ကမ္ဘာ့သတင်း

အီရန်အား ဆော်ဒီနှင့် ယူအေအီး လျှို့ဝှက်တိုက်ခိုက်ခဲ့

မဲခေါင် 13 May - 2026
မဲခေါင်၊ မေ ၁၃ အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ၎င်းတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများကို လက်တုံ့ပြန်၍ ဆော်ဒီက အီရန်အပေါ် လူမသိသူမသိ တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ အစီရင်ခံမှု ရရှိခဲ့သော အနောက်တိုင်းအရာရှိကြီး ၂ ဦး နှင့် အီရန်အရာရှိကြီး ၂ ဦးတို့က ပြောကြားသည်။ ယခင်က သတင်းပို့ခဲ့ခြင်း မရှိသော ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ဆော်ဒီက အီရန်မြေပေါ်သို့ တိုက်ရိုက် စစ်ရေးတိုက်ခိုက်မှု ပထမဆုံးအကြိမ်လုပ်ခဲ့ခြင်း အမှတ်အသား ဖြစ်ရုံသာမက ဒေသတွင်းမှ အဓိကပြိုင်ဘက်ထံ မိမိကိုယ်ကိုယ်ကာကွယ်ရာတွင် ပို၍ ရဲရင့်လာခြင်းကို ပြသနေသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။ ဆော်ဒီလေတပ်က လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုများကို မတ်လ‌နှောင်းပိုင်းက လုပ်ခဲ့သည်ဟု အကဲဖြတ်ထားကြောင်း အနောက်တိုင်းအရာရှိကြီး

မဲခေါင်၊ မေ ၁၃

အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ၎င်းတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများကို လက်တုံ့ပြန်၍ ဆော်ဒီက အီရန်အပေါ် လူမသိသူမသိ တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ အစီရင်ခံမှု ရရှိခဲ့သော အနောက်တိုင်းအရာရှိကြီး ၂ ဦး နှင့် အီရန်အရာရှိကြီး ၂ ဦးတို့က ပြောကြားသည်။

ယခင်က သတင်းပို့ခဲ့ခြင်း မရှိသော ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ဆော်ဒီက အီရန်မြေပေါ်သို့ တိုက်ရိုက် စစ်ရေးတိုက်ခိုက်မှု ပထမဆုံးအကြိမ်လုပ်ခဲ့ခြင်း အမှတ်အသား ဖြစ်ရုံသာမက ဒေသတွင်းမှ အဓိကပြိုင်ဘက်ထံ မိမိကိုယ်ကိုယ်ကာကွယ်ရာတွင် ပို၍ ရဲရင့်လာခြင်းကို ပြသနေသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

ဆော်ဒီလေတပ်က လုပ်ဆောင်ခဲ့သော တိုက်ခိုက်မှုများကို မတ်လ‌နှောင်းပိုင်းက လုပ်ခဲ့သည်ဟု အကဲဖြတ်ထားကြောင်း အနောက်တိုင်းအရာရှိကြီး ၂ ဦးက ပြောသည်။

သို့သော် ၎င်းတိုက်ခိုက်မှုများမှာ ဆော်ဒီအား ထိမှန်ခဲ့ခြင်းများကို လက်တုံ့ပြန်ခြင်းသာဖြစ်ကြောင်း အရာရှိကြီးတစ်ဦးက ပြောသည်။

မည်သည့်နေရာများကို ဆော်ဒီက ပစ်မှတ်ထားခဲ့သည်ကို ရိုက်တာသတင်းက အတည်မပြုနိုင်ဟု ဆိုသည်။

တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်လား ဆိုခြင်းကို ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာန အထက်တန်းအရာရှိကြီးတစ်ဦးက တိုက်ရိုက်ဖြေကြားခဲ့ခြင်း မရှိခဲ့ဟု ရိုက်တာသတင်းက ဖော်ပြပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ဟု ဆိုသည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်တွင် အီရန်က ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင် ၆ နိုင်ငံစလုံးကို တိုက်ခိုက်ခဲ့ရာတွင် အမေရိကန်စစ်စခန်းများသာမက အရပ်ဘက်နေရာများ၊ လေဆိပ်များ၊ ရေနံလုပ်ငန်း နေရာများကိုပါ တိုက်ခိုက်ခဲ့ပြီး ကမ္ဘာသို့ ရေနံနှင့် ဓာတ်ငွေ့များ အဓိကပေးပို့ရာ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ကာ ကမ္ဘာ့ကုန်သွယ်ရေးကို ကမောက်ကမ ဖြစ်စေခဲ့သည်။

ယူအေအီးကလည်း ဧပြီလအစောပိုင်းတွင် အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့ရာ စစ်ပွဲတွင် ယူအေအီး ပါဝင်ခဲ့သည်ကို ပထမဆုံးအကြိမ် သိရှိလာခဲ့ကြသည်။

သီတင်း ၅ ပတ်ကြာ လေကြောင်းမှ တိုက်ခိုက်ပြီးချိန် အပစ်အခတ် ရပ်စဲတော့မည်ဟု သမ္မတထရမ့်က ကြေညာချိန်လောက်တွင် အီရန်၏ လာဗန်ကျွန်းပေါ်မှ ရေနံချက်စက်ရုံအပေါ် ယူအေအီး၏ တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကာ အမေရိကန်က အသံတိတ်ကြိုဆိုခဲ့ကြောင်း ဂျာနယ်က ဆက်လက် ဖော်ပြခဲ့သည်။

အေးကျော်
Ref:Agencies
#MeKongNews
#အီရန်
#ဆော်ဒီ
#ယူအေအီး
#လျှို့ဝှက်
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now