုပ်ရှိတဲ့ လိုင်ဇာနားတဝိုက်ကို တိုက်ပွဲမဖော်ဘဲ ထားတာ။ အခု နန်ဆန်ယန်ကို စစ်တပ်က တိုးလို့သာ တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲနည်းတာများတာတွေကတော့ ရှိမှာပေါ့။ တောင်ပိုင်းနဲ့ ပဲခူးဘက်ကတော့ တိုက်ပွဲတွေ ရှိလာမှာပဲ။ ဘာကြောင့်လဲဆိုတော့ KNU က ရှေ့ဆက်တိုးနေတာဖြစ်လို့ပဲ” လို့ ဆိုပါတယ်။

#MeKongNews

#ကရင်

#တော်လှန်ရေး

#BGF

#လက်ယာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now