မဲခေါင်၊ မေ ၁
အိမ်ရာမဲ့ ၃ ဦးကို သတ်ဖြတ်ခဲ့သည့် ကွင်းဆက်လူသတ်သမားအား ဖမ်းဆီးမိပြီဖြစ်ကြောင်း ချင်းမိုင်ခရိုင် ဒုရဲချုပ် ကရစ်သာပေါင်က ယနေ့တွင် သတင်းစာရှင်းလင်း၍ ထုတ်ပြန်သည်။
အသက် ၃၁ နှစ်အရွယ် ပန်ဟေးပိုလီ ဆိုသူသည် ယခုနှစ် ဇန်နဝါရီ ၇ ရက်က ချင်းရိုင်ခရိုင်၊ ဆင်ဟက်လိုင် လမ်းပေါ်၌ အိမ်ရာမဲ့တစ်ဦးကို ရိုက်သတ်ခဲ့သလို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်က ချင်းမိုင်ရှိ ရက်တနာကိုဆင် တံတားအောက်တွင် ၅၁ နှစ်အရွယ် အိမ်ရာမဲ့ မယ်ဟောင်ဆောင်ခရိုင် ဒေသခံတစ်ဦးကို ဗိုက်နှင့် လည်ပင်းတို့အား ဓားဖြင့် ထိုးသတ်ခဲ့ပြီး အလောင်း ဖျောက်ဖျက်ရန် မီးပါရှို့ခဲ့သလို ဧပြီ ၃၀ ရက်တွင် ချင်းမိုင်ရှိ ခါရူအာဆာလီ ဝီယန်ပင်း တံတားအောက်၌ ၄၆ နှစ်အရွယ် အိမ်ရာမဲ့ အမျိုးသားတစ်ဦးကို ထပ်မံသတ်ဖြတ်ခဲ့ရာ စီစီတီဗီ မှတ်တမ်းများဖြင့် ခြေရာခံပြီးနောက် ယမန်နေ့ ညနေပိုင်း၌ ချင်းမိုင်၊ ချန်ဖောက်စျေးအနီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေရာ လူသတ်ရာတွင် သုံးခဲ့သည့် လက်နက်များ၊ အဝတ်အစားများနှင့် ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းရမိခဲ့ပြီး ထိုအိမ်ရာမဲ့ ၃ ဦးစလုံးအား သတ်ခဲ့သည်ဟု ကျုးလွန်သူက ဝန်ခံခဲ့ကာ ၎င်းကိုယ်တိုင်လည်း အိမ်ရာမဲ့တစ်ဦး ဖြစ်နေသည်ဟု ဒုရဲချုပ် ကရစ်သာပေါင်က ပြောသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#အိမ်ရာမဲ့
#ကွင်းဆက်လူသတ်သမား
#ချင်းမိုင်တွင်
#ဖမ်းမိ








