နေ့စဥ်သတင်း

မိုင်းရယ်တွင် ကျားဖြန့်ဖမ်းဆီးမှု “ဝ”​တပ်ဖွဲ့ဦးဆောင်ခဲ့သော်လည်း စစ်ကောင်စီ သတင်းတွင် ချန်လှပ်ခဲ့

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖေါ်ဝါရီ ၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ဟိုက်ပုကျေးရွာ အနီးရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို “ဝ” တပ်ဖွဲ့ – UWSA က ဦးဆောင်ဖမ်းဆီးခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် UWSA က ဦးဆောင် ဖမ်းဆီးခဲ့ခြင်းကိုမူ သတင်း ချန်လှပ်ထားသည်ကို တွေ့ရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာ အနီးရှိ ကျားဖြန့်လုပ်ငန်းကို UWSA က ဦးဆောင်ဖမ်းဆီးခဲ့ပြီး နောက်မှသာ စစ်ကောင်စီ တန့်ယန်းဗျူဟာမှူး ဦးဆောင်သည့်အဖွဲ့က ရောက်လာကာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး

မဲခေါင်၊ ဖေဖေါ်ဝါရီ ၄

ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ ဟိုက်ပုကျေးရွာ အနီးရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို “ဝ” တပ်ဖွဲ့ – UWSA က ဦးဆောင်ဖမ်းဆီးခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် UWSA က ဦးဆောင် ဖမ်းဆီးခဲ့ခြင်းကိုမူ သတင်း ချန်လှပ်ထားသည်ကို တွေ့ရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာ အနီးရှိ ကျားဖြန့်လုပ်ငန်းကို UWSA က ဦးဆောင်ဖမ်းဆီးခဲ့ပြီး နောက်မှသာ စစ်ကောင်စီ တန့်ယန်းဗျူဟာမှူး ဦးဆောင်သည့်အဖွဲ့က ရောက်လာကာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၃၂၁ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၃၀ ဦးတို့ကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မိုးကာအစိမ်းစများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံ ၁၅ လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံ ၁၀ လုံး၊ အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် မီးစက် ၂ လုံး၊ ဖုန်းမျိုးစုံ ၂၀၈ လုံး၊ ALL-IN-ONE ကွန်ပျူတာ ၈၆ လုံး၊ လက်တောပ့် ၇ လုံး၊ စတားလင့်အင်တာနက်၂၃ လုံး၊ ကားမျိုးစုံ ၁၀ စီးတို့ကိုလည်း သိမ်းဆည်းမိခဲ့သည်ဟု စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဝ က ရှေ့ကနေ ဦးဆောင်ပြီး လာဖမ်းတာ။ ကျားဖြန့်စခန်းကို လာဝိုင်းတာကလည်း “ဝ” ပဲ၊ ပြီးမှ စစ်ကောင်စီ ဗျူဟာမှူးနဲ့ အဖွဲ့က ဓာတ်ပုံရိုက်တာ၊ လာမဖမ်းခင်ကလည်း ကြိုအကြောင်းထားပြီးသားမို့လို့ ကျားဖြန့်သူဌေးတွေ လုံခြုံရေး ယူပေးတဲ့သူတွေက အကုန်လွတ်တယ်။ အဲ့ကျားဖြန့်ရုံက တစ်လကျော်လောက်ပဲ ရှိသေးတယ်။ ရုံတွေ ဆောက်တာတောင် မပြီးသေးဘူး” ဟု ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

ယင်းဖမ်းမိသည့် နေရာသည် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ်များ၏ ထိန်းချုပ်နယ်မြေ အတွင်းတွင် တည်ရှိသည့် နေရာဖြစ်သည်။

“ဟိုက်ပုရွာက စစ်ကောင်စီနဲ့ မိုင်းဟပြည်သူ့စစ် စိုးမိုးနေရာပါ။ ဒါပေမဲ့ အခု ဖမ်းတာက နမ့်ပန်မြစ်ရဲ့ အရှေ့ဘက်မှာဆိုတော့ စစ်ကောင်စီ အဓိကစိုးမိုးတဲ့ နယ်မြေပဲ၊ ကျားဖြန့်တွေကို လာဖမ်းတာ ပြည်သူ့စစ်တွေတောင် မပါဘူး။ “ဝ” နဲ့ စစ်တပ်ပဲ လာဖမ်းတာ၊ အခုတစ်ခါဖမ်းတာက တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေမဟုတ်ဘူး။ သူတို့ စကစ စိုးမိုးနယ်မြေပဲ” ဟု ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

ဖမ်းဆီး သိမ်းဆည်းမိသည့် ကျားဖြန့် လုပ်ကိုင်သူများနှင့် ပစ္စည်းများကို ဥပဒေအရ ဆက်လက် အရေးယူသွားမည် ဖြစ်ပြီး နောက်ကွယ် ပါဝင်သူများကိုလည်း ဖော်ထုတ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ဆိုသည်။

#MeKongnews
#မိုင်းရယ်
#ကျားဖြန့်
#တရုတ်
#စစ်ကောင်စီ
#UWSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now