ကမ္ဘာ့သတင်း

ဗင်နီဇွဲလားငလျင် သေဆုံးသူ ၂၃၅ ဦးရှိလာ၊ အသက်ရှင်ကျန်သူများကို အချိန်လု ကယ်ဆယ်ရေးလုပ်

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်အနီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၂၃၅ ဦး ရှိလာခဲ့ကာ ဒဏ်ရာရရှိသူလည်း အနည်းဆုံး ၄၃၀၀ ဦးသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့များကလည်း အဆောက်အဦး အပျက်အစီးများအောက် ပိတ်မိနေသူများကို အချိန်လု၍ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။ မြို့တော် ကာရာကတ်စ်နှင့် အနီးအနားမှ လာဂွါအီရာ ကမ်းရိုးတန်းမြို့တွင် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများ၏ ကယ်ဆယ်‌ပေးရန် အော်ဟစ်တောင်းဆိုသံများ ကြားနေရကြောင်း သိရသည်။ ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထို့ထက် အင်အားပြင်းသည့် ၇ ဒသမ ၅ ငလျင် ထပ်မံ

မဲခေါင်၊ ဇွန် ၂၆

ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်အနီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၂၃၅ ဦး ရှိလာခဲ့ကာ ဒဏ်ရာရရှိသူလည်း အနည်းဆုံး ၄၃၀၀ ဦးသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့များကလည်း အဆောက်အဦး အပျက်အစီးများအောက် ပိတ်မိနေသူများကို အချိန်လု၍ ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။

မြို့တော် ကာရာကတ်စ်နှင့် အနီးအနားမှ လာဂွါအီရာ ကမ်းရိုးတန်းမြို့တွင် အဆောက်အဦးများအောက်တွင် ပိတ်မိနေသူများ၏ ကယ်ဆယ်‌ပေးရန် အော်ဟစ်တောင်းဆိုသံများ ကြားနေရကြောင်း သိရသည်။

ပြင်းအား ၇ ဒသမ ၂ ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထို့ထက် အင်အားပြင်းသည့် ၇ ဒသမ ၅ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ကာ ဗဟိုချက်ကလည်း မြေတိမ်သော‌နေရာတွင် ဖြစ်ပေါ်ခဲ့သဖြင့် ပျက်စီးမှုများ ကြီးကျယ်သွားခဲ့ရသည်။

စာရင်းရရှိထားသော အရေအတွက်ထက် ပိုမိုများပြား‌သော လူများ သေဆုံးသွားသည်ဟု စိုးရိမ်နေကြပြီး နေအိမ်များပျက်စီးသွား၍ အိုးအိမ်မဲ့နေသူများကလည်း ပျက်စီးနေသော အဆောက်အအုံများတွင် ဝင်မနေရဲကြဘဲ လမ်းပေါ်မှာပင် အိပ်စက်နေကြသည်။

လူအများအပြား နေအိမ်တွင် ရှိနေသော အစိုးရ ရုံးပိတ်ရက် ညနေ ၆ နာရီ ၄ မိနစ်တွင် လှုပ်ခတ်ခဲ့သော ပထမငလျင်သည် မြေအောက် ၂၀ ဒသမ ၃ ကီလိုမီတာ၊ ပိုမိုအင်အားပြင်းသော ဒုတိယငလျင်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလား ကြားဖြတ်အစိုးရ သမ္မတ ဒယ်ဆီ ရိုဒရီဂွက်ဇ်က အရေးပေါ် အခြေအနေ ကြေညာထားပြီး နိုင်ငံအများအပြားကလည်း အကူအညီပေးမည်ဟု ပြောကြားကြသည်။

အမေရိကန်အစိုးရက ဒေါ်လာ သန်း ၁၅၀ ကူညီမည်ဟု ကတိပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်သွားစေရန် သယ်ယူပို့ဆောင်ရေးသင်္ဘောများ၊ လေယာဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ဘက်ကလည်း ထုတ်ပြန်ပြောကြားသည်။

အများအားဖြင့် လာဂွါအီရာ ကမ်းရိုးတန်းမြို့မှ ဖြစ်သော အဆောက်အဦး ၂၅၀ ခန့် ပျက်စီးသွားကြောင်း လွှတ်တော်ဥက္ကဌ ဂျော့ချ်ရိုဒရီဂွက်ဇ်က ပြောကြားသည်။

ဘီဘီစီ စိစစ်အတည်ပြုဌာနက စိစစ်ခဲ့ရာတွင်လည်း ဆယ်ထပ်ရှိသောဟိုတယ်တစ်လုံး အုတ်ပုံဘဝ ရောက်ရှိသွားပြီး ကြာသပတေးနေ့က ယင်းနေရာတွင် မိသားစုဝင်များက လာရောက်ရှာဖွေမှုလုပ်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ရင်းနှီးသော သူငယ်ချင်းတစ်ယောက် သေဆုံးသွားကြောင်း အတည်ပြုထားပြီး အခြားသူငယ်ချင်းများက အပျက်အစီးများအောက် ရောက်နေသည်ဟု ယုံကြည်ရကြောင်း ကမ်းရိုးတန်းတွင် နေထိုင်သည်ဟု ၎င်းသိရှိထားသူ ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း လူငယ်တစ်ဦးဖြစ်သူ ဟွမ်အော်တစ်က ပြောကြားသည်။

ကျနော် ထိတ်လန့် တုန်လှုပ်ပြီး ဘာမှ ကူညီမပေးနိုင်လို့လည်း စိတ်ပျက်နေပါတယ်”ဟု ကာရာကတ်စ်မြို့၌ ဆေးကျောင်းတက်နေသူ အော်တစ်က ဘီဘီစီ သတင်းဌာနကို ပြောကြားသည်။

အေးကျော်
Ref:BBC
#MeKongNews
#ဗင်နီဇွဲလားငလျင်
#သေဆုံးသူ
#အချိန်လု
#ကယ်ဆယ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now