နေ့စဥ်သတင်း

တရုတ်နယ်စပ် မုန်အားဂိတ် ပြင်ဆင်ရန် ယာယီပိတ်မည်

မဲခေါင် 22 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၂ UWSA ထိန်းချုပ် တရုတ်နယ်စပ် မုန်အားဂိတ် အဆင့်မြှင့်တင်မွမ်းမံရန် စီမံကိန်းများ စတင်မည်ဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း WSTV က အောက်တိုဘာ ၂၀ ရက်စွဲနှင့် ထုတ်ပြန်ထားသည်။ ယင်းဆောက်လုပ်ရေး လုပ်ငန်းပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းအား နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ပြီး နယ်စပ်ရေးရာ ကူးသန်းရောင်းဝယ်ရေးစင်တာကို ၃လခန့် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ ထုတ်ပြန်ချက်တွင် “ပြုပြင်မွမ်းမံချိန်ကာလအတွင်း နယ်စပ်ဒေသမှကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းမှအပ၊ ကုန်စည်တိုက်မှ လူအဝင်အထွက်နှင့် ယာဉ်များ၊ စီးပွားရေး ကုန်စည်အကြီးစားများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ပါသည်။ နယ်စပ်သူ/သားများ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများနှင့်

မဲခေါင်၊ အောက်တိုဘာ ၂၂

UWSA ထိန်းချုပ် တရုတ်နယ်စပ် မုန်အားဂိတ် အဆင့်မြှင့်တင်မွမ်းမံရန် စီမံကိန်းများ စတင်မည်ဖြစ်သောကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း WSTV က အောက်တိုဘာ ၂၀ ရက်စွဲနှင့် ထုတ်ပြန်ထားသည်။

ယင်းဆောက်လုပ်ရေး လုပ်ငန်းပြန်လည်ပြုပြင်အဆင့်မြှင့်တင်ခြင်းအား နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ပြီး နယ်စပ်ရေးရာ ကူးသန်းရောင်းဝယ်ရေးစင်တာကို ၃လခန့် ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် “ပြုပြင်မွမ်းမံချိန်ကာလအတွင်း နယ်စပ်ဒေသမှကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းမှအပ၊ ကုန်စည်တိုက်မှ လူအဝင်အထွက်နှင့် ယာဉ်များ၊ စီးပွားရေး ကုန်စည်အကြီးစားများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ ပုံမှန်ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ပါသည်။ နယ်စပ်သူ/သားများ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် ၂၀၀ နံပါတ်လမ်းဘက်သို့ သတ်မှတ်ပေးထားသော နေရာတွင် သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ပါသည်”ဟု ဖော်ပြပါရှိကြောင်း “ဝ” ဒေသ သတင်းများဖော်ပြသည့် Wa News Land က ဖော်ပြထားသည်။

ပန်ဆန်း(မုန်အား) ဂိတ်သည် “ဝ” ဒေသရှိ တရုတ် နယ်စပ်ဂိတ်ကြီး ၄ ခုထဲမှ တစ်ခုအပါဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၌ တရုတ်ကုန်စည်များ တင်သွင်းခွင့် ကန့်သတ်ခံခဲ့ရသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။

လက်ရှိတွင် ယင်း မုန်အား(မုန်စီး)ဂိတ် ယာယီပိတ်ထားသော်လည်း ကျန်ဂိတ်များဖြစ်သည့် ဆောဖာ (ပန်ဝိုင်ဂိတ်)၊ မန်ခါး (နမ့်တစ်ဂိတ်) နဲ့ ယုံးဟော့ ဂိတ်တို့မှ ဖွင့်ထားပြီး မကြာခင်ကပင် တရုတ်ကုန်ပစ္စည်းများအနက် စစ်သုံးပစ္စည်းများမှအပ ကျန်ကုန်ပစ္စည်းများ ပြန်လည်သယ်ဆောင်ခွင့် ရရှိနေပြီဖြစ်သည်။

#MeKongNews
#မုန်အားဂိတ်
#ပန်ဆန်း
#UWSA
#တရုတ်နယ်စပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now