မဲခေါင်၊ မတ် ၁၀
အီရန်အမျိုးသမီး ဘောလုံးသမား ၅ ဦးကို ဗီဇာထုတ်ပေးရန် ဩစတြေးလျက သဘောတူလိုက်ပြီး ၎င်းတို့အား ဆက်လက် နေထိုင်ခွင့်ပေးခဲ့သည်။
၎င်းကစားသမားများသည် အာရှဖလားပြိုင်ပွဲ ပထမဆုံး ကစားခဲ့သည့်ပွဲတွင် နိုင်ငံတော်သီချင်းကို လိုက်မဆိုခဲ့သောကြောင့် နိုင်ငံသို့ ပြန်ရောက်လျှင် အပြစ်ပေးခံရဖွယ် ရှိနေသည်။
ဩစတြေးလျက ၎င်းတို့ကို ကြို ဆိုကြောင်းနှင့် ဤနိုင်ငံတွင် ဘေးကင်းပြီး ကိုယ့်အိမ်လို သဘောထားနိုင်ကြောင်း ကစားသမား ၅ ဦးကို ပြောကြားခဲ့သည်ဟု ဩစတြေးလျ ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ်က ပြောကြားသည်။
ကစားသမား ၅ ဦးမှာ အသင်းခေါင်းဆောင် ဂန်ဘာရီ၊ ကွင်းလယ်လူများဖြစ်သော ပါဆန်ဒီဒေး၊ အလီရှာ၊ ဟာမိုဒီ နှင့် နောက် တန်းလူ ရာမီဇာနီဇာဒေးတို့ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
ကျန်အသင်းသားများသည် အ မျိုးသမီး.အာရှဖလား ၂၀၂၆ အ တွက် ၎င်းတို့ တည်းခိုနေရာ ကွင်းစလန်မြို့မှ ဟိုတယ်တွင် နေထိုင်လျက်ရှိကြောင်း နှင့် ၎င်းတို့ကိုလည်း ဩစတြေးလျ၌ နေ ထိုင်ခွင့် ကမ်းလှမ်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဘာ့ခ်က ပြောသည်။
တောင်ကိုရီးယားနှင့် ကစားမည့်ပွဲမတိုင်မီ နိုင်ငံတော်သီချင်းကို ၎င်းကစားသမားများ လိုက်မဆိုခဲ့ခြင်းမှာ ဂုဏ်သိက္ခာမရှိခြင်း အ ထွတ်အထိပ် ဖြစ်ကြောင်း အီရန်အစိုးရ ရုပ်သံကြေညာသူတစ်ဦးက မှတ်ချက်ပေးခဲ့သည်။
ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်တွင် ဖိလစ်ပိုင်ကို ရှုံးနိမ့်ပြီးနောက် အိမ်ပြန်တော့မည့် အီရန်အမျိုးသမီးအသင်းကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩစတြေးလျဝန်ကြီးချုပ် အယ်လ်ဘာနိစ်အား ဖုန်းဆက်ပြောကြားခဲ့ကြောင်း သိရသည်။
အီရန်ကစားသမားများနှင့် ပတ် သက်၍ သမ္မတထရမ့်နှင့် အပြုသဘောဆောင်သည့် ဖုန်းခေါ်ဆိုမှု ရှိခဲ့ကြောင်း အယ်လ်ဘားနိစ်က ပြောသည်။
ကစားသမား ၅ ဦးက အကူအညီတောင်းခဲ့ပြီး ၎င်းတို့ကို ကူညီလိုက်ပြီဖြစ်ကာ ကျန်အသင်းသားများကိုလည်း အကူအညီပေးရန် ကမ်းလှမ်းထားပြီး ဆုံးဖြတ်ချက်မှာ ၎င်းတို့အပေါ် မူတည်သည်ဟု အယ်လ်ဘားနိစ်က ယနေ့နံနက်တွင် သတင်းထောက်များကို ပြောကြားသည်။
ကစားသမား ၅ ဦးသည် ဩစ တြေးလျရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် အသင်းတည်းခိုနေသော ဟိုတယ်မှ လျှို့ဝှက်စွာထွက်ခွာသွားသည်ဟု အီရန် အစိုး ရတစ်ပိုင်း Fars သတင်းက ဖော်ပြသည်။
အမေရိကန်နှင့်အစ္စရေးက အီရန်ကို စတင် တိုက်ခိုက်ခဲ့သော နေ့မှာပင် ဩစတြေးလျနိုင်ငံမှ အမျိုးသမီးအာရှဖလားပြိုင်ပွဲ စတင်ခဲ့ကြောင်း သိရသည်။
အေးကျော်
Ref: Al Jazeer
#MeKongNews
#အီရန်အမျိုးသမီး
#ဘောလုံးသမား
#ဩစတြေးလျ
#ခိုလှုံခွင့်ပေး








