ကမ္ဘာ့သတင်း

IAEA ဟာ အမေရိကန်ရဲ့ ကြေးစားအာဘော်အဖွဲ့ကြီးလို့ မြောက်ကိုရီးယားဝေဖန်

မဲခေါင် 2 Oct - 2023
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အထွေထွေညီလာခံမှာ တောင်ကိုရီးယားကိုရော၊ မြောက်ကိုရီးယားကိုပါ နျူကလီးယားပိုင် နိုင်ငံတွေအဖြစ် လက်မခံနိုင်ကြောင်းနဲ့ မြောက်ကိုရီးယားဟာ နျူကလီးယားမပြန့်ပွားရေး စည်းမျဉ်းတွေကိုလိုက်နာပြီး စီမံကိန်းတွေ ရပ်တန့်ဖို့ ဖိအားပေးထုတ်ပြန်ခဲ့ပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၂

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အထွေထွေညီလာခံမှာ တောင်ကိုရီးယားကိုရော၊ မြောက်ကိုရီးယားကိုပါ နျူကလီးယားပိုင် နိုင်ငံတွေအဖြစ် လက်မခံနိုင်ကြောင်းနဲ့ မြောက်ကိုရီးယားဟာ နျူကလီးယားမပြန့်ပွားရေး စည်းမျဉ်းတွေကိုလိုက်နာပြီး စီမံကိန်းတွေ ရပ်တန့်ဖို့ ဖိအားပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် နျူကလီးယားလက်နက်တွေ တိုးမြှင့်ထုတ်လုပ်နေပြီး ကြိမ်ဖန်များစွာ စမ်းသပ်ပစ်ခတ်နေတဲ့ မြောက်ကိုရီးယားက IAEA ဟာ အမေရိကန် ငွေကြေးပေးကမ်းထားတဲ့ အခကြေးစားအာဘော်အဖွဲ့ကြီးဖြစ်ကြောင်း အမည် မဖော်ပြတဲ့ မြောက်ကိုရီးယားနျူကလီးယားစွမ်းအင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပိုင် KCNA မီဒီယာကနေ တုံ့ပြန်တိုက်ခိုက်သွားပါတယ်။

“အမေရိကန်နဲ့မဟာမိတ်တွေရဲ့ ပူးပေါင်းကြံစည်မှုရလဒ်ပါ။ မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင် ဆိုင်တဲ့နိုင်ငံဆိုတာ နောက်ပြန်ဆုတ်လို့မရတော့ပါဘူး။ IAEA က နိုင်ငံတကာနျူကလီးယားပြန့်ပွားမှု တားဆီး ကာကွယ်ရေးလုပ်တယ်ဆိုရင် နျူကလီးယားပိုင်နိုင်ငံတွေရဲ့ ဖိအားပေးခိုင်းစေမှုကို မခံသင့်ဘူး။ အမေရိကန်ရဲ့ မဟုတ်တမ်းတရား စွပ်စွဲမှုတွေဖြစ်တဲ့ ကျွန်တော်တို့ နျူကလီးယားလက်နက်တွေအလွန်များပြားစွာ၊ စိုးရိမ်စရာထုတ်နေတယ်ဆိုတာ မျိုး ကိုယ်တိုင် စုံစမ်းသင့်တယ်။ ဥပမာ တကယ်ခြိမ်းခြောက်နေတဲ့ ဖူကူရှီးမား ဓာတ်သတ္တုသင့် ရေဆိုးတွေ လွှတ်နေတာမျိုးပေါ့။ ခုလုပ်ပေါက်က အမေရိကန်ရဲ့ အခကြေးစား အာဘော်အဖွဲ့ကြီးလိုဖြစ်နေပြီ” လို့ ထုတ်ပြန် သွားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အရင် IAEA မှာပါဝင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာသူတို့ကျွမ်းကျင်စုံစမ်းရေးပညာရှင်တွေ ထုတ်ပယ်ခံရပြီးနောက် အဖွဲ့ကနေ နုတ်ထွက်ပြီး နျူကလီးယားစမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

Ref: asahi
MKF-001

#MeKongNews

#မြောက်ကိုရီးယား

#အမေရိကန်

#နျူကလီးယား

#IAEA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ရုရှားထောက်ခံ ဆလိုဗက်ကီးယားဝန်ကြီးချုပ် လုပ်ကြံခံရမှု ဥရောပကို သွေးခွဲဖို့ ပူတင်ကြံစည်တာဖြစ်နိုင်

ပြည်သူနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ထွက်လာမှုမှာ သေနတ်နဲ့ အနီးကပ် ၅ ချက် ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ဒီဖြစ်စဉ်ဟာ ဥရောပရဲ့ စည်းလုံးမှုကို နှစ်ပိုင်းခွဲဖို့
ကမ္ဘာ့သတင်း

ယူကရိန်း ဒုတိယအကြီးဆုံးမြို့ခါကိဗ်ကို ရုရှားရဲ့ထိုးစစ် အသာရနေ

တင်ရဲ့ ရုရှားတပ်တွေဟာ စစ်သည်အင်အား ၄၀၀၀၀၊ တင့်ကား အစီး ၅၀၀ နဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်ဒေသကို အလုံးအရင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ အရပ်သားကို မှားယွင်းပစ်ခတ်မိခဲ့ကြောင်း ဝန်ခံသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ်နဲ့ အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာသွား ပါတယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now