မဲခေါင်၊ ဇွန် ၁၈
တရုတ်က အလိုရှိနေသည့် အမှုနှင့်ဆက်စပ်သည့် သံသယတရားခံ ၂ ဦးကို ဖမ်းဆီးပြီး လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့-UWSA က ယနေ့တွင် သတင်းထုတ်ပြန်သည်။
အမှုနှင့် ဆက်စပ်သည့် သံသယတရားခံ တရုတ်၂ ဦးကို မုန်အာ နယ်စပ်ဂိတ်မှ တစ်ဆင့် စာရွက်စာတမ်းများ နှင့်အတူ လွဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု “ဝ”တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် လွှဲပြောင်းပေးလိုက်သည့် သံသယတရားခံ ၂ ဦးသည် မည်သည့်အမှုနှင့် ဆက်စပ်သည်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။
ယင်းအမှုနှင့် ဆက်စပ်သူ သံသယတရားခံ ၂ ဦးမှာ တရုတ်ဘက်မှ ကူညီဖမ်းဆီးပေးရန် တရားဝင်.စာပို့တောင်းဆိုထားသဖြင့် “ဝ”တပ်ဖွဲ့က ဖမ်းဆီးပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဝ”တပ်ဖွဲ့-UWSA သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအပေါ် “လုံးဝ သည်းမခံ” သည့် မူဝါဒကို အစဉ်အမြဲ ကိုင်စွဲထားသည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
“ဝ”တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန် ၁၅ ရက်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် တရုတ် ၃၉ ဦးကို နယ်စပ်ဂိတ်မှ တစ်ဆင့် ပြန်လည် လွှဲပြောင်းပေးခဲ့သေးသည်။
#MeKongNews
#တရုတ်
#အလိုရှိ
#UWSA
#ဖမ်းဆီး








