နေ့စဥ်သတင်း

မိုင်းယောင်းတွင် ပြည်သူ့စစ် ခွင့်ပြုချက်ဖြင့် တရားမဝင်ရွှေတူးဖော်မှုများ ဆက်လက်လုပ်ကိုင်နေ

မဲခေါင် 24 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၄ ရှမ်းပြည်အရှေ့ပိုင်းတွင် တရားမဝင်ရွှေတူးဖော်မှုများကို ရပ်တန့်ခိုင်းထားသော်လည်း မိုင်းယောင်းမြို့နယ်အတွင်းတွင်မူ ရပ်နားမှု မရှိဘဲ ပြည်သူ့စစ်ကိုလာဘ်ထိုးကာ ရွှေဆက်တူးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင် ရွှေတူးဖော်မှုကို အလွန်အကျွံ ပြုလုပ်နေပြီး ချောင်းရေများ ညစ်ညမ်းပြီး ဒေသခံများ ရေအသုံးပြုရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ဩဂုတ်လ ၂၃ရက်တွင် ပြောသည်။ မိုင်းယောင်းမြို့၊ မုန်းလိုက်တံတားအောက်ရှိ ဟိုဒုံးရွာအနီးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ရက်မှ စတင်ကာ တရားမဝင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေခြင်းကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုရန် ခက်ခဲလာခြင်းဖြစ်သည်။ ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်းရေကို အဓိကထား အသုံးပြုနေကြရခြင်း ဖြစ်ရာ လက်ရှိတွင်

မဲခေါင်၊ ဩဂုတ် ၂၄

ရှမ်းပြည်အရှေ့ပိုင်းတွင် တရားမဝင်ရွှေတူးဖော်မှုများကို ရပ်တန့်ခိုင်းထားသော်လည်း မိုင်းယောင်းမြို့နယ်အတွင်းတွင်မူ ရပ်နားမှု မရှိဘဲ ပြည်သူ့စစ်ကိုလာဘ်ထိုးကာ ရွှေဆက်တူးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင် ရွှေတူးဖော်မှုကို အလွန်အကျွံ ပြုလုပ်နေပြီး ချောင်းရေများ ညစ်ညမ်းပြီး ဒေသခံများ ရေအသုံးပြုရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ဩဂုတ်လ ၂၃ရက်တွင် ပြောသည်။

မိုင်းယောင်းမြို့၊ မုန်းလိုက်တံတားအောက်ရှိ ဟိုဒုံးရွာအနီးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ရက်မှ စတင်ကာ တရားမဝင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေခြင်းကြောင့် မိုင်းယောင်းဒေသခံများ ရေအသုံးပြုရန် ခက်ခဲလာခြင်းဖြစ်သည်။

ဒေသခံများသည် နမ့်ယောင်းချောင်းနှင့် နမ့်ခပ်ချောင်းရေကို အဓိကထား အသုံးပြုနေကြရခြင်း ဖြစ်ရာ လက်ရှိတွင် ဟိုဒုံးရွာအနီးသာမက နမ့်ယောင်း ရေထွက်ရှိရာ နေရာအနီးဝန်းကျင်၌ ရွှေတူးဖော်မှုများ ပြုလုပ်ခြင်း၊ အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများ အသုံးပြုခြင်းတို့ကြောင့် ချောင်းရေများ အရောင်ပြောင်းကာ ညစ်ညမ်းနေသဖြင့် သောက်သုံးရေအတွက် စိုးရိမ်နေကြရသည်ဟု ဒေသခံများက ဆိုသည်။

“ဟိုဒုံးဘက်မှာတော့ ဒီနှစ်မှ စလုပ်တာပါ။ မိုင်းယောင်းမှာက မနှစ်ကတည်းက နေရာအနှံ့ ရွှေတူးနေကြတာ။ အခုဆို ချောင်းရေတွေက ညစ်ပတ်နေလို့ ငါးတွေပါ သေနေပြီ။ ရေသန့်တောင် ရဖို့ခက်နေတယ်။ တရုတ်တွေလာတူးနေတာ၊ သူတို့ကတော့ တရားဝင်တယ်လို့ ပြောတာပဲ။ အုပ်ချုပ်ရေးပိုင်းကလည်း ဘာမှ ဝင်ရောက်ဖြေရှင်းပေးတာ မရှိဘူး” ဟု မိုင်းယောင်းမြို့၊ ရပ်ကွက် (၂) တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မိုင်းယောင်းမြို့နယ်တွင် နမ့်လွေချောင်း၊ နမ့်ခပ်ချောင်း၊ နမ့်ပုန်းချောင်း၊ နမ့်ဖွန်ချောင်းနှင့် နမ့်ယောင်းချောင်းတို့ကို မှီတင်း၍ ဒေသခံများက သောက်သုံးရေနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ရှမ်းပြည်အရှေ့ပိုင်းဒေသတွင် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးကာ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

#MeKongNews
#မိုင်းယောင်း
#ရှမ်းအရှေ့
#တရားမဝင်ရွှေတူး
#နမ့်ယောင်းချောင်း
#နမ့်ခပ်ချောင်း
ပုံအညွှန်း – မိုင်းယောင်းမြို့ တရားမဝင် ရွှေလုပ်ကွက်တစ်ခုကို ၂၀၂၆ ခုနှစ်အစပိုင်းက တွေ့မြင်ရစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now