ကမ္ဘာ့သတင်း

နာရယ်လီဆိုင်ကလုန်း မဝင်မီ ဩစတြေးလျကောင်းကင်တွင် သွေးနီရောင်လွှမ်း

မဲခေါင် 29 Mar - 2026
မဲခေါင်၊ မတ် ၂၉ မတ် ၂၇ ရက်က ဩစတြေးလျနိုင်ငံ ငါးမန်းပင်လယ်အော်ဒေသသို့ အပူပိုင်းမုန်တိုင်း နာရယ်လီဆိုင်ကလုန်း မတိုက်မီ မီနစ်အတော်ကြာ မြင်သမျှ ကောင်းကင်မြင်ကွင်းအားလုံး သွေးနီရောင် လွှမ်းသွားသည့် ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ၂၀၀၉ ခုနှစ်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားစဉ် မုန်တိုင်းလေပြင်းသည် ဖုန်မှုန့်များစွာကို ကီလိုမီတာ ထောင်ချီ သယ်ဆောင်သွားပြီး ဆစ်ဒနီမြို့ကြီးတစ်မြို့လုံး ကောင်းကင်နှင့် လေထုသည် လိမ္မော်ရောင် ပြောင်းသွားဖူးသော်လည်း ယခုလို သွေးနီရောင် လေထုကြီးဖြစ်ကာ မြင်နိုင်စွမ်း သုညဒီဂရီနီးပါ မှုန်ဝါးပြီး လေထုသိပ်သည်းမှုလည်း အလွန်ထူထပ်သဖြင့် အသက်ရှူမရသည်အထိ ဖြစ်ခဲ့မှုမျိုး မကြုံဖူးဟု ဒေသခံများက ဖွင့်ဟပြောဆိုခဲ့သည်။ ဩစတြေးလျ အနောက်ပိုင်းဒေသသို့ နာရယ်လီဆိုင်ကလုန်းသည် တစ်နာရီလေတိုက်နှုန်း ၁၂၄

မဲခေါင်၊ မတ် ၂၉

မတ် ၂၇ ရက်က ဩစတြေးလျနိုင်ငံ ငါးမန်းပင်လယ်အော်ဒေသသို့ အပူပိုင်းမုန်တိုင်း နာရယ်လီဆိုင်ကလုန်း မတိုက်မီ မီနစ်အတော်ကြာ မြင်သမျှ ကောင်းကင်မြင်ကွင်းအားလုံး သွေးနီရောင် လွှမ်းသွားသည့် ထူးခြားဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

၂၀၀၉ ခုနှစ်က အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားစဉ် မုန်တိုင်းလေပြင်းသည် ဖုန်မှုန့်များစွာကို ကီလိုမီတာ ထောင်ချီ သယ်ဆောင်သွားပြီး ဆစ်ဒနီမြို့ကြီးတစ်မြို့လုံး ကောင်းကင်နှင့် လေထုသည် လိမ္မော်ရောင် ပြောင်းသွားဖူးသော်လည်း ယခုလို သွေးနီရောင် လေထုကြီးဖြစ်ကာ မြင်နိုင်စွမ်း သုညဒီဂရီနီးပါ မှုန်ဝါးပြီး လေထုသိပ်သည်းမှုလည်း အလွန်ထူထပ်သဖြင့် အသက်ရှူမရသည်အထိ ဖြစ်ခဲ့မှုမျိုး မကြုံဖူးဟု ဒေသခံများက ဖွင့်ဟပြောဆိုခဲ့သည်။

ဩစတြေးလျ အနောက်ပိုင်းဒေသသို့ နာရယ်လီဆိုင်ကလုန်းသည် တစ်နာရီလေတိုက်နှုန်း ၁၂၄ မိုင်နှုန်း အထိပြင်းထန်စွာတိုက်ခတ်ပြီးနောက် အဆောက် အအုံများစွာ ပျက်စီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်မှုများ ပျက်စီးခြင်း၊ စိုက်ပျိုးပင်များ ပျက်စီးခြင်းများရှိခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကို နောက်ရက်များအထိ လိုက်လံဆောင်ရွက်နေရသည်။

မုန်တိုင်းမဝင်မီ မိနစ်အတော်ကြာ ကောင်းကင်နှင့်လေထု တစ်ခုလုံး သွေးနီရောင်ပြောင်းသွားမှုနှင့် ပတ်သက်ပြီး မုန်တိုင်းလေပြင်းများသည် သံအောက်ဆိုဒ်ဓာတ်များစွာပါသည့် မြေနီမှုန့်များကို သယ်ဆောင်လာသဖြင့် သွေးနီရောင်လွှမ်းကာ လေထု သိပ် သည်းပြီး အသက်ရှူမ၀ ဖြစ်ရခြင်းသာ ဖြစ်သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သော်လည်း ယခင်က ထိုမျှ နီရဲသည့် ပတ်ဝန်းကျင်ကို မမြင်ဖူးခဲ့ကြသော ဒေသခံများက ကမ္ဘာပျက်နေ့အလား ထင်မှတ်ကာ စိုးရိမ်ထိတ်လန့်ခဲ့ကြရသည်ဟု ဖွင့်ဟ ပြောဆိုခဲ့ကြသည်။

ယင်းနာရယ်လီမုန်တိုင်းသည် ခရီးသွားမြို့တော် အိတ်စ်မောက်တွင် အဆိုးရွားဆုံး တိုက်ခတ်ပြီး မုန် တိုင်းဖြတ်သန်းရာ ကာရိုးပင်လယ်အော်၊ ငါးမန်းပင်လယ်အော်၊ ဂီရယ်လ်တန်မြို့၊ ကာနာဗွန်မြို့များတွင် ပျက်စီးမှုများခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#နာရယ်လီဆိုင်ကလုန်း
#ဩစတြေးလျကောင်းကင်
#သွေးနီရောင်လွှမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now