ကမ္ဘာ့သတင်း

သေဆုံးခဲ့ပြီဆိုသည့် အီရန်သမ္မတဟောင်း အမာဒီနီဂျက် အယာတိုလာခါမေနီ ဈာပနတွင် ပြန်ပေါ်လာ

မဲခေါင် 7 Jul - 2026
မဲခေါင်၊ ဇူလိုင် ၇ ၂၀၂၄ ခုနှစ်က ထိပ်တိုက် အပြန်အလှန်တိုက်ခိုက်ခဲ့သော အီရန် – အစ္စရေး စစ်ပွဲ အစပိုင်းရက်များကပင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည့် အီရန်သမ္မတဟောင်း အမာဒီနီဂျက်ကို ဇူလိုင် ၆ ရက်က တီဟီရန်မြို့တော်တွင် ကျင်းပသည့် အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ ဈာပန၌ ပြန်လည် ထွက်ပေါ်လာသဖြင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသည်။ အီရန်သတင်းမီဒီယာများစွာက ၂၀၂၄ ခုနှစ်တွင် အစ္စရေးပစ်ခတ်သည့် ဒုံးကျည်တစ်လုံး အမာဒီနီဂျက် အိမ်အနီး ကျရောက်ပြီးနောက် သေဆုံးခဲ့ပြီဟု ဖော်ပြခဲ့ကြပြီး ထိုစဉ်ကတည်းက ၎င်းကို မတွေ့ရတော့ဘဲ ခါမေနီ ဈာပနမှ ပြန်လည် ထွက်ပေါ်လာသည်ကို ရုပ်သံမှတ်တမ်းများတွင်

မဲခေါင်၊ ဇူလိုင် ၇

၂၀၂၄ ခုနှစ်က ထိပ်တိုက် အပြန်အလှန်တိုက်ခိုက်ခဲ့သော အီရန် – အစ္စရေး စစ်ပွဲ အစပိုင်းရက်များကပင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည့် အီရန်သမ္မတဟောင်း အမာဒီနီဂျက်ကို ဇူလိုင် ၆ ရက်က တီဟီရန်မြို့တော်တွင် ကျင်းပသည့် အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ ဈာပန၌ ပြန်လည် ထွက်ပေါ်လာသဖြင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသည်။

အီရန်သတင်းမီဒီယာများစွာက ၂၀၂၄ ခုနှစ်တွင် အစ္စရေးပစ်ခတ်သည့် ဒုံးကျည်တစ်လုံး အမာဒီနီဂျက် အိမ်အနီး ကျရောက်ပြီးနောက် သေဆုံးခဲ့ပြီဟု ဖော်ပြခဲ့ကြပြီး ထိုစဉ်ကတည်းက ၎င်းကို မတွေ့ရတော့ဘဲ ခါမေနီ ဈာပနမှ ပြန်လည် ထွက်ပေါ်လာသည်ကို ရုပ်သံမှတ်တမ်းများတွင် အံ့အားသင့်ဖွယ်ရာ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

အမာဒီနီဂျက်သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ အီရန်သမ္မတရာထူးကို တာဝန်ယူခဲ့သူဖြစ်ကာ သတင်းများက သေဆုံးခဲ့ပြီဟု ဖော်ပြသော်လည်း အီရန်အစိုးရအာဏာပိုင်များက ထိုသတင်းများကို အတည်ပြုခြင်း မရှိသလို ငြင်းဆိုခဲ့ခြင်းလည်း မရှိခဲ့ဘဲ ယခုမှ လူပုံအလယ် ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုတစ်ပတ်လုံး ကျင်းပမည့် အယာတိုလာခါမေနီ ဈာပနသို့ အခြားအီရန်သမ္မတဟောင်းများ ဖြစ်သည့် မိုဟာမက် ခါတမီနှင့် ဟက်ဆန်ရူဟာနီတို့မှာမူ တက်ရောက်လာခြင်း မရှိသဖြင့် ဝေဖန်မှုများ ရှိနေသော်လည်း ၎င်းတို့ကို ဖိတ်ကြားခြင်း မပြုသောကြောင့် မတက်ရောက်ခြင်း ဖြစ်မည်ဟုလည်း သတင်းများက ဖော်ပြနေကြသည်။

အယာတိုလာဈာပနသို့ အီရန်ခေါင်းဆောင်များ ဖြစ်သော လက်ရှိသမ္မတ ပီဇက်ခီယန်၊ နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ၊ လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ ဂါလီဘက်ဖ်၊ တရားရေးချုပ် မိုစီနီအီဂျေး၊ ကတ်ဒ်တပ်ချုပ် ကန်နီတို့ တက်ရောက်လာသည်ကိုလည်း မြင်တွေ့ရသည်။

လက်ရှိ အယာတိုလာနေရာ ဆက်ခံသော သားဖြစ်သူ မော့ဂျ်တဘာ တက်ရောက်လာသည်ကို မမြင်တွေ့ရသော်လည်း ၎င်း၏ ညီအစ်ကိုများဖြစ်သော မူစတာဖာ၊ မာဆွတ်၊ မိုင်ဆန်ခါမီနီတို့ တက်ရောက်လာသည်ကိုလည်း တွေ့ရသည်။

အီရန် အစိုးရပိုင်မီဒီယာက နိုင်ငံသမိုင်း၏ အကြီးမားဆုံး အယာတိုလာခါမီနီဈာပနသို့ တက်ရောက်သူပေါင်း သန်း ၂၀ ရှိမည်ဟု ခန့်မှန်းထားကြောင်းလည်း ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#အီရန်သမ္မတဟောင်း
#အမာဒီနီဂျက်
#အယာတိုလာခါမေနီ
#ဈာပန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၁၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now