မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
တရုတ်ဘက်က အလိုရှိသည့် တ ရားခံ ၇ ဦးကို ဖမ်းဆီးကာ နယ် စပ်ဂိတ်မှ တစ်ဆင့် လွှဲပြောင်းပေး လိုက်သည်ဟု ဝတပ်ဖွဲ့ – UWSA လက်အောက်ခံဌာန “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီ – WSP က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။
ယင်းတရားခံ ၇ ဦးသည် တရုတ်ဘက်ရှိ ဆက်စပ် အမှုများတွင် ပါဝင် ပတ်သက်နေသည့်သူများဖြစ်သဖြင့် နှစ်ဖက် ရဲတပ်ဖွဲ့များ ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် “ဝ” ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ် သည်။
ယခု လွှဲပြောင်းပေးလိုက်သည့်သူ များတွင် အမျိုးသား ၆ ဦး၊ အမျိုး သမီးတစ်ဦးပါဝင်သည်ကို ထုတ်ပြန်ချက်တွင် တွေ့ရသည်။
တရားခံ လွှဲပြောင်းလုပ်ငန်းစဉ်ကို နှစ်ဖက် တည်ထောင်ထားသည့် တရားရေးနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ၊ သက် ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ် နည်းများအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လုပ်ငန်းစဉ်အတွင်း လူတစ်ဦးချင်း အထောက်အထား စိစစ်ခြင်း၊ ဥပဒေရေးရာ စာရွက်စာ တမ်းများ လွှဲပြောင်းခြင်းနှင့်သက်သေခံပစ္စည်းများ လွှဲပြောင်း ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။
တစ်ဖက်နိုင်ငံသို့ လွှဲပြောင်းခံရသူ များသည် တရုတ်ဖက်ရှိ ဆက်စပ်အမှုများတွင် ပါဝင် ပတ်သက်နေသူများဖြစ်ပြီး ခိုင်လုံသည့် သက် သေခံ အထောက်အထားများအ ပေါ် အခြေခံကာ ဖမ်းဆီး ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်ဟု WSP တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တွင် ပြောသည်။
WSP အနေဖြင့် အနာဂတ်တွင်လည်း နယ်စပ်ဖြတ်ကျော် ဥပဒေမဲ့ လှုပ်ရှားမှုများအပေါ် တင်းကျပ်စွာ တိုက်ဖျက်သွားမည် ဖြစ်ပြီး တရုတ်ဖက်နှင့် သတင်းအချက် အလက် မျှဝေခြင်း၊ အမှုစစ်ဆေး ပူးပေါင်းခြင်းနှင့် ပူးတွဲ လှုပ်ရှားမှုများကို ဆက်လက် တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
#MeKongnews
#တရုတ်
#အလိုရှိ
#တရားခံ
#UWSA
#ဖမ်းဆီး








