ကမ္ဘာ့သတင်း

အာကာသထဲ နျူကလီးယားလက်နက် လွှတ်တင်ပြီး ပူတင်ကမ္ဘာကို ခြိမ်းခြောက်ဖို့ စီစဉ်

မဲခေါင် 16 Feb - 2024
ရုရှားသမ္မတပူတင်ဟာ အာကာသထံ နျူကလီးယားလက်နက် လွှတ်တင်ထားရှိပြီး ကမ္ဘာကို ခြိမ်းခြောက်ဖို့ စီစဉ် နေကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်က သိရှိထားတယ်လို့ ဆိုပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ရုရှားသမ္မတပူတင်ဟာ အာကာသထံ နျူကလီးယားလက်နက် လွှတ်တင်ထားရှိပြီး ကမ္ဘာကို ခြိမ်းခြောက်ဖို့ စီစဉ် နေကြောင်း အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်က သိရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် လွှတ်တော် ထိပ်တန်းအရာရှိတွေကြားမှာ ဒီသတင်းကြောင့် စိုးရိမ်တကြီးဖြစ်နေကြပြီး ပူတင်ရဲ့ ဒီလုပ်ရပ်ဟာ ကနဦးအဆင့် ကမ္ဘာမြေပေါ် နျူကလီးယားလက်နက်နဲ့ပစ်မှာမဟုတ်ဘဲ အာကာသထဲက အမေရိကန်နဲ့ အနောက် မဟာမိတ်အင်အားစုတွေရဲ့ ဂြိုဟ်တုတွေကို ဖျက်ဆီးဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ရုရှားရဲ့ အစီအစဉ်ဟာ အားချင်းလုပ်ဆောင်မှာမဟုတ်ပေမယ့် အမျိုးသားလုံးခြုံရေးကို ပြင်းထန်ဆိုးရွားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနက သုံးသပ်ထားသလို ဂျိုးဘိုင်ဒန်ကလည်း ရုရှားရဲ့ ခြေလှမ်းတိုင်းကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဆင်နွှဲတဲ့ ကာလအတွင်း ကမ္ဘာ့ နျူကလီးယားပိုင် နိုင်ငံကြီးတွေဟာ မကြာ ခင် တတိယကမ္ဘာစစ်အသွင်နဲ့ နျူကလီးယားစစ်ပွဲ ဖြစ်ပွားလာနိုင်လို့ နျူကလီးယားလက်နက် ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီးအပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။

ရုရှားမှာ နျူကလီးယားထိပ်ဖူး ၅၉၇၇ ခု၊ အမေရိကန်မှာ ၅၄၂၈ ခု၊ တရုတ်မှာ ၃၅၀ ခု၊ ပါကစ္စတန်မှာတောင် ၁၆၅ ခု ရှိနေပြီဖြစ်လို့ လက်ရှိကမ္ဘာ့စစ်ရေးအခင်းအကျင်းဟာ နျူကလီးယားစစ်ပွဲဖြစ်ဖို့ နီးစပ်လွန်းနေပြီလို့ သုံးသပ်နေကြပါတယ်။

တကယ်လို့ ရုရှားက အာကာသထဲ နျူကလီးယားလက်နက် လွှတ်တင်မယ်ဆိုရင် ဒါဟာ ၁၉၆၇ ခုနှစ်က အာကာသသဘောတူညီချက်စာချုပ်ကို ရုရှားချိုးဖောက်တာဖြစ်တယ်လို့ ဩစတြေးလျ မဟာဗျူဟာ အင်စတီကျု စီနီယာသုတေသီ ဒေါက်တာမယ်လ်ကွန်ဒါးဗီးစ်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်လို့ ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့ဗ်က အမေရိကန်အိမ်ဖြူတော်ရဲ့ နောက်ထပ် လုပ်ကြံဖန်တီးတဲ့ ပုံပြင်အတုကြီးလို့ ငြင်းချက် ထုတ်ခဲ့ပါတယ်။

ရုရှားဟာ မြေပြင် စစ်ရေး၊ စီးပွားရေး သတင်းအချက်အလက်နဲ့ ပစ်မှတ်နေရာပေါင်းစုံကို သတင်းပေးပို့မှတ်တမ်း ယူနေတဲ့ အမေရိကန်နဲ့အနောက်အင်အားစုတွေရဲ့ ဂြိုဟ်တုတွေကို အာကာသထဲ နျူကလီးယားလက်နက်နဲ့ ဖျက် ဆီးခဲ့ရင် မြေပြင်စစ်ရေးမှာ သေချာပေါက်အသာရသွားမှာဖြစ်လို့ မိုက်ရူးရဲဆန်စွာ တကယ်လုပ်ဆောင်မှာဖြစ် ကြောင်း အိမ်ဖြူတော်ထောက်လှမ်းရေးကော်မတီ အကြီးအကဲ ရီပါဘလစ်ကန်အမတ် မိုက်ခ်တင်နာက စိုးရိမ် တကြီး ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဂျိုးဘိုင်ဒန်ကတော့ ပြည်သူအများအပြား ထိတ်လန့်တုန်လှုပ်မှုကြီးစွာ ဖြစ်နိုင် တဲ့သတင်းမို့ အများပြည်သူသိ မထုတ်ပြန်ဘဲ ထားဖို့ မှာကြားထားကြောင်း အတွင်းသတင်းအရ သိရပါတယ်။

ရုရှားသမ္မတဟောင်း မက်ဗီဒက်ကိုယ်တိုင်ကလည်း နျူကလီးယားစစ်ပွဲကြီးဖြစ်ပွားပြီး ကမ္ဘာပျက်ခဲ့ရင်တောင် နေတိုးနဲ့ အနောက်အင်အားစု ခေါင်းဆောင်တွေကိုသာ အပြစ်ဖို့ရမှာဖြစ်ကြောင်းနဲ့ အာကာသထဲကနေ နျူကလီး ယားဒုံးကျည်နဲ့ ပစ်ရင် ကမ္ဘာ့ ဘယ်အရပ်ဒေသမဆို မိနစ် ၃၀ အတွင်း ပစ်ခတ်နိုင်ပြီး ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ပြောဆိုမှု လုပ်ထားပါသေးတယ်။

Ref:Thesun
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

ဆီးရီးယားမှာ အယ်လ်ခိုင်းဒါးခေါင်းဆောင်ကို သုတ်သင်မှု အရပ်သားဖြစ်ခဲ့ကြောင်း အမေရိကန် ဝန်ခံ

အမေရိကန်ဟာ ဆီးရီးယားနိုင်ငံအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ အယ်လ်ခိုင်းဒါး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ခဲ့ရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီး အမေရိကန်ဗဟိုဌာနချုပ်က အရပ်သား မှားယွင်းသေဆုံးမှုဟုတ်မဟုတ် စုံစမ်းဖော်ထုတ်ခိုင်းရာက အခုမှ
ကမ္ဘာ့သတင်း

ယူကရိန်းမှာ ရုရှားတပ်တွေ ဓာတုလက်နက်သုံးတယ်လို့ အမေရိကန် စွပ်စွဲပြီး လူပုဂ္ဂိုလ်နဲ့အသင်းအဖွဲ့ ၂၈၀ ကျော်ကို ပိတ်ဆို့အရေးယူ

ယူကရိန်းကျူးကျော်စစ်မှာ နိုင်ငံတကာဓာတုလက်နက်အသုံးမပြုရေး သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ဓာတုလက်နက်တွေ သုံးခဲ့တယ်လို့ မေ ၁ ရက်နေ့မှာ စွပ်စွဲလိုက်သလို ရုရှားနဲ့ ပတ်သက်တဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဒေါ်လာ ၁၃ ဘီလီယံတန် အိမ်ဖြူတော် လေယာဉ်ကြီး အမေရိကန် တည်ဆောက်ဖို့ စီစဉ်

လက်ရှိအနေအထားမှာတင် ကမ္ဘာ့စစ်ရေးအခြေအနေတွေ တင်းမာသထက်တင်းမာလာတာကြောင့် နျူကလီးယားနဲ့ စစ်တိုက်ကြမယ့် တတိယကမ္ဘာစစ်ကြီးဖြစ်လာနိုင်လို့ အမေရိကန်ဟာ အိမ်ဖြူတော် ရုံးချုပ်ကြီး နျူကလီးယားရန်က လွတ်စေမယ့် အဆင့်အမြင့်ဆုံး လေယာဉ်ပျံတစ်စီးကို ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ယူကရိန်းက ဟယ်ရီပေါ်တာရဲတိုက် ရုရှားကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးပြီး ၅ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ပယ်လယ်နက်ကမ်းခြေ အော်ဒက်ဆာမြို့က အထင်ကရ ဥပဒေရေးရာ တက္ကသိုလ် ဖြစ်တဲ့ ဟယ်ရီပေါ်တာရဲတိုက်ကြီးဟာ ရုရှားပစ်ခတ်တဲ့ ကလက်စတာဗုံးတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

စစ်အတွင်း ရုရှားဘက်ကစစ်သည် ၄၅၀၀၀၀၊ တင့်ကား ၃၀၀၀၊ လေယာဉ် အစီး ၅၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ယူကေထောက်လှမ်းရေးထုတ်ပြန်

ယူနိုက်တက်ကင်းဒမ်း (ယူကေ) ထောက်လှမ်းရေးအဖွဲ့က ယူကရိန်းစစ်အတွင်း ရုရှားဘက်က စစ်သည် ၄၅၀၀၀၊ တင့်ကားအပါယာဉ်ပေါင်း ၃၀၀၀ ကျော်နဲ့ လေယာဉ်ပေါင်း ၅၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်သွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

တရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူး ခြေချနိုင်ဖို့ အမေရိကန် ကူညီမယ်

တရုတ်ရဲ့ အာရှမှာ ပထမဆုံးလကမ္ဘာပေါ် ခြေချနိုင်မယ့် ရည်မှန်းချက်ကို အမေရိကန်က ပျက်သုဉ်းသွားစေဖို့ ဂျပန်ကိုကူညီပြီးတရုတ်ထက်အရင် လကမ္ဘာပေါ် ဂျပန်အာကာသယာဉ်မှူးကို ခြေချနိုင်စေဖို့ ကူညီသွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the area near the South China Sea and Taiwan

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now