မဲခေါင်၊ ဇူလိုင် ၁၄
ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်မှ ပြန်ပိတ်လိုက်သလို ဖြတ်သန်းသည့် သင်္ဘောများအား တိုက်ခိုက်လာ ပြီးနောက် အမေရိကန်နှင့် ၃ ရက်ဆက် အပြန်အလှန် တိုက်ခိုက်မှုများ လုပ်ဆောင်အပြီး ဇူလိုင် ၁၃ ရက်က အမေရိကန်သည် Saronic Corsair ကာမီကာဇေ ရေပြင်သွားဒရုန်း ၃ စင်းကို အီရန်စစ်ပွဲအတွင်း ပထမဆုံး စတင်အသုံးပြုကာ အီရန် ရေငုပ်သင်္ဘောကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အမေရိကန်အလယ်ပိုင်းစစ်ဌာချုပ်က ရုပ်သံမှတ်တမ်းများ ထုတ်ပြန်ခဲ့ရာ မတူညီသော ရေပြင်သွားဒရုန်း ၃ စင်း တိုက်ခိုက်မှုတွင် အီရန်၏ ဘန်ဒါအဘက်စ် ရေတပ်ဌာနချုပ်ရှိ ရေငုပ်သင်္ဘောနှင့် သင်္ဘောပြင်ဆင်ထိန်းသိမ်းရေး အဆောက်အအုံတို့အား အင်အားပြင်းစွာဖြင့် ဖောက်ခွဲခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
ယင်း Saronic Corsair ရေပြင်သွားဒရုန်းသည် ၂၄ ပေရှည်ကာ တစ်နာရီ မိုင် ၄၀ နှုန်းဖြင့်သွားနိုင်သလို ပေါင် ၁၀၀၀ အလေးကို သယ်နိုင်သည့်အပြင် ရေမိုင် ၁၀၀၀ အကွာအဝေးရှိ ပစ်မှတ်များကို အရောက်တိုက်ခိုက်နိုင်သည်။
ကုန်သွယ်သင်္ဘောများအပေါ် အီရန်၏ တိုက်ခိုက်နိုင်မှုအစွမ်း ယုတ်လျော့သွားစေရေး ယခုတိုက်ခိုက်မှုအား အောင်မြင်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း အမေရိကန်အလယ်ပိုင်းစစ်ဌာချုပ်က လူမှုကွန်ရက် X တွင် ရေးသားဖော်ပြခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#Saronic-Corsair
#ကာမီကာဇေ
#ရေပြင်သွားဒရုန်း
#အီရန်
#ရေငုပ်သင်္ဘော








