မဲခေါင်၊ ဖေဖော်ဝါရီ ၂၇
ရုရှားရဲ့ ကျူးကျော်စစ် ၂ နှစ်ပြည့်အခမ်းအနားမှာ ယူကရိန်းသမ္မတ ဇီလန်းစကီးက ပထမဆုံးအကြိမ်အဖြစ် စစ်ပွဲ အတွင်း ယူကရိန်းစစ်သားသေဆုံးအရေအတွက်ကို ထုတ်ပြန်ပြောဆိုခဲ့သလို တွန်းလှန်စစ် မအောင်မြင်ဘဲ တုံ့ဆိုင်းနေရတဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။
ရုရှားဘက်က သတင်းမှားဖြန့်သလို စစ်ပွဲကာလအတွင်း ယူကရိန်းစစ်သည် ၃၀၀၀၀၀၊ ၁၅၀၀၀၀ သေဆုံးတာ မဟုတ်ပေမယ့် ၃၁၀၀၀ ကျဆုံးခဲ့ကြောင်း၊ ရုရှားဘက်က လူသားအရင်းအမြစ်ကို ပိုမိုသာလွန်သုံးစွဲပြီး အသေခံ ခိုင်းတဲ့ ဗျူဟာကြောင့် ယူကရိန်းစစ်သား ၁ ယောက်ကျဆုံးရင် ရုရှားဘက်က ၁၀ ယောက်နှုန်းကျဆုံးခဲ့ကြောင်း၊ စုစုပေါင်း ၄၁၀၀၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း ဇီလန်းစကီးက စတင်ပြောကြားသွားပါတယ်။
မနှစ်က နယ်မြေပြန်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်ဆင်ရာမှာ မအောင်မြင်ဘဲ တုံ့ဆိုင်းနေခဲ့ရတာက စစ်ရေး သတင်း အချက်အလက်တွေ ပေါက်ကြားခဲ့တာက တစ်ကြောင်း၊ အမေရိကန်နဲ့ အနောက်မဟာမိတ်အင်အားစုဆီက အထောက်အပံ့တွေ အလုံအလောက် မရရှိသေးတာက တစ်ကြောင်းကြောင့် ဖြစ်ကြောင်း ဇီလန်းစကီးက ဆိုပါတယ်။
“ဒီစစ်ပွဲမှာ ယူကရိန်း ရှုံးသွားခဲ့ရင် ကျွန်တော်တို့အတွက် အခြေအနေတွေက အရမ်းကို ခက်ခဲသွားပါလိမ့် မယ်။ ကျွန်တော်တို့ဘက်က ဘယ်လောက်ပမာဏ သေဆုံးမှုရှိမလဲဆိုတာ ကျွန်တော်တို့မဟာမိတ်တွေ၊ အနောက် ကမ္ဘာသားတွေအပေါ်မှာ မှီတည်နေပါတယ်” လို့ ဇီလန်းစကီးက အကူအညီပေးဖို့ တောင်းဆိုသွား ပါတယ်။
ဥရောပသမဂ္ဂဟာ ယူကရိန်းကို ဒုံးကျည် ၁ သန်း ပေးဖို့ ကတိပြုထားပေမယ့် လက်ရှိမှာ ၃၀ ရာခိုင်နှုန်း သာ လက်ခံရရှိသေးပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းစစ်ရေးအထောက်အပံ့ ဒေါ်လာဘီလီယံ ပေါင်းများစွာ ပေးအပ်ဖို့ အဆိုတင်ထားမှုဟာလည်း လွှတ်တော်မှာ အတိုက်အခံ ရီပါဘလစ်ကန်ပါတီဝင်တွေရဲ့ ကန့်ကွက်ခြင်းခံနေရမှုကြောင့် လက်နက် ရှားပါး မှုနဲ့ ရင်ဆိုင်နေရကြောင်း ဇီလန်းစကီးက ဆက်လက်ပြောဆိုပါတယ်။
ဒါအပြင် နိုဝင်ဘာလ အမေရိကန် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီး သမ္မတ ပြန်ဖြစ်လာ ခဲ့ရင် ပြည်ပရေးရာ စွက်ဖက်မှု ဆက်ထား၊ မထားက ယူကရိန်းကို ဆက်ထောက်ပံ့ဖို့ ဒါမှမဟုတ် လုံးမမထောက်ပံ့ တော့ဖို့ဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်တည်လာနိုင်လို့ အကောင်းမြင်ရှုထောင့်ကနေ မြင်ချင်ကြောင်း ဇီလန်းစကီးဘက်က တောင်းပန်စကားဆိုသွားခဲ့ပါတယ်။
Ref:Thesun
MKF-001