မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ဖော်ဖော်ဝါရီ ၁၈ ရက်က ယီမင်နိုင်ငံကမ်းလွန်ပင်လယ်မှာ ယူကေမှတ်ပုံတင် ကုန်တင်သင်္ဘော ပင်လယ်နီ ဘက်အယ်လ်မန်ဒက်ရေလက်ကြားအနီး ပစ်ခတ်တိုက်ခိုက်မှုတွေခံရတဲ့အတွက် သင်္ဘောသားအားလုံးဟာ သင်္ဘောကို စွန့်ပစ်ထားရှိခဲ့ပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေးကို ဆက်သွယ်ထားတဲ့ ဘက်အယ်လ်မန်ဒက်ရေလက်ကြားကို မျက်ရည်များရဲ့ ဂိတ်လို့ နာမည်ပေးလာရပြီး နိုဝင်ဘာလ လယ်ပိုင်းကတည်းက ယီမင်အခြေစိုက် အီရန်ထောက်ပံ့ ဟူသီသူပုန်အဖွဲ့က ပါလက်စတိုင်းအပေါ် ထောက်ခံအားပေးမှုအဖြစ် အစ္စရေးနဲ့ပတ်သက်တဲ့ သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေခဲ့ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေကြောင်းရဲ့ ၁၅ ရာခိုင်နှုန်း ဖြတ်သန်းရတဲ့ ဒီရေလက်ကြားကို ယူအေအီးကနေ ဘူလ်ဂေးရီးယားအထိ သွားမယ့် ယူကေမှတ်ပုံတင် ကုန်တင် သင်္ဘောဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုခံရတဲ့နောက် အားလုံး သင်္ဘောကို စွန့်ခွာ ထွက်ပြေးသွားကြတာဖြစ်ပါတယ်။
လက်ရှိမှာ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တွေဟာ အမေရိကန်၊ ယူကေ စစ်သင်္ဘောတွေနဲ့ ပူးပေါင်းပြီး စွန့်ပစ် သင်္ဘော ကို သွားရောက်စစ်ဆေးနေခဲ့ပြီး အမေရိကန်နဲ့ ယူကေဟာ ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ဒုံးကျည်တွေ ပစ်ခတ်ရာ ပစ်မှတ်တွေကို ဆက်လက်သွားရောက်ပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
သင်္ဘောကုမ္ပဏီကြီးများစွာဟာ ပင်လယ်နီမှာ အန္တရာယ်ရှိခြင်းကြောင့် အများကြီး လမ်းကြောင်းပိုရှည်တဲ့ ရေလမ်း အဖြစ် ဆူးအက်တူးမြောင်းကနေ တောင်အာဖရိကရဲ့ Cape of Good Hope ကိုဖြတ်ပြီး လမ်းကြောင်းသစ်ရွေးချယ် သွားလာနေခဲ့ပါတယ်။
ဒါကြောင့် နိုဝင်ဘာနဲ့ ဇန်နဝါရီလအကြား ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ သယ်ဆောင်ရေး စျေးနှုန်းဟာ အဆ ၃၀၀ အထိမြင့်တက်သွားပြီး ကုန်စည်ရောက်ရှိမှုကလည်း သတ်မှတ်ရက်ထက် များစွာ နောက်ကျနေတာကြောင့် အခက်အခဲများစွာနဲ့ ကြုံနေရပါတယ်။
Ref:Thesun
MKF-001