ကမ္ဘာ့သတင်း

အီရန်က အကြွင်းမဲ့လက်နက်ချမှသာ စစ်ပွဲပြီးဆုံးမည်ဟု ထရမ့် သတိပေး

မဲခေါင် 7 Mar - 2026
မဲခေါင်၊ မတ် ၇ အီရန်နိုင်ငံ၏ အကြွင်းမဲ့ လက်နက်ချမှုကသာ စစ်ပွဲအဆုံးသတ်ရန် တစ်ခုတည်းသော လက်ခံနိုင်သည့်နည်းလမ်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်ကာ တစ်ဖက်တွင်လည်း တီဟီရန်က ယင်းကို လက်သင့်ခံခဲ့ပါက နိုင်ငံ၏ စီးပွားရေး ပြန်လည်တည်ဆောက်ရန် ကူညီပေးမည်ဟုလည်း ပြောသည်။ ထရမ့်၏ တောင်းဆိုမှုသည် စစ်ပွဲအတွက် ယခင်က အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ရေတပ်အား ဖျက်ဆီးပစ်ရေးကိုသာ အဓိကထားခဲ့ကာ အမေရိကန်၏ ရည်ရွယ်ချက်များကို ချဲ့ထွင်မှုဖြစ်ပုံရသည်။ “အကြွင်းမဲ့ အညံ့ခံတာကလွဲလို့ အီရန်နဲ့ သဘောတူညီချက်ရှိမှာ မဟုတ်ပါဘူး” ဟု ထရမ့်က ၎င်း၏လူမှုကွန်ရက် Truth Social ပေါ်တွင် ပြောကြားသည်။ အီရန်မြို့တော် တီဟီရန်နှင့် ဘေရွတ်မြို့မှ ဟစ်ဇ်ဘိုလာ စခန်းများကို

မဲခေါင်၊ မတ် ၇

အီရန်နိုင်ငံ၏ အကြွင်းမဲ့ လက်နက်ချမှုကသာ စစ်ပွဲအဆုံးသတ်ရန် တစ်ခုတည်းသော လက်ခံနိုင်သည့်နည်းလမ်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်ကာ တစ်ဖက်တွင်လည်း တီဟီရန်က ယင်းကို လက်သင့်ခံခဲ့ပါက နိုင်ငံ၏ စီးပွားရေး ပြန်လည်တည်ဆောက်ရန် ကူညီပေးမည်ဟုလည်း ပြောသည်။

ထရမ့်၏ တောင်းဆိုမှုသည် စစ်ပွဲအတွက် ယခင်က အီရန်၏ ဒုံးကျည်အစီအစဉ်နှင့် ရေတပ်အား ဖျက်ဆီးပစ်ရေးကိုသာ အဓိကထားခဲ့ကာ အမေရိကန်၏ ရည်ရွယ်ချက်များကို ချဲ့ထွင်မှုဖြစ်ပုံရသည်။

“အကြွင်းမဲ့ အညံ့ခံတာကလွဲလို့ အီရန်နဲ့ သဘောတူညီချက်ရှိမှာ မဟုတ်ပါဘူး” ဟု ထရမ့်က ၎င်း၏လူမှုကွန်ရက် Truth Social ပေါ်တွင် ပြောကြားသည်။

အီရန်မြို့တော် တီဟီရန်နှင့် ဘေရွတ်မြို့မှ ဟစ်ဇ်ဘိုလာ စခန်းများကို အစ္စရေးက အပြင်းအထန် ထိုးနှက်နေစဉ် ထရမ်ပို့စ်တက်လာခြင်းဖြစ်ကာ အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ သိသိသာသာ များပြားလာဦးမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကလည်း ပြောသည်။

အီရန်ဘက်က လက်နက်ချ အညံ့ခံခဲ့လျှင် အမေရိကန်နှင့် မဟာမိတ်များက အီရန်နိုင်ငံ လုံးဝပျက်စီးသွားခြင်းမှ ကာကွယ်ပြီး ယခင်ကထက် ပိုမိုကြီးမား၊ ကောင်းမွန်၊ ခိုင်မာသော စီးပွားရေး ဖြစ်လာစေရန် ကူညီသွားမည်ဟုလည်း ထရမ့်က ဆိုသည်။

“Make America Great Again” နိုင်ငံ‌ရေးကြွေးကြော်သံကို ချိတ်ဆက်၍ “MAKE IRAN GREAT AGAIN (MIGA!)” ဟု လည်း ထရမ့်က ရေးသားခဲ့သည်။

အီရန်က သဘောတူညီချက်ရယူရန် မိမိတို့ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း၊ သို့သော် အနည်းငယ်နောက်ကျသွားပြီဟု မိမိတို့က ပြန်ကြားခဲ့ကြောင်း ၎င်းက ကြာသာပတေးနေ့တွင် ပြောသည်။

“အခုဆိုရင် သူတို့ထက် ကျနော်တို့က ပိုပြီးတိုက်ခိုက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အီရန်တွင် ဘာသာ‌ရေးခေါင်း‌ဆောင်သစ် တက်လာရေးကိုလည်း ၎င်းအနေဖြင့် ဆန့်ကျင်မည်မဟုတ်ကြောင်း အီရန်ခေါင်း‌ဆောင်သစ် ရွေးချယ်ရာ၌ အမေရိကန်ကလည်း ပါဝင်စွက်ဖက်လိုကြောင်းလည်း ၎င်းက ပြောသည်။

အေးကျော်
Ref: AFP
#MeKongNews
#အီရန်
#အကြွင်းမဲ့လက်နက်
#စစ်ပွဲပြီးဆုံး
#ထရမ့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်ဘက်မှ ကျားဖြန့်လုပ်ငန်းအချို့ နမ့်ခမ်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများအပေါ် ဖိအားများလာပြီးနောက် အဆိုပါ လုပ်ငန်းအချို့ နမ့်ခမ်းမြို့နယ်အတွင်းသို့ ရွှေ့ပြောင်းအခြေချလာနေကြောင်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဖြတ်အဖွဲ့ တာချီလိတ်တွင် လူငယ်များကို လာရောက်ပေါ်တာဆွဲနေပြန်

မဲခေါင် အောက်တိုဘာ ၂၅ စစ်မှုထမ်းလူသစ်အတွက် ပေါ်တာဆွဲ လူစုဆောင်းမှုများ တာချီလိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှု တရားခံပြေး ဖမ်းမိ၊ ဆိုင်ကယ် ၄ စီးနှင့် မှုတ်ဆေးဘူး ၈ ဘူး သိမ်းဆည်းရမိ

မဲခေါင်၊ အောက်တိုဘာ ၂၅ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် ဆိုင်ကယ်ခိုးမှုဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ခိုးယူထားသည်ဟုဆိုသည့် Wave 125 ဆိုင်ကယ် ၄ စီးနှင့် ဆိုင်ကယ် အရောင်ပြောင်းရန် အသုံးပြုသည့် မှုတ်ဆေးဘူး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ အောက်တိုဘာ ၂၁ ရက် ညနေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း လုပ်ဆောင်ပြီးနောက် မြေပြိုမှုအတွင်း ၂ ဦးသေဆုံးကာ ၁၅ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်များထံမှသိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now