စီးပွားရေး

စားသုံးဆီနဲ့ စက်သုံးဆီ တင်သွင်းသူတွေ အများဆုံးအသုံးပြုနေတဲ့ စင်ကာပူအခြေစိုက် UOB ဘဏ် လွှဲငွေပေးချေမှု ယာယီဆိုင်းငံ့မှုကြောင့် ဆီပြတ်လပ်မှု ကြုံတွေ့နိုင်

မဲခေါင် 7 Aug - 2023
မဲခေါင်၊ သြဂုတ် ၇ စင်ကာပူအခြေစိုက် United Overseas Bank ဘဏ် ကလုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့ ရှိနေတဲ့အတွက် ဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေရှိလာနိုင်တယ်လို့ ဆီလုပ်ငန်းရှင်အသိုင်းအဝန်းက သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၇

စင်ကာပူအခြေစိုက် United Overseas Bank ဘဏ် ကလုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့ ရှိနေတဲ့အတွက် ဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုတွေရှိလာနိုင်တယ်လို့ ဆီလုပ်ငန်းရှင်အသိုင်းအဝန်းက သိရပါတယ်။

UOB ဘဏ်ဟာ မြန်မာနိုင်ငံက စက်သုံးဆီ နဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေ အများဆုံး အသုံးပြုနေတဲ့ ဘဏ်ဖြစ်ပြီး၊ စက်တင်ဘာ ၁ ရက်ကစလို့ ရပ်နားမှုစတင်ကာ အီလက်ထရောနစ်စနစ်နဲ့ နိုင်ငံခြားငွေလွှဲပြောင်းပေးတဲ့စနစ် (Telegraphic transfer) ပါ အသုံးပြုလို့မရနိုင်တာကြောင့် အခက်ခဲတွေနဲ့ကြုံတွေ့ရမှာဖြစ်တယ်လို့ လုပ်ငန်းရှင်များက ပြောပါတယ်။

“ပို့ကုန်သွင်းကုန်၊ လုပ်ငန်းရှင်တော်တော်များများ အသုံးပြုတဲ့ဘဏ်ဆိုလည်း မမှားဘူး၊ ဆီသမားတွေအကြပ်ရိုက်မှာတော့ မလွဲဘဲ၊ စစ်ကောင်စီ ဟိုနေ့ကမှခေါ်ပြီး စက်သုံးဆီကိုတာစနစ်ကို လုပ်ငန်းရှင်တစ်ဦးကို ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း လျော့ချသွင်းခိုင်းထားတာ၊ နိုင်ငံခြားငွေကိုလည်း ဗဟိုဘဏ်က သတ်မှတ်တဲ့ ၂၁၀၀ နှုန်းနဲ့ကို ၅၀ ရာခိုင်နှုန်းဘဲ၊ ရောင်းပေးမယ် လိုတာကိုအပြင်ကဝယ်ခိုင်းနေတာ၊ အခုအခြေနေတိုင်းသာဆို ဆီပြတ်လပ်မှုတွေ၊ ဈေးကြီးမြင့်လာတာတွေက ဖြစ်လာတော့မယ်” လို့ စက်သုံးဆီအသိုင်းအဝန်းက နီးစပ်သူတစ်ဦးကပြောပါတယ်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အ‌ရေးယူကြောင်း ကြေညာတဲ့ ဇွန် ၂၁ ရက်နောက်ပိုင်းကစလို့ UOB ဘဏ်မှာ အကောင့်ဖွင့်လှစ်အသုံးပြုနေတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့ ငွေပေးချေမှုတွေကို ဘဏ်ဘက်က ပိုပြီးတင်းကြပ်လာခဲ့တယ်လို့ ဆိုပါတယ်။

အခြားသော နိုင်ငံခြားဘဏ်တွေ ရှိနေပေမယ့် လုပ်ငန်းသုံးငွေလွှဲတာ‌အတွက် မလုံခြုံတာ၊ ကြန့်ကြာတာတွေရှိတာကြောင့် UOB ဘဏ်ကနေ အလွယ်တကူ နိုင်ငံပြောင်းဆောင်ရွက်နေရပြီး အခုကြေညာချက်ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ ပိုပြီးအခက်အခဲကြုံလာရလိမ့်မယ်လို လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်မှာ ဆီလုပ်ငန်းရှင်များအား အထူးအရေးပေါ်အစည်းအဝေးဟုဆိုကာ နေပြည်တော်သို့ဖိတ်ခေါ်ပြီး၊ ဖိအားပေးတင်းကြပ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လာတာကြောင့် နိုင်ငံခြားငွေလိုအပ်ချက်ပိုမိုမြင့်တက်လာပြီး ငွေစက္ကူအသစ်ရိုက်ထုတ်တဲ့အထိဖြစ်လာနေတာလို့ သုံးသပ်သူက ပြောပါတယ်။

“အခု ၂သောင်းတန်ကြောင့် ဆီဈေးကအတက်အကျ မတည်ငြိမ်ဘူး၊ အခုထပ်ပြီး ဒီလိုသာဆိုရင် ဆီဝယ်ယူရတဲ့နေရာမှာ အခက်ခဲတွေကြုံလာနိုင်တယ်၊ ဆီကုန်သည်အကြီးတွေက လှောင်ပြီးထုတ်မရောင်းရင် အခက်ခဲက အောက်ခြေက သူတွေအခက်ခဲပိုဖြစ်နိုင်တယ်” လို့ စက်သုံးဆီ အသေးစား အရောင်းအဝယ်လုပ်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီ ၂သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမယ်လို့ သတင်းထုတ်အပြန်ပြီးကတည်းက စက်သုံးဆီဈေးမှာ တစ်ရက်လျှင် ၁၀၀ကျပ် လောက်မြင့်တက်မှုရှိနေပြီး ၊ လက်ရှိမှာတော့ ဆယ်ဂဏန်းသာ ပြန်လည်ကျဆင်းမှုရှိပြီး ဈေးတည်ငြိမ်မှုမရှိဘူးလို့လည်း သိရပါတယ်။

MK-006

#MeKongNews

#UOB

#စက်သုံးဆီ

#စားသုံးဆီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ် အဝယ်လိုက်နေ၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်

မဲခေါင်၊ ဧပြီ ၂၈ တရုတ်ဘက်မှ အဝယ်လိုက်၍ မိုင်းလားတွင် ရာဘာစျေး မြင့်တက်လာနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သင်္ကြန်မတိုင်မီက အကောင်းဆုံး
စီးပွားရေး နေ့စဥ်သတင်း အာစီယံဒေသတွင်း

ပတ္တရားတွင် ကားပေါ် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်သူအား ထောင်ဒဏ်တစ်နှစ်နှင့် ပြည်ဝင်ခွင့် ၉၉ နှစ်ပိတ်

မဲခေါင်၊ ဇန်နဝါရီ ၂၇ ယမန်နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ၊ ပတ္တရားမြို့လမ်းပေါ် အမြန်မောင်းနေသည့် ပစ်ကပ်ကား နောက်ခန်းတွင် ဝတ်လစ်စားလစ်ဖြင့် လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးသော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဆောင်းပါး တိုင်းရင်းသားရေးရာ ဒေသတွင်းသတင်း

အရှိန်မြင့်လာသည့် ရှမ်းအရှေ့ ရွှေတူးဖော်မှုများနှင့် ခြိမ်းခြောက်ခံ နိုင်ငံတကာမြစ်ကြီးများ – ဘာသာပြန်ဆောင်းပါး

အဆိပ်သင့်မှုများ စီးဆင်းခြင်းသည် နယ်စပ်ဖြစ်သောကြောင့် သူ့နယ်မှာပင် ရပ်တန့်ချုပ်ငြိမ်းသွားသည် မဟုတ်ပေ။ ရှမ်းအရှေ့ရှိ ရွှေမိုင်းလုပ်ကွက်များသည် နိုင်ငံတကာသို့ စီးဆင်းသည့် မြစ်ကြီး ၂ သွယ်ဖြင့် ထိစပ်နေသည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်နှင့် မဲခေါင်မြစ်ကြီးဖြစ်သည်။ မယ်ဆိုင်မြစ်သည် ထိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

မိုင်းလားကုန်လမ်းကြောင်း တရားမဝင်လမ်းကြေး ပိုများလာပြီး ကုန်တင်ခတွေ ဈေးတက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

ဒေသတွင်း၌ ကုန်စည်အသစ်ဟု ဆိုနိုင်သည့် လက်ပံပွင့် အူတိုင်အခြောက်များ အောင်ပန်း၌ ဈေးကောင်းရနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

ကြွက်ဘေး ကျရောက်သဖြင့် ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသ၌ ဆန်ထွက်ရှိမှု သိသိသာသာကျဆင်းလာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now