စီးပွားရေး

အခွန်လွတ်ပြောင်းတင်ပို့ခွင့် တစ်လထပ်တိုးတောင်းဆိုမှု ထိုင်းအာဏာပိုင်တွေ ပယ်ချ

မဲခေါင် 30 Aug - 2023
ထိုင်း-မြန်မာ အဓိကကုန်သွယ်နေတဲ့ အာရှလမ်းမကြီး မြေပြိုတာကြောင့် ပြောင်းတင်ပို့မှုနှောင့်နှေးခဲ့တဲ့အတွက် တစ်လသက်တမ်းတိုးပေးဖို့ မြန်မာပြောင်းကုန်သည်တွေက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၃၀

ထိုင်း-မြန်မာ အဓိကကုန်သွယ်နေတဲ့ အာရှလမ်းမကြီး မြေပြိုတာကြောင့် ပြောင်းတင်ပို့မှုနှောင့်နှေးခဲ့တဲ့အတွက် တစ်လသက်တမ်းတိုးပေးဖို့ မြန်မာပြောင်းကုန်သည်တွေက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာလည်း နောက်လအနည်းငယ်ကြာလျှင် ပြောင်းပေါ်ချိန်ဖြစ်တာကြောင့်  သူတို့တောင်သူတွေကို ကြိုတင်ကာကွယ်တဲ့ သဘောဖြစ်တာကြောင့်  သက်တမ်းတိုးပေးဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့တာလို့ သိရပါတယ်။

“သဘာဝဘေးအန္တရာယ်တွေကြောင့် ၂၀၁၉ ခုနှစ်တုန်းက တံတားပျက်ပြီး NLD အစိုးရခေတ်က ထိုင်းဘက်ကိုတောင်းဆိုဖူးတယ်၊ တင်ပို့ခွင့်ရက် တိုးတောင်းတာ၊ ၁၀ရက်လောက် ပေးခဲ့ဖူးတယ်၊ အခုကတော့ မပေးနိုင်ဘူးဆိုပြီး ပယ်ချတာပေါ့၊ အဲ့တော့ အခုရက်ပိုင်းအတွင်း ပို့နိုင်သလောက်တော့ ပို့ရမှာပေါ့၊ လက်ကျန်တွေကများ၊ အသစ်ထွက်လာမှာကရှိတော့၊ ဈေးကတော့ ကျသွားမယ့်သဘောမှာရှိတယ်” လို့မြဝတီ နယ်စပ်ပြောင်းကုန်သည် တစ်ဦးကမဲခေါင်ကိုပြောပါတယ်။

ထိုင်းနိုင်ငံကို မြဝတီနယ်စပ်ကနေ အခွန်လွတ် ပြောင်းတင်ပို့ခွင့်ကာလဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ  ပြီးဆုံးမှာဖြစ်ပြီး၊ နောက်ပိုင်းတင်ပို့ရာမှာ ပင်လယ်ရေကြောင်းကနေသာ တင်ပို့လို့ရမယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ငွေကြေးမူဝါဒ၊ ပို့ကုန်၊ သွင်းကုန် မူဝါဒအပြောင်းအလဲတွေကြောင့် ပြောင်းဈေးထိုးကျခဲ့ပြီး ပြည်ပတင်ပို့မှုကို ထိခိုက်ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး အတွက် အဓိကလမ်းပိုင်း မြေပြိုမှုကြောင့်လည်း ရာသီချိန် ပြောင်းတင်ပို့မှု ပမာဏကို လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိုင်းဘတ်ဈေးအတက်နဲ့ ထိုင်းပြောင်းဈေးအမြင့်ကြောင့် မြန်မာ့ပြောင်း တစ်ပိဿာကို ရန်ကုန်ဈေး ၁၂၀၀ ကျပ် ဝန်းကျင်ရှိနေခဲ့ပြီး၊ ပြီးခဲ့တဲ့ လ အတွင်းက တစ်ပိဿာကို ၁၁၃၀နဲ့ ၁၁၄၀ ကျပ်ဝန်းကျင် ထိ ထိုးဆင်းခဲ့တယ်လို့ ဈေးကွက်အတွင်းသတင်းတွေအရသိရပါတယ်။

“ပင်လယ်ရေကြောင်းက ၁၂ ရာသီပတ်လုံးသွားလို့ရတယ်၊ နယ်စပ်ကသာအကန့်အသတ်နဲ့၊ ရေကြောင်းက အခွန်အခဈေးမြင့်တက်တာရယ်၊ လိုင်စင်အခက်ခဲတွေပေါ့၊ အခုက ဆောင်းသီးနှံပြောင်းလက်ကျန်က ရှိနေသေးတယ်၊ အသစ်တွေကလည်း ပေါ်တော့မယ်ဆိုတော့၊ နယ်စပ်ကလည်း အပြည့်အဝမသွားနိုင်တော့၊ FOC ရောင်းဈေးကလည်း ကျဆိုတော့၊ ပြည်တွင်းအစာစက်ရုံတွေက ဈေးချဝယ်မယ့်သဘောမှာရှိတယ်၊ တောင်သူလည်း တွက်ခြေမကိုက်နိုင်တော့ဘူး” လို့ နေပြည်တော်ရှိ ပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့သူတစ်ဦးက ပြောပါတယ်။

လာမယ့်လ ကစတင်ပြီး၊ ရှမ်းတောင်၊ ရှမ်းမြောက်နဲ့ မြေပြန့်နေရာအချို့ကနေ မိုးပြောင်းသစ်တွေကလည်း ထပ်မံထွက်ရှိလာမှာဖြစ်ပြီး၊ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ခွင့်ကာလ ကုန်ဆုံးပါက မြန်မာပြောင်းဆန်ဈေး လက်ရှိဈေးတန်းအောက် ကျဆင်းသွားနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ထိုင်းနိုင်ငံကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလ ကနေ ဇူလိုင်လ အထိ   ၆ လအတွင်းတင်ပို့မှုက တန်ချိန် ၁ ဒသမ ၃ သန်းကျော် အထိရှိခဲ့ပြီး အခုနှစ် အလားတူကာလမှာတော့ တန်ချိန် ၁ သန်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းဖော်ပြချက်တွေအရသိရပါတယ်။

ပြည်ပတင်ပို့မှု အနေနဲ့ ထိုင်းနဲ့တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းတွေကတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နဲ့ အာဖရိကတို့ကို  တင်ပို့နေတယ်လို့ သိရပါတယ်။

MK-006

#MeKongNews

#ပြောင်း

#ထိုင်း

#တင်ပို့ခွင့်

#ပယ်ချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now