မြန်မာ့နွေဦး

မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ခရိုနီ ဦးအောင်အောင်ဇော် ပိုင် MAI လေကြောင်းလိုင်းရဲ့ စင်ကာပူ UOB ဘဏ်အကောင့်တွေ ပိတ်ခံရ

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ဆိုင်တဲ့ MAI (Myanmar Airways International) လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို စင်ကာပူနိုင်ငံရှိ UOB(United Oversea Bank) ဘဏ်က ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ခရိုနီ ဦးအောင်အောင်ဇော် ပိုင်ဆိုင်တဲ့ MAI (Myanmar Airways International) လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို စင်ကာပူနိုင်ငံရှိ UOB (United Oversea Bank) ဘဏ်က ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

MAI လေကြောင်းလိုင်းရဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ UOB ဘဏ်အကောင့်တွေဟာ ဇူလိုင် ၃၁ ရက်ကနေစပြီး ငွေပေးချေနိုင်တော့မှာ မဟုတ်ဘဲ သြဂုတ် ၁၅ ရက်မှာတော့ အကောင့်အားလုံးပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

“လုပ်ငန်းရှင် အချင်းချင်းတော့ (ဘဏ်အကောင့်တွေ ပိတ်ခံရတဲ့အကြောင်း) ပြောနေကြတယ်၊ နောက်နေ့မှာတော့ သတင်းတွေထဲပါလာတယ်။ (လုပ်ငန်းရှင်) အကြီးပိုင်းကို စုံစမ်းတော့ အတိအကျမပြောဘူး” လို့ စီးပွားရေးလုပ်ငန်းရှင်အကြီးတွေနဲ့ ဆက်ဆံရေးရှိတဲ့ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြောပါတယ်။

ဘဏ်အကောင့်အပိတ်ခံရတာနဲ့ ပတ်သက်ပြီး MAI လေကြောင်းလိုင်းက တာဝန်ရှိသူတွေကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။

အဲ့ဒီလို MAI လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံလိုက်ရတာကို ကြိုဆိုကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက မနေ့ ဇူလိုင် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို အသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေ၊ စစ်ထောက်ပံ့ပစ္စည်းတွေနဲ့ လောင်စာဆီတွေ ဝယ်ယူနေတဲ့အတွက် အခုလိုကြပ်မတ်ပေးလိုက်တဲ့ စင်ကာပူအစိုးရကို ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MAI လေကြောင်းလိုင်းကို 24 Hour Group of Compamy ပိုင်ဆိုင်ထားပြီး အဲ့ဒီကုမ္ပဏီအုပ်စုကို ပိုင်ဆိုင်သူဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဦးအောင်အောင်ဇော် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အထင်ကရလေကြောင်းလိုင်းတွေဖြစ်တဲ့ MAI နဲ့ Air KBZ တို့ကို ကမ္ဘောဇလုပ်ငန်းစုဖြစ်တဲ့ ဦးအောင်ကိုဝင်း ဆီကနေ 24 Hour အုပ်စုရဲ့ ဦးအောင်အောင်ဇော် က ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှာ ရောင်းချခဲ့တာပါ။ အဲ့ဒီအချိန်က ဘယ်လောက်နဲ့ရောင်းချခဲ့တယ်ဆိုတာ မသိရပါဘူး။

ဦးအောင်အောင်ဇော်ဟာ စစ်ကောင်စီဘက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ဟောင်းမှာ ပထမဆုံးတည်ဆောက်မယ့် မြန်မာဘုန်းတော်ကြီးကျောင်းမြေနေရာအတွက် ဒေါ်လာ ၇၈၀၀၀ နဲ့ ဒီလအတွင်းမှာ ဝယ်ယူပေးခဲ့တယ်လို့ စစ်အုပ်စုဘက်က သတင်းတွေမှာ ဖော်ပြပါတယ်။

စင်ကာပူ UOB ဘဏ်က အကောင့်တွေပိတ်ခံလိုက်ရတဲ့ 24 Hour လုပ်ငန်းစုဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ကိုးကန့် BGF နဲ့လည်း အခုနှစ် ဇန်နဝါရီလအတွင်းမှာ သွားတွေ့ခဲ့ပါသေးတယ်။

အဲ့ဒီလိုသွားတွေ့တာဟာ ကိုးကန့် BGF နဲ့ 24 Hour ကုမ္ပဏီအုပ်စုကြား ရဟတ်ယာဉ် သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ဖို့ မြေနေရာသွားကြည့်တာတွေ၊ လေယာဉ်ကွင်းတည်ဆောက်ဖို့၊ သင်ကြားပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းပေးဖို့တွေ ပါဝင်တယ်လို့ သိရပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြို့ပြလေဆိပ်ငယ်တစ်ခုတည်ဆောက်ဖို့အထိ ရည်ရွယ်ထားတယ်လို့ ကိုးကန့် BGF က ထိန်းချုပ်ထားတဲ့ ကိုးကန့်သတင်း(kokangnews) မှာ ဖော်ပြပါတယ်။

၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ 24 Hour စီးပွားရေးအုပ်စုဟာ အိမ်ခြံမြေ၊ သတ္တုတွင်းလုပ်ငန်းနဲ့ နည်းပညာလုပ်ငန်းအပါ တနင်္သာရီတိုင်းမှာ ဆီးအုန်းစိုက်ပျိုးရေးတွေလုပ်ငန်းတွေနဲ့ ကုမ္ပဏီကို စတင်ထူထောင်ခဲ့တာပါ။

မင်းအောင်လှိုင် တပ်ချုပ်ဖြစ်ပြီးနောက်ပိုင်းမှာ ခရိုနီဘိုးအေလို့ ပြောလို့ရတဲ့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုပိုင် MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေကိုပါ ဝယ်ယူနိုင်ခဲ့ပါတယ်။

လေကြောင်းလိုင်းလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စက်သုံးဆီလုပ်ငန်း၊ လေယာဉ်ဆီတင်သွင်းတဲ့ လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ 24 Hour စီးပွားရေးလုပ်ငန်းစုဟာ စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းပေးနေတာကိုလည်း လုပ်ဆောင်နေပါတယ်။

MK-006

#MeKongNews

#MAI

#စစ်အုပ်စု

#ဦးအောင်အောင်ဇော်

#လေကြောင်းလိုင်း

ပုံစာ- အခုနှစ် ဇန်နဝါရီလပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေယာဉ်ကွင်းတည်ဆောက်ဖို့ လာကြည့်တဲ့ ခရိုနီ ဦးအောင်အောင်ဇော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now