စီးပွားရေး

စားသုံးဆီဈေးတက်တာ ပံ့ပိုးပေးထားတာတွေ အရာမထင်ပုံမျိုးပေါက်နေတယ်လို့ စစ်ကောင်စီပြော

မဲခေါင် 23 Aug - 2023
မဲခေါင်၊ သြဂုတ်၂၃ စားသုံးဆီဈေးနှုန်း ပြင်ပလက်လီဈေးကွက်မှာ ၁ ပိဿာ တစ်သောင်းကျော်နေတာက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတယ်လို့စစ်ကောင်စီလက်အောက်ခံ ရင်းနှီး/စီးပွား (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

မဲခေါင်၊ သြဂုတ်၂၃

စားသုံးဆီဈေးနှုန်း ပြင်ပလက်လီဈေးကွက်မှာ ၁ ပိဿာ တစ်သောင်းကျော်နေတာက နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတယ်လို့စစ်ကောင်စီလက်အောက်ခံ ရင်းနှီး/စီးပွား (MIFER) ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။

‘‘ဒီနေ့ စားအုန်းဆီ ရည်ညွှန်းဈေးက ၄၀၆၅ ကျပ် ဖြစ်ပါတယ်။ လက်ကားဈေးက ၈၀၀၀ ကျပ် ၊ဘုရင့်နောင်လက်ကားဈေးက ၉၀၀၀ ကျပ် ဖြစ်ပါတယ်။ လက်လီဈေးက ၁၀၀၀၀ ကျပ်ပေါက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ ၅၀ ရာခိုင်နှုန်းကို စက်သုံးဆီ၊ စားသုံးဆီတွေမှာ ထောက်ပံ့ဈေးနဲ့ ပေးထားတာ။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လို့။ နောက်တစ်ခုက ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေးတွေကို တက်ပြီး ရောင်းတဲ့အခါမှာ FESC ကနေပြီးတော့ နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုးပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ်’’လို့ မနေ့က နေပြည်တော်မှာ လုပ်တဲ့ စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲမှာ ဒုဝန်ကြီး က ပြောပါတယ်။

စားသုံးဆီမလုံလောက်တဲ့အတွက် ပြည်ပမှတင်သွင်းနေရပြီး ၊ စားသုံးဆီတင်သွင်းမှုအတွက် သုံးစွဲရတဲ့ နိုင်ငံခြားငွေ ၅၀ ရာခိုင်နှုန်းကို အစိုးရထောက်ပံ့ ငွေလဲလှယ်နှုန်းနှင့်ရောင်းပေးနေသော်လည်း လက်လီဈေးကွက်မှာ စားအုန်းဆီတပိဿာ ၁ သောင်းကျော် ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။

လက်တွေ့မြေပြင်မှာ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ စီးပွားရေးကဏ္ဍအပေါ် စီမံခန့်ခွဲမှုညံဖျင်းတာကြောင့် ငွေစက္ကူအသစ်ထုတ်ဝေရတဲ့အထိဖြစ်နေပြီ ဒေါ်လာငွေရှားပါးလာတာကြောင့် ဒေါ်လာငွေအဓိကတိုက်ရိုက်အသုံးပြုရတဲ့ စားဆီနဲ့ စက်သုံးဆီ တင်သွင်းခွင့်၊ ဖြန့်ချိခွင့်တွေကို ထိန်းချူပ်ထားတာကြောင့် ပြင်ဈေးကွက်မှာ ဆီပြတ်လပ်လာပြီး ဈေးနှုန်းအဆမတန်မြင့်တက်နေရတယ်လို့ ဆီလုပ်ငန်းရှင်များက ပြောပါတယ်။

“ သူတို့အာဏာသိမ်းပြီးကတည်းက ကိုတာစနစ်နဲ့ဘဲ ဆီကိုရတော့တာ၊ ပြီးခဲ့တဲ့၂ လလောက်ကတည်းက ဒေါ်လာက အကြောင်းအမျိုးမျိုးတွေဖြစ်ပြီး တော်တော်ရှားလာတော့ သူတို့ထုတ်ရောင်းပေးစရာမရှိတော့ တင်သွင်းခွင့်ကို ၅၀ ရာခိုင်နှုန်းလျော့ချလိုက်တယ်၊ အဲ့မှာမှ သူတို့နဲ့ပနာသင့်ကုန်သည်ကိုကြတော့ ဆီပေးတယ်၊ တစ်ချို့ဈေးကွက်ထဲတကယ် ရောင်းချတဲ့သူကြမရတော့ ပစ္စည်းပြတ်ပြီး၊ ဈေးတွေတက်ကုန်တာ၊ ဘာကြောင့်ဖြစ်တာသိရဲ့သားနဲ့ ဟန်လုပ်နေတာ” လို့ ဆီလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

စားသုံးဆီများပြတ်လပ်မှုရှိနေတာကြောင့် ထိုင်းဘက်ကအဝင်ဟင်းသီးဟင်းရွက်ဆီတွေ ကန်ဆီအဖြစ်ရောင်းချနေရပြီး လက်ရှိမှာ ထိုင်းကုန်အဝင်မရတော့တဲ့အတွက် ပစ္စည်းပြတ်ကာ ဈေးတက်နေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စားအုန်းဆီ သုံးစွဲမှု ပမာဏမှာ တန်ချိန် ၁၀ သိန်းကျော်ခန့်ရှိပြီး မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှ တန်ချိန် ၇ သိန်းကျော်ကို ပြည်ပမှ တင်သွင်းနေရတယ်လို့ စစ်ကောင်စီက ဖော်ပြတဲ့သတင်းအချက်အလက်အရသိရပါတယ်။

MK-006

#MeKongNews

#စားသုံးဆီ

#စစ်ကောင်စီ

#ပြင်ပဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now