မဲခေါင်၊ ဒီဇင်ဘာ ၂
ဒီဇင်ဘာ ၁ ရက်နေ့ ဥရောပစံတော်ချိန် မနက် ၇ နာရီမှာ အစ္စရေးနဲ့ ဟားမက်စ်တို့ ဓားစာခံနဲ့အကျဉ်းသားတွေ လဲလှယ်ရေး အပစ်အခတ်ရပ်စဲထားမှု အချိန်ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် မိနစ်ပိုင်းအကြာမှာပဲ အစ္စရေး တပ်ဟာ ဂါဇာထဲ မြေပြင်ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဟားမက်စ်နဲ့ အစ္စရေးဟာ ဓားစာခံတွေ လဲလှယ်ခဲ့ပြီးနောက် အပစ်အခတ်သဘောတူညီချက် ရက်စွဲကို နောက်ထပ် ၂ ရက် ထပ်တိုးဖို့ အီဂျစ်နဲ့ ကာတာက ကြားဝင်ပြီး စည်းရုံးခဲ့ပါတယ်။
အပစ်အခတ် ရပ်ထားတဲ့ ဂါဇာထဲက လက်နက်ကိုင်တွေဟာ သဘောတူညီချက်ကို ချိုးဖောက်ပြီး အစ္စရေးဘက် ပစ်ခတ်တိုက်ခိုက်လို့ အပစ်ရပ်ရေး သဘောတူညီမှုရက် ထပ်မတိုးတော့ဘဲ စစ်ပွဲပြန်လည် ဆင်နွှဲတာဖြစ်တယ် လို့ အစ္စရေး စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဘက်က ဟားမက်စ်တွေအနေနဲ့ ဖမ်းထားတဲ့ ဓားစာခံတွေထဲက အမျိုးသမီးနဲ့ကလေးတွေကို ပိုပြီး မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး အသက်ရှင်လျှက်ပြန်လွှတ်ပေးတာကိုပဲ အလိုရှိနေပါတယ်။
သေဆုံးမှုတွေကို အကြောင်းပြရင် ထိုးစစ်ကို ချက်ချင်း ပြန်ဆင်နွှဲရမယ်လို့ သတိပေးရင် သဘောတူညီချက်မရတော့ဘဲ တိုက်ပွဲ ပြန်စတာဖြစ်လို့ အမေရိကန်က အစ္စရေးအနေနဲ့ ဂါဇာမှာ ပြည်သူတွေ အန္တရာယ်ကျရောက်မှု နည်းပါးဖို့ သတိထားရေး တိုက်တွန်းခဲ့ပါတယ်။
Ref: cnn
MKF-001
#MeKongNews
#အစ္စရေး
#ဟားမက်စ်
#တိုက်ပွဲ
#ပြန်ဖြစ်
#ဂါဇာ
#မိနစ်ပိုင်း