စီးပွားရေး

ရှမ်းတောင်မှာ ဆန်ဈေးကျဆင်းလာပေမယ့် ဝယ်လိုအားနည်းပါးနေ

မဲခေါင် 5 Oct - 2022
ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီး ဆန်ဈေး အနည်းငယ် ကျဆင်းလာပေမယ့် ဝယ်လိုအား နည်းပါး နေတယ်လို့ ဆန်ဆိုင်တွေထံ သိရပါတယ်။ မကြာမီ ဆန်အသစ်တွေ ပေါ်တော့မှာ ဖြစ်လို့ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။ “ အသစ်တွေ ပေါ်လာပြီဆိုတော့ တစ်အိတ်ကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ၂၀၀၀ ကနေ ၅၀၀၀ လောက်အထိ ကျလာတယ်။ ဆက်ကျနိုင်တယ်လို့လည်း ကုန်သည်တွေကတော့ ပြောတယ်။ စောင့်ကြည့်ရအုံးမှာပေါ့”  လို့ တောင်ကြီးမှာ ဆန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့

ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ အောက်တိုဘာလ ၃ ရက်နေ့က စတင်ပြီး ဆန်ဈေး အနည်းငယ် ကျဆင်းလာပေမယ့် ဝယ်လိုအား နည်းပါး နေတယ်လို့ ဆန်ဆိုင်တွေထံ သိရပါတယ်။

မကြာမီ ဆန်အသစ်တွေ ပေါ်တော့မှာ ဖြစ်လို့ ၂၄ ပြည်ပါ ဆန်တစ်အိတ်ကို ၂၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်ကြား ဈေးကျဆင်းလာပြီး ဆက်လက် ကျဆင်းဖွယ်ရှိတယ်လို့ ဆိုပါတယ်။

“ အသစ်တွေ ပေါ်လာပြီဆိုတော့ တစ်အိတ်ကို ဆန်အမျိုးအစားပေါ် မူတည်ပြီး ၂၀၀၀ ကနေ ၅၀၀၀ လောက်အထိ ကျလာတယ်။ ဆက်ကျနိုင်တယ်လို့လည်း ကုန်သည်တွေကတော့ ပြောတယ်။ စောင့်ကြည့်ရအုံးမှာပေါ့”  လို့ တောင်ကြီးမှာ ဆန်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဝက်ခန့်မှ စတင်ပြီး ကုန်သည်တွေ ဆန်ဝယ်ယူရ ခက်ခဲကာ ဆန်ပြတ်လပ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဆန်တွေ အလုအယက် ဝယ်ယူ စုဆောင်းထားကြတဲ့ အတွက် လက်ရှိ ပုံမှန် ရောင်းအားထက် ထက်ဝက်ခန့် ကျဆင်းနေတယ်လို့ သိရပါတယ်။

“ ဆန်ပြတ်မယ်ထင်ပြီး ပိုက်ဆံရှိတဲ့ သူတွေက ကြောက်ကြောက်နဲ့ ဝယ်စုထားကြတော့ အခုဆို ဆန်ဆိုင်တွေမှာ ရောင်းအားက တဝက်တောင် မနည်း ရောင်းနေရတယ်။ ပိုက်ဆံရှိတဲ့ လူတချို့နဲ့ အခြေခံ လူတန်းစားတွေ လောက်ပဲ လာဝယ်ကြတော့တာ။ ဝယ်စုထားတဲ့ လူတွေက နောက် သုံးလ လေးလလောက်အထိ ဝယ်စရာ မလိုတော့ဘူးလေ”  လို့ အောင်ပန်းမြို့မှာ ဆန်ဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဆန်ဈေးကွက်မှာ စားသုံးမှု အများဆုံးဖြစ်တဲ့ ဧည့်မထ တစ်အိတ် ၄၇၀၀၀ ကျပ်ဝန်းကျင်၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ် ၆၈၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၉၂၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ဒုတိယ စားသုံးမှု အများဆုံး ဆန်တွေဖြစ်တဲ့ ရှမ်းဆန်ဈေးကွက်မှာ နောင်မွန်ခေါက်နမ့်ခမ်း တစ်အိတ် ၈၀၀၀၀ ကျပ်ဝန်းကျင်၊ နောင်မွန် ရွှေရင်အေး တစ်အိတ် ၇၈၀၀၀ ကျပ်ဝန်းကျင်၊ ရွှေအပ်တစ်အိတ်ကို ၆၆၀၀၀ ကျပ်ဝန်း ကျင် ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စပါးစိုက်ဧက များစွာရှိပေမယ့် ဒေသဆန် ဖူလုံမှု မရှိတဲ့အတွက် ခေတ်အဆက်ဆက် ပြည်မက ထွက်ရှိတဲ့ ဆန်တွေကိုသာ အားထားနေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now