စီးပွားရေး

ငွေစက္ကူသစ် ဈေးကွက်ဝင်ရောက်မှုအခြေအနေ စောင့်ကြည့်နေတာကြောင့် စီးပွားရေးကဏ္ဍအလိုက် ဈေးကွက်မဖွင့်နိုင်

မဲခေါင် 2 Aug - 2023
စစ်ကောင်စီထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူ ဈေးကွက်အတွင်းဝင်ရောက်မှု အခြေနေစောင့်ကြည့်နေတာကြောင့် အခြေခံကုန်ပစ္စည်းအချိူ့နဲ့ ၊ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးကွက် အရောင်းပိတ်ထားတယ်လို့ ဈေးကွက်အတွင်း သတင်းအရ သိရပါတယ်။

မဲခေါင်၊ သြဂုတ် ၂

စစ်ကောင်စီထုတ်ဝေတဲ့ နှစ်သောင်းတန်ငွေစက္ကူ ဈေးကွက်အတွင်းဝင်ရောက်မှု အခြေနေစောင့်ကြည့်နေတာကြောင့် အခြေခံကုန်ပစ္စည်းအချိူ့နဲ့ ၊ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီဈေးကွက် အရောင်းပိတ်ထားတယ်လို့ ဈေးကွက်အတွင်း သတင်းအရ သိရပါတယ်။

ငွေစက္ကူအသစ် နှစ်သောင်းတန်ကို ဇူလိုင်လ ၃၁ ရက်နေ့ စတင်ဖြန့်ဝေလိုက်ချိန်မှာ ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက်၊ ဆေးဝါးဈေးကွက်၊ ဆန်ဈေးကွက်၊ စားသုံးဆီ ဈေးကွက်အပါအဝင် ဈေး ကွက်များတွင် အရောင်းပိတ်ထားတယ်လို့ သိရပါတယ်။

“ ဒီနေ့က ပိတ်ရက်ကြီး ဖြစ်တဲ့အတွက် ဈေးကွက်မဖွင့်နိုင်တာလည်း ပါတယ်၊ နောက်သူတို့ပြောတဲ့အကန့်အသတ်နဲ့ထုတ်မယ်ဆိုတာစောင့်ကြည့်ရမယ်၊ ဈေးကွက်ထဲ့ အလုံးအရင်းဝင်လာမလား၊ ပြောသလိုဘဲဖြစ်မလားဆိုတာ၊ စောင့်ကြည့်နေတယ်၊ မရောင်းရဲမဝယ်ရဲဆိုတော့၊ ဈေးကွက်မဖွင့်ရဲကြဘူးလို့ “ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ငွေစက္ကူအသစ်ရိုက်ထုတ်မယ့်သတင်းထွက်ရှိပြီး ချိန်မှာတော့ ကုန်ပစ္စည်းတန်ဖိုးများမှာ ၂၀ ရာခိုင်နှုန်းနီးပါးမြင့်တက်လျက်ရှိပြီး၊ အကန့်အသတ်နဲ့ ထုတ်ဝေမယ့် ကြေညာချက်မှန်ကန်ပါက ငွေကြေးဖောင်းပွမှုက ၁၀ ရာခိုင်နှုန်းဖြင့်သာငြိမ်သက်နိုင်ပေမယ့် ၊ အကန့်အသတ်မရှိ ဈေးကွက်ထဲဝင်ရောက်လာပါက ၃၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ယနေ့ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၃၆သိန်း၊ ပေါက်ဈေးရှိပြီး ၊ စစ်ကောင်စီက ၂သောင်းတန်ထွက်ရှိမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီးကတည်းက ရွှေလုပ်ငန်းရှင်တွေကို အဖမ်းဆီးကြမ်းနေတာကြောင့် ယနေ့အချိန်ထိ ဈေးကွက်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။

“ ပိတ်ရက်ဆိုတော့သိပ်မထူးဘူး၊ ၂ ရက်ရှိပြီး ဈေးတန်းတစ်ခုမှာငြိမ်နေတာ၊ ၂သောင်းတန်ကြောင့် ရွှေကထပ်ပြီး ဂယက်မထနိုင်တော့ဘူး၊ သိပ်အများကြီးမပြောင်းလဲနိုင်ဘူး၊ အပြောင်းအလဲတွေက ဖြစ်ပြီးသွားပြီး၊ ထပ်ဖြစ်စရာမရှိလောက်တော့ဘူး” လို့ ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

နိုင်ငံခြားငွေ ဈေးကွက်မှာလည်း ဈေးကွက်ပိတ်ထားပေမယ့် နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ဒေါ်လာဈေးများကျဆင်းလာမည်ကိုစိုးရိမ်ကာ ဈေးကြီးမြင့်စွာဝယ်ထားသူများ ပြန်လည်ရောင်းချမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေရာမှာ အထိန်းအမှတ်သဘောမျိူး အကန့်အသတ်ဖြင့်သာ ထုတ်ဝေမယ်လို့ ပြောဆိုထားပေမယ့် လက်ရှိ ငွေစက္ကူမှာ ဂဏန်း ခုနစ်လုံးရဲ့နောက်မှာ အက္ခရာပါထပ်မံထည့်ထားသည့်အတွက် အလုံးအရင်းလိုက်ဝင်လာမည်ကို လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

“ တစ်ချိူ့လုပ်ငန်းရှင်တွေက အရောင်းကိုပိတ်ချလိုက်တယ်၊ ဈေးတက်မှထုတ်ရောင်းတယ်၊ ခေတ်ပျက်ထဲ့ ဂုတ်သွေးစုပ်နေတဲ့သဘော၊ လောဘကြီးမှုရဲ့တန်ပြန်သက်ရောက်မှုက ကုန်ဈေးနှုန်းမြင့်နေတဲ့အတွက်၊ လုပ်ခလစာတိုးတောင်းမယ်၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမယ်၊ ဈေးတွေမြင့်တက်လာရင်၊ အရောင်းအဝယ်ရပ်နားထားရမယ်၊ ဆင့်ကဲဖြစ်စဉ်တွေမှာ ထိခိုက်မှုတွေရှိလာမယ်လို့” စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်တာနဲ့ပတ်သက်ပြီး၊ ခြေတစ်လှမ်းအရွေ့ သဘောဖြစ်ပြီး အကောင်းဘက်သို့ရွေ့လာပါက ကုန်ဈေးနှုန်းတည်ငြိမ်မှုကိုပါ ထိန်းကျောင်းနိုင်မယ်လို့လည်း ပညာရှင်များက ပြောဆိုထားပါတယ်။

MK-006

#MeKongNews

#နှစ်သောင်းတန်

#စစ်ကောင်စီ

#ဈေးကွက်

#နိုင်ငံခြားငွေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စီးပွားရေး

တရုတ်နိုင်ငံက ဝင်လာတဲ့အချိုလက်ဖက်ခြောက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးသည်အထိ ထိခိုက်နေ

တရုတ်နယ်စပ်ကဝင်တဲ့ အချိုလက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းအချိုခြောက်စျေးကွက် ပျက်စီးလာတဲ့အထိ ထိခိုက်နေတယ်လို့ နမ့်ဆန်အခြေစိုက် ပလောက်လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချရေးအသင်းက သိရပါတယ်။
စီးပွားရေး

ရွှေဈေးသိန်း ၅၀ ကျော်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျပ်ခန့် ဖြစ်လာ

မြန်မာနိုင်ငံတွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ ငွေကျပ် သိန်း ၅၀ ကျော် (၅,၀၂၅,၀၀၀)အထိ မြင့်တက်လာပြီး တစ်ဒေါ်လာ ၄ ထောင်ကျော်(၄,၀၂၀)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ဒေသတွင်း ဈေးကွက်ဝယ်လိုအား နည်းပြီး အရည်အသွေးမပြည့်မှီတာကြောင့် အာလူးဈေးကျဆင်းနေပြီး တောင်သူတွေ အရှုံးပေါ်နေ

ရှမ်း/တောင် ဒေသထွက် အာလူးတွေဟာ နိုင်ငံခြားတင်ပို့တဲ့ ဈေးကွက်နဲ့ ဒေသတွင်း ဝယ်လိုအား ကျဆင်းနေပြီး တောင်သူတွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းပြည်ကြက်သွန်ဖြူ တက်စျေးကောင်းနေ

ရှမ်းပြည်နယ်ရဲ့ အဓိက ထွက်ကုန်ထဲမှာပါတဲ့ ကြက်သွန်ဖြူစျေးကွက်မှာ တက်စျေးရနေတယ်လို့ အောင်ပန်းကြက်သွန်ဖြူပွဲရုံ စျေးကွက်မှ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

ရှမ်းတောင် အာလူးဈေးကျ၊ တောင်သူတွေ အရှုံးပေါ်

ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း မြန်မာ့နွေဦး

နှစ်သစ်ကူးအပြီးစျေးရသော်လည်း လမ်းခရီး ကြန့်ကြာမှုကြောင့် ဖရဲပျက်စီးပြီး ဆုံးရှုံးမှုများနေ

မြန်မာနိုင်ငံ မိုင်းလားဒေသမှတဆင့် တရုတ်နိုင်ငံကို ဖရဲသီးတင်ပို့ရာမှာ လမ်းခရီးကြန့်ကြာမှုကြေင့် ပုပ်သိုးပျက်စီးတာတွေကြောင့် ဆုံးရှုံးမှုတွေ များနေတယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်က ကြက်သွန်ဖြူအဝင်နည်းလို့ ကြက်သွန်စိုက်တောင်သူတွေ စျေးကောင်းရ၊ ဂျင်းစျေးလဲ မှန်နေ

ရှမ်းပြည်နယ်ရဲ့ထွက်ကုန်ထဲမှာ အဓိက ထွက်ကုန်ဖြစ်တဲ့ ကြက်သွန်ဖြူဟာ တရုတ်ကအဝင်နည်းတဲ့အတွက် စျေးကောင်းရနေတယ်လို့ အောင်ပန်းကုန်စည်စျေးကွက်ကသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စီးပွားရေး ဒေသတွင်းသတင်း

တရုတ်နှစ်သစ်ကူးကာလကြောင့် မြန်မာ့ဖရဲဈေးကောင်းရနေ

ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now