မဲခေါင်၊ ဒီဇင်ဘာ ၈
တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ မဟာမိတ်သဘောတူညီချက်အရ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားသား ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာလအတွင်းက ပြန်ပို့ဆောင်ပေး လိုက်တဲ့ အယောက် ၆၀၀ ကို လုံး၀ ဆက်သွယ်မရတော့လို့ ကင်ဂျုံအန်သတ်ဖြတ်လိုက်ပြီး ဖြစ်မှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံသား ထောင်ပေါင်းများစွာဟာ အငတ်ဘေးနဲ့ ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်ခံရမှုကြောင့် နိုင်ငံ အတွင်းက ထွက်ပြေးရာမှာ တောင်ကိုရီးယားဘက်ပြေးသူလည်းများသလို တရုတ်နိုင်ငံကို နယ်စပ်ဖြတ်ကျော် ပြီး ထွက်ပြေးသူလည်း အမြောက်အများရှိနေပါတယ်။
ကင်ဂျုံအန်ဟာ ဒီလိုထွက်ပြေးခြင်းဟာ ရာဇဝတ်မှုကြီးဖြစ် သလို နိုင်ငံတော် သစ္စာဖောက်မှုလည်းဖြစ်တယ်လို့ ပြင်းထန်စွာ သတိပေးထားပြီး ဖမ်းမိသူတွေကို နှိပ်စက်၊ ထောင်ချရုံသာမက ကွပ်မျက်တာတွေအထိ ရက်စက်စွာလုပ်ဆောင်ခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် NGO အဖွဲ့ဖြစ်တဲ့ တရားမျှတစွာ အသွင်ကူးပြောင်းရေးလုပ်ငန်းအဖွဲ့ (Transitional Justice Working Group) က စုံစမ်းဖော်ထုတ်ခဲ့တဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီအစီရင်ခံစာမှာ တရုတ်အာဏာပိုင်တွေဟာ အောက်တိုဘာ ၉ ရက်နေ့တစ်ရက်တည်းမှာပဲ တရုတ်-မြောက်ကို ရီးယားနယ်စပ် ဂိတ် ၅ ခုကနေ ထွက်ပြေးသူ မြောက်ကိုရီးယားသား အယောက် ၆၀၀ ကို မြောက်ကိုရီးယားဆီ ပြန်ပို့ပေးခဲ့ပါတယ်။
၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပြီး တရုတ် ထိန်းသိမ်းရေးစခန်းတွေမှာ နောက်ထပ် ထပ်ပြန်ပို့မယ့် မြောက်ကိုရီးယားနိုင်ငံသား ၁၅၀၀ ကျော် ရှိနေသေးပြီး ပထမအယောက် ၆၀၀ တောင် သတင်း အစအနမရတော့လို့ ထပ်ပြန်ပို့မယ့်သူတွေ အသတ်ခံရမှာကို စိုးရိမ်းရတယ်လို့ တင်ပြထုတ်ပြန်သွားပါတယ်။
Ref:Thesun
MKF-001
#MeKongNews
#တရုတ်
#မြောက်ကိုရီးယား
#သတ်ဖြတ်
#မဟာမိတ်
#ပြန်ပို့