မဲခေါင်၊ မတ် ၈
အီရန်မြို့တော် တီဟီရန်ရှိ အဓိက ရေနံသိုလှောင်ရုံကြီး ရှာဟရန်ကို ယမန်နေ့ညတွင် အမေရိကန်နှင့်အစ္စရေးက လေကြောင်းတိုက် ခိုက်မှုများ တိုက်ရိုက်လုပ်ဆောင်သ ဖြင့် တီဟီရန်မြို့ မီးလျှံမြစ်ကြီးအတွင်း ရောက်ရှိသကဲ့သို့ မီးဟုန်းဟုန်း တောက်လောင်ခဲ့သည်။
ရှာဟရန် ရေနံသိုလှောင်ရုံကြီးသည် တီဟီရန်မြို့နေထိုင်သူ ၉ သန်းကျော်အတွက် ဓာတ်ဆီများအသုံးပြုရန် သိုလှောင်ထားရာ ပင်မဗဟိုချက်ဖြစ်ကာ အီရန်ကို ၉ ရက်မြောက် တိုက်ခိုက်မှုတွင် အစ္စ ရေးသည် အဓိက ရေနံနှင့် လောင် စာသိုလှောင်ရုံများကို ပစ်ခတ်ထား တိုက်ခိုက်ခဲ့သဖြင့် မိလ္လာရေဆိုးပိုက်များ တစ် လျှောက်ပါ လောင်စာများစိမ့်ဝင်ပြီး မီးများနေရာအနှံ့ လောင်ကျွမ်းနေသဖြင့် တီဟီရန်မြို့ကြီး မီးလျှံမြစ် (river of fire)ထဲ ရောက်သွားရပြီဟု မျက် မြင်သက်သေများက ပြောဆိုနေကြသည်။
လောင်စာများသည် ရေဆိုးမြောင်းပိုက်များ အားလုံးထဲအထိ စိမ့်ဝင်ကာ မြို့လယ်ခေါင်သာမက မြို့စွန် ဆင်ခြေဖုံးများတွင်ပါ မီးမြစ်များသဖွယ် လောင်ကျွမ်းကာ ပင်မသိုလှောင်ရုံများ ပေါက်ကွဲစဉ် မီးလုံးကြီးများသည် ကောင်းကင်တစ်ခုလုံးအား ငရဲမိုးများရွာနေသကဲ့သို့ နီရဲလောင်ကျွမ်းနေသည်ဟုလည်း ပြောဆိုနေကြသည်။
တစ်ညလုံး နာရီပေါင်းများစွာ ကောင်းကင်ယံအထိ မီးလုံးကြီးများ ထပ်ကာထပ်ကာ ပေါက်ကွဲလောင်မြိုက်နေကာ အီရန် အာဏာပိုင်များက မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ကြရန်နှင့် လေထုညစ်ညမ်းလွန်းနေပြီး အ သက်ရှူလမ်းကြောင်းဆိုင်ရာ ဝေ ဒနာများ ခံစားရမည်ဟု သတိပေး ချက်ထုတ်ပြန်ခဲ့သည်။
အီရန် လခြမ်းနီအဖွဲ့ကလည်း လောင်စာလှောင်ကန်များ ပေါက် ကွဲခြင်းကြောင့် အက်ဆစ်မိုးများရွာချနိုင်ပြီး ထိုအက်ဆစ်မိုးများသည် အရေပြားနှင့် အဆုတ်ကို ပျက်စီးစေနိုင်ကြောင်း အထူးသတိပေးချက်များ ထုတ်ပြန်နေသည်။
တီဟီရန်မြို့မြောက်ပိုင်းရှိ ရှာဟရန် လောင်စာသိုလှောင်ရုံကြီး မီး လောင်နေမှုမှာ ယနေ့ မတ် ၈ ရက် နံနက်ပိုင်း အထိ မငြှိမ်းသတ်နိုင်သေးဘဲ ၁၂ နာရီကျော်ကြာ လောင်ကျွမ်းနေခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကိုအရှေ့အလယ်ပိုင်းမှ အရှုံးသမားဟုဆိုကာ ပိုမိုပြင်းထန်စွာ နာကျင်စေမည်ဖြစ်ပြီး စစ် ပွဲကို ၎င်းတို့ အနိုင်ရပြီးဖြစ်ပြီး ငရဲတွင်းအထိ ဆက်ပို့သွားမည်ဟု ကြုံးဝါးပြောဆိုသွားခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#တီဟီရန်
#မီးလျှံမြစ်
#အက်ဆစ်မိုး
#သတိပေး








