ကမ္ဘာ့သတင်း

ငွေထုတ်ရန် အကောင့်ပိုင်ရှင်ပါမှဟု ဘဏ်ကဆိုသဖြင့် အစ်မအရိုးစုကို မောင်ဖြစ်သူ ဘဏ်အထိ ထမ်းလာ

မဲခေါင် 29 Apr - 2026
မဲခေါင်၊ ဧပြီ ၂၉ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်ရှိ ဂရာမင်းဘဏ်သို့ အမျိုးသားကြီးတစ်ဦး ငွေထုတ်ရန် ရောက်ရှိလာရာတွင် ဘဏ်ဝန်ထမ်းများက ဘဏ်အကောင့်ပိုင်ရှင် ကိုယ်တိုင်ပါမှ ထုတ်နိုင်မည်ဟု အကြိမ်ကြိမ် ပြောလွှတ်သောကြောင့် ယင်းအမျိုးသားသည် သေဆုံးပြီးဖြစ်သော အစ်မအလောင်းကို တူးဖော်ကာ အရိုးစုများကို ဘဏ်အထိ ထမ်းပိုးသယ်ဆောင်လာမှု ဟိုးလေးတကျော် ဖြစ်ပွားခဲ့သည်။ ဂျီတူမွန်ဒါဆိုသည့် ၆၅ နှစ်အရွယ် အမျိုးသားကြီးသည် ဇန်နဝါရီလက သေဆုံးခဲ့သော အစ်မဖြစ်သူ ကယ်လ်ရာမန်ဒါ ဘဏ်ငွေစုအကောင့်ကိုယူကာ ထိုအကောင့်ထဲတွင် ရှိသည့် ရူပီး ၂ သောင်း (၁၅၇ ပေါင်) ကို ဘဏ်မှထုတ်ယူရန် ဂရာမင်းဘဏ်သို့ ဆက်တိုက်သွားပြောခဲ့သော်လည်း အကောင့်ပိုင်ရှင်အစစ်ပါမှသာ ထုတ်ခွင့်ရမည်ဟု

မဲခေါင်၊ ဧပြီ ၂၉

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်ရှိ ဂရာမင်းဘဏ်သို့ အမျိုးသားကြီးတစ်ဦး ငွေထုတ်ရန် ရောက်ရှိလာရာတွင် ဘဏ်ဝန်ထမ်းများက ဘဏ်အကောင့်ပိုင်ရှင် ကိုယ်တိုင်ပါမှ ထုတ်နိုင်မည်ဟု အကြိမ်ကြိမ် ပြောလွှတ်သောကြောင့် ယင်းအမျိုးသားသည် သေဆုံးပြီးဖြစ်သော အစ်မအလောင်းကို တူးဖော်ကာ အရိုးစုများကို ဘဏ်အထိ ထမ်းပိုးသယ်ဆောင်လာမှု ဟိုးလေးတကျော် ဖြစ်ပွားခဲ့သည်။

ဂျီတူမွန်ဒါဆိုသည့် ၆၅ နှစ်အရွယ် အမျိုးသားကြီးသည် ဇန်နဝါရီလက သေဆုံးခဲ့သော အစ်မဖြစ်သူ ကယ်လ်ရာမန်ဒါ ဘဏ်ငွေစုအကောင့်ကိုယူကာ ထိုအကောင့်ထဲတွင် ရှိသည့် ရူပီး ၂ သောင်း (၁၅၇ ပေါင်) ကို ဘဏ်မှထုတ်ယူရန် ဂရာမင်းဘဏ်သို့ ဆက်တိုက်သွားပြောခဲ့သော်လည်း အကောင့်ပိုင်ရှင်အစစ်ပါမှသာ ထုတ်ခွင့်ရမည်ဟု ဘဏ်ဝန်ထမ်းများက အကြိမ်ကြိမ် ပြောခဲ့ကြသည်။

ထို့ကြောင့်နောက်ဆုံး စိတ်ဆိုးဒေါသထွက်ကာ သင်္ချိုင်းသို့သွားပြီး အစ်မအလောင်း အရိုးစုအား တူးဖော်ကာ အဝတ်များဖြင့်ပတ်ပြီး ၁ ဒသမ ၈ မိုင် ခရီးနှင်ကာ အရိုးစုအား ဘဏ်သို့ ထမ်းသယ်လာခဲ့သဖြင့် ဘဏ်ဝန်ထမ်းများ အထိတ်တလန့်ဖြစ်သလို အရိုးစုသယ်လာသည့် ဗီဒီယိုမှတ်တမ်းသည်လည်း လူမှုကွန်ရက်များပေါ်တွင် အလွန်ပျံ့နှံ့သွားခဲ့သည်။

ထို့ကြောင့် ရွာသားများ သတင်းပေးသဖြင့် ဒေသခံရဲအရာရှိ ပရာဆက်ဆာဟူက ဘဏ်သို့လိုက်သွားခဲ့ရာ ဂျီတူအား အရိုးစုနှင့်အတူ ထိုင်နေသည်ကို တွေ့ရှိရသဖြင့် ဖျောင်းဖျပြီး အလောင်းအား ပြန်လည် မြှုပ်နှံစေကာ ဘဏ်တာဝန်ရှိသူများနှင့် ညှိနှိုင်းပေးခဲ့သည်။

၎င်း၏ အစ်မဖြစ်သူ ကယ်လ်ရာမန်ဒါ ဘဏ်အကောင့်ဖွင့်စဉ် ဒုတိယ ငွေထုတ်ခွင့်ပြုသူအဖြစ် အစ်ကိုအကြီးဆုံး နာမည်ကို ထားရှိသဖြင့် ဘဏ်ဘက်က လုပ်ထုံးလုပ်နည်းအတိုင်း ဂျီတူမွန်ဒါကို ငွေမထုတ်ပေးဘဲ ကာယကံရှင် အတင်းခေါ်ခိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယကျေးလက်ဒေသများ၌ စာမတတ်ခြင်းနှင့် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်းများတွင် တင်းကျပ်ကာ လာဘ်စားမှုများ ရှိသဖြင့် အများနည်းတူ ကယ်လ်ရာမန်ဒါ သေဆုံးမှုတွင်လည်း သေစာရင်းမလုပ်ခဲ့ဘဲ ၎င်းလွှဲအပ်ထားသည့် အစ်ကိုအကြီးဆုံးမှာလည်း သေဆုံးပြီဖြစ်ခြင်းကြောင့် ယခုလို ပြဿနာများ ရှုပ်ထွေးခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် ဘဏ်ဝန်ထမ်းများ လုပ်ရပ်ကို သေချာ လေ့လာစုံစမ်းကာ အရေးယူမှုများ ထိုက်သင့်သလိုလုပ်သွားမည်ဟု အိန္ဒိယဘဏ္ဍာရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီး ဆူရက်ပူဂျာရီက ပြောကြားခဲ့သည်။

ထိုအရိုးစုထမ်းလာသော ဗီဒီယိုကို လူမှုကွန်ရက်များပေါ်တွင်လည်း ဝေဖန်မှုများစွာ ရှိခဲ့ရာတွင် စာမတတ်သူ အသိုင်းအဝိုင်းများအပေါ် ဘဏ်များသာမက အုပ်ချုပ်ရေးပိုင်းအာဏာရှိ အသိုင်းအဝိုင်းအားလုံးက လူ့ဂုဏ်သိက္ခာထက် စာရွက်စာတမ်းကိစ္စများအပေါ်သာ ပိုမို ဦးစားပေးနေသည့် စနစ်ဆိုးဖြင့် ဆက်ဆံနေသည့် လုပ်ရပ်မျိုးဟု ဝေဖန် ရေးသားခဲ့ကြသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ငွေထုတ်
#အကောင့်ပိုင်ရှင်
#အစ်မအရိုးစု
#ထမ်းလာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now