စီးပွားရေး

မူဆယ်နယ်စပ်မှာ တရုတ်ယွမ်ငွေဈေး ထပ်တက်ပြီးနောက် အရောင်း ပိတ်ထား

မဲခေါင် 15 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၅ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်ငွေဈေး ထပ်တက်လာပြီး တရုတ်ယွမ်ငွေ အရောင်း ပိတ်ထားတယ်လို့ ငွေလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်ငွေဈေး ထပ်တက်လာပြီး တရုတ်ယွမ်ငွေ အရောင်း ပိတ်ထားတယ်လို့ ငွေလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ ညနေပိုင်း တရုတ်ငွေ ၁၀၀ ယွမ်ကို မြန်မာငွေ ၅၀,၀၅၀ ကျပ် ဈေးပေါက်ပြီးနောက် အခုလို အရောင်းပိတ်လိုက်တာလို့ ဆိုပါတယ်။

“ တရုတ်ငွေက လဲယူလို့ မရဘူး။ အခုလောလောဆယ် အရောင်းပိတ်ထားတယ်” လို့ ညနေ ၃ နာရီခန့်က ငွေလဲလှယ် လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

မြန်မာငွေ လိုချင်သူတွေကိုသာ လဲလှယ်ပေးပြီး တရုတ်ငွေ လိုရင်တော့ မရောင်းပေးဘူးလို့ သူက ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်မှာတော့ တရုတ်ငွေ ၁၀၀ ယွမ်ကို မြန်မာငွေ ၄၉,၀၆၀ ကျပ် ဈေးပေါက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေသလို တရုတ်ဘက်ကနေ မြန်မာဘက် ကုန်တင်သွင်းမယ့် ကုန်သည် လုပ်ငန်းရှင်တွေ တရုတ်ငွေ ဝယ်ယူဖို့ ခက်ခဲနေတာကြောင့် အခက်ကြုံနေရတယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

‌ငွေကြေး အများအပြား ရှိသူတွေက တန်ဖိုးကျနေတဲ့ မြန်မာငွေကို လက်ထဲမှာ မထားချင်တာကြောင့် တရုတ်ငွေကို ဝယ်ပြီး ကိုင်ထားကြတာလို့ ဆိုပါတယ်။

Photo: 008

CJ-008

#MekongNews

#မူဆယ်မြို့

#ယွမ်ငွေ

#တရုတ်_မြန်မာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now