မဲခေါင်၊ ဧပြီ ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၅ ရက်တွင် အီရန် စစ်မြေပြင်၌ ပျက်ကျသွားသည့် F-15E ဖိုက်တာဂျက်လေယာဉ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူကို ကယ်တင်ရရှိခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ထိုကယ်ဆယ်ရေးမစ်ရှင်တွင် C-130 ပို့ဆောင်ရေးစစ်လေယာဉ် ၂ စီး ထိခိုက်ကာ ရန်သူလက်အတွင်း ကျရောက်မည်စိုးသဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ရသည်။
အီရန်တောင်ပိုင်း တောင်ထူထပ်ရာ ဒေသအတွင် နောက်ဆုံးလက်ကျန် ဖိုက်တာဂျက်လေယာဉ်မှ ဗိုလ်မှူးကြီးကို ကယ်ဆယ်ရေး အထူးတပ်များက ကယ်တင်နိုင်ခဲ့ရာ ထိုလေယာဉ်ပျက်ကျမှုမှ လေထီး ဖြင့် ခုန်ထွက်နိုင်သူ ၂ ဦးစလုံးကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၃ ရက်က အီရန် လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ယင်းဖိုက်တာဂျက်လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့ အရာရှိတစ်ဦးက C-130 လေယာဉ် ၂ စီးကိုမူ စစ်ဆင်ရေးမှ ပြန်မထွက်နိုင်ခြင်းကြောင့် ရန်သူလက်အတွင်း မကျရောက်ရေး ဖောက်ခွဲ ဖျက်ဆီးခဲ့ရသည်ဟု The Wall Street Journal သို့ ပြောပြခဲ့သည်။
သို့သော် မည်သည့်ပုံစံဖြင့် ထိမှန်ပျက်ကျရသည်ကို ထုတ်ပြန်ခြင်း မရှိပေ။
အီရန်လွှတ်တော် ပြောခွင့်ရ ဂါဘီဘက်ဖ်က လူမှုကွန်ရက် X တွင် အမေရိကန်လေယာဉ် ၂ စီး အပိုင်း အစများကိုတင်ကာ အမေရိကန်အား နောက်ထပ် ယခုလို အောင်ပွဲ ၃ ခုမျှ လိုချင်ကြောင်းနှင့် အလုံးစုံ ပျက်သုဉ်းရလိမ့်မည်ဟု ရေးတင်သွားခဲ့သည်။
ကယ်ဆယ်ရေးမစ်ရှင်တွင် အမေရိကန်လေယာဉ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု အီရန်မီဒီယာများသို အီရန်အစ္စလာမ္မစ်အစာင့်တပ် (IRGC) က့ ပြောကြားခဲ့ပြီး အစ္စဖာဟန် ဒေသတောင်ပိုင်းတွင် C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းလည်း ပျက်ကျသွားကြောင်း၊ နောက်ထပ် ကယ်ဆယ်ရေးမစ်ရှင်တွင် အမေရိကန်၏ Black Hawk ရဟတ်ယာဉ် ၂ စင်း ထပ်ပျက်ကျခဲ့သည်ဟု အီရန်စစ်ဘက်ရင်းမြစ်တစ်ခုက ဆိုသည်။
ပြီးခဲ့သည့် ၇ ရက်အတွင်း အမေရိကန် လေယာဉ် ၇ စီး အီရန်စစ်မျက်နှာပြင်တွင် ပျက်စီးခဲ့သည်ဟု CNN သတင်းက ဖော်ပြခဲ့ရာ အီရန်ဘက်မှ ထုတ်ပြန်သည့် သတင်းများ မှန်ကန်လျှင် အမေရိကန်လေယာဉ် ၁၀ စီးအထက် ပျက်စီးခဲ့ပြီး ဖြစ်သည်ဟု တွက်ချက်နိုင်မည် ဖြစ်သည်။
ကိုကလင်း
Ref: indiatoday
#MeKongNews
#အမေရိကန်
#ဖိုက်တာပိုင်းလော့
#ကယ်ထုတ်
#အမေရိကန်လေယာဉ်








