နိုင်ငံတကာသတင်း

မြန်မာဒုက္ခသည်များအား ထိုင်းက အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းမှာ အာရှနိုင်ငံများအတွက် စံပြ ဖြစ်လာနိုင်ကြောင်း ကုလဆို

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ထိုင်းအစိုးရက ပြီးခဲ့သည့်နှစ်တွင် အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တောက်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၅,၅၀၀ ကျော်မှာ အလုပ်အကိုင်များ ရရှိခဲ့ကြကြောင်း၊ ထိုချဉ်းကပ်ဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်လာစေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအတွင်း လုပ်သားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ထိုင်းအစိုးရက ယခုကဲ့သို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မူဝါဒအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့်

မဲခေါင်၊ ဇွန် ၉

ထိုင်းအစိုးရက ပြီးခဲ့သည့်နှစ်တွင် အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တောက်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၅,၅၀၀ ကျော်မှာ အလုပ်အကိုင်များ ရရှိခဲ့ကြကြောင်း၊ ထိုချဉ်းကပ်ဆောင်ရွက်မှုသည် ဒေသတွင်းနိုင်ငံများအတွက် နမူနာကောင်းတစ်ခု ဖြစ်လာစေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအတွင်း လုပ်သားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် ထိုင်းအစိုးရက ယခုကဲ့သို့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မူဝါဒအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်ဦးရေ ၈ သောင်း ခန့်ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်ပြီး၊ ယခုလုပ်ဆောင်ချက်သည် နယ်စပ်တစ်လျှောက်ရှိ ခိုလှုံရာစခန်း ကိုးခုတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ ဆယ်စုနှစ်များစွာ မှီခိုအားထားခဲ့ရသည့် ဒုက္ခသည်ပြည်သူများအတွက် ထူးခြားထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုင်းနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ကာလရှည်ကြာ ရွှေ့ပြောင်းအခြေချရသည့် ပြဿနာနှင့် ရင်ဆိုင်နေရသော အရှေ့တောင်အာရှရှိ အခြားနိုင်ငံများအတွက် စံပြမော်ဒယ်တစ်ခု ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး ရာအူးဖ် မာဇူးက ပြောကြားခဲ့သည်။

ယခုချဉ်းကပ်ဆောင်ရွက်မှုသည် ဒုက္ခသည်ဦးရေ အမြောက်အမြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားကဲ့သို့သော နိုင်ငံများအတွက် သင်ခန်းစာကောင်းများ ရရှိစေနိုင်ပြီး၊ ဒုက္ခသည်များအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ရယူကာ အစိုးရ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် တည်ရှိနေရင်း တဖက်ကလည်း စီးပွားရေးကဏ္ဍတွင် မည်သို့မည်ပုံ ပါဝင်မြှင့်တင်ပေးနိုင်သည်ကို ပြသရာရောက်ကြောင်း သိရသည်။

“ဒီလုပ်ဆောင်ချက်က ဒီမှာသာ အောင်မြင်မယ်ဆိုရင် ဒေသတွင်းနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်” ဟု မစ္စတာမာဇူးက သတင်းအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယင်းအစီအစဉ်ကို ပြီးခဲ့သည့် အောက်တိုဘာလတွင် စတင်ခဲ့ပြီးနောက်ပိုင်း ဒုက္ခသည် အလုပ်သမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်ရရှိစေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်ရှိစေရန်နှင့် အနည်းဆုံး လုပ်ခလစာ ရရှိစေရန်အတွက် ထိုင်းအာဏာပိုင်များက အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မစ္စတာမာဇူးက ပြောကြားခဲ့သည်။

ယခုလုပ်ဆောင်ချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဒုက္ခသည်များမှာ ဘဏ်အကောင့်ဖွင့်လှစ်နိုင်ရန်၊ မိုဘိုင်းလ်ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန်နှင့် ၎င်းတို့၏ တရားဝင်တည်ရှိမှုကို အတည်ပြုနိုင်ရန်အတွက် အထူးမှတ်ပုံတင်ကတ်ပြားများကို ရရှိထားကြကြောင်း၊ ထိုအဆင့်များသည် ၎င်းတို့အား ထိုင်းနိုင်ငံ၏ တရားဝင်စီးပွားရေးကဏ္ဍအတွင်းသို့ ပေါင်းစည်း ထည့်သွင်းပေးနိုင်ရန် အရေးပါသော ခြေလှမ်းများဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

လုပ်ငန်းတိုးချဲ့မှုအရှိန်မှာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လက်တွေ့အလုပ်အကိုင် ရရှိနိုင်မှုအပေါ်တွင် မူတည်နေသော်လည်း၊ လက်ရှိ အလားအလာများအရ လာမည့်နှစ်အတွင်း ဒုက္ခသည်ဦးရေ ၁၀၀၀၀မှ ၂၀၀၀၀ ကြား အလုပ်အကိုင်များ ရရှိလာနိုင်ဖွယ် ရှိကြောင်း ကုလသမဂ္ဂအရာရှိများက ခန့်မှန်းထားကြသည်။

သို့ရာတွင် ဒုက္ခသည်များအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်များအပြင်၊ စခန်းများအတွင်း လူသားချင်းစာနာမှု အကူအညီများကိုသာ ဆယ်စုနှစ်များစွာ မှီခိုအားထားခဲ့ရသည့် ဘဝမှ အရွေ့တစ်ခုတွင် ရှင်သန်နေထိုင်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် မည်သို့မည်ပုံ ပြင်ဆင်ရမည် စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မာဇူးက ပြောကြားခဲ့သည်။

“မိမိကိုယ်ကိုယ် အားကိုးရပ်တည်နိုင်ခြင်းဟာ ဒုက္ခသည်တွေကို မိမိတို့ရဲ့ မူလမိခင်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြန်လည် ပါဝင်နိုင်အောင် ပြင်ဆင်ပေးရာရောက်သလို၊ တခြားတတိယနိုင်ငံတစ်ခုခုမှာ ပြန်လည်အခြေချခွင့် ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်ရှိရောက်ရှိနေတဲ့ နေရာမှာပဲ ဒေသခံတွေနဲ့ တစ်သား တည်းဖြစ်အောင် ပေါင်းစည်း နေထိုင်သွားရင်ပဲဖြစ်ဖြစ် ၎င်းတို့အတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Ref:Bangkok Post
#MeKongNews
#မြန်မာဒုက္ခသည်
#ထိုင်း
#အလုပ်အကိုင်အခွင့်အလမ်း
#အာရှနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now