ကမ္ဘာ့သတင်း

ရေနက်ပိုင်း မြေရှားတူးဖော်မှု ဂျပန် အောင်မြင်

မဲခေါင် 4 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၄ ရေအောက် မီတာ ၅၇၀၀ နက်‌သော ပင်လယ်ကြမ်းပြင်မှ မြေရှားသတ္တုများ ပါဝင်သည်ဆိုသော ရွှံ့နွံများကို သင်္ဘောတစ်စီးပေါ်သို့ စုပ်တင်ရာတွင် ဂျပန်သုတေသီများ အောင်မြင်ခဲ့ကြောင်း သိရသည်။ ပင်လယ်ပြင်မြေလွှာသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂျပန်အေဂျင်စီ – JAMSTEC မှ စူးစမ်းလေ့လာရေးရေယာဉ် Chikyu သည် ဇန်နဝါရီလကတည်းက ပင်လယ်ကြမ်းပြင် ရွှံ့မြေများကို စမ်းသပ် တူးဖော်နေခဲ့သည်။ ယင်းစမ်းသပ် တူးဖော်နေသော နေရာသည် ပစိဖိတ်သမုဒ္ဒရာမှ ဂျပန်ပိုင် မီနာမီတိုရီရှီမာကျွန်း အရှေ့တောင်ဘက် ၁၅၀ ကီလိုမီတာအကွာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း တည်ရှိကြောင်း သိရသည်။ ဂျပန်အစိုးရအဖွဲ့ရုံးက ဦးဆောင်သော စီမံချက်အရ စမ်းသပ်မှုကို လုပ်ဆောင်ခြင်းဖြစ်ကာ ရွှံ့နွံများအား စုပ်ယူရန် ပြင်ဆင်မှုများကို

မဲခေါင်၊ ဖေဖော်ဝါရီ ၄

ရေအောက် မီတာ ၅၇၀၀ နက်‌သော ပင်လယ်ကြမ်းပြင်မှ မြေရှားသတ္တုများ ပါဝင်သည်ဆိုသော ရွှံ့နွံများကို သင်္ဘောတစ်စီးပေါ်သို့ စုပ်တင်ရာတွင် ဂျပန်သုတေသီများ အောင်မြင်ခဲ့ကြောင်း သိရသည်။

ပင်လယ်ပြင်မြေလွှာသိပ္ပံနှင့် နည်းပညာဆိုင်ရာ ဂျပန်အေဂျင်စီ – JAMSTEC မှ စူးစမ်းလေ့လာရေးရေယာဉ် Chikyu သည် ဇန်နဝါရီလကတည်းက ပင်လယ်ကြမ်းပြင် ရွှံ့မြေများကို စမ်းသပ် တူးဖော်နေခဲ့သည်။

ယင်းစမ်းသပ် တူးဖော်နေသော နေရာသည် ပစိဖိတ်သမုဒ္ဒရာမှ ဂျပန်ပိုင် မီနာမီတိုရီရှီမာကျွန်း အရှေ့တောင်ဘက် ၁၅၀ ကီလိုမီတာအကွာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်း တည်ရှိကြောင်း သိရသည်။

ဂျပန်အစိုးရအဖွဲ့ရုံးက ဦးဆောင်သော စီမံချက်အရ စမ်းသပ်မှုကို လုပ်ဆောင်ခြင်းဖြစ်ကာ ရွှံ့နွံများအား စုပ်ယူရန် ပြင်ဆင်မှုများကို သောကြာနေ့က စတင်ခဲ့ပြီး တနင်္ဂ‌နွေနေ့တွင် ရွှံ့နွံများကို သင်္ဘောပေါ်သို့ တင်ဆောင်နိုင်ခဲ့သည်။

ပင်လယ်ရေအောက်သို့ ချလိုက်သော ပိုက်ထိပ်၌ ရွှံ့နွံစုပ်သည ့်ကိရိယာတပ်ဆင်၍ စုပ်တင်ခြင်းဖြစ်သည်။

ယင်းနည်းလမ်းကို အသုံးပြု၍ လွန်ခဲ့သော ၄ နှစ်က ပင်လယ်ကြမ်းပြင် အနက် ၂၄၇၀ မီတာမှ ရွှံ့နွံများကိုလည်း စုပ်တင်၍ စမ်းသပ်ခဲ့သေးသည်။

ယခုနောက်ဆုံး စမ်းသပ်မှုအရ ၎င်းတို့၏ စနစ်သည် ရေဖိအား အလွန်များသော ၂ ဆ နက်ရှိုင်းသည့် ပင်လယ် ကြမ်းပြင်မှာပင် အလုပ်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု သုတေသီများက ပြောကြားကြသည်။

Chikyu စူးစမ်းလေ့လာရေးယာဉ်သည် ၎င်း၏မစ်ရှင်ကို ယမန်နေ့က အဆုံးသတ်လိုက်ကာ ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇူကာစီရင်စု ရှီမိဇုဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လာမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရွှံ့နွံများနှင့် မြေရှားသတ္တုများအား ခွဲခြားခြင်း၊ သန့်စင်ခြင်းများကို ဆက်လက် စမ်းသပ်သွားမည် ဖြစ်သည်။

တစ်ပြိုင်တည်းမှာပင် နေ့စဉ်သုံး လျှပ်စစ်ပစ္စည်းများမှ နောက်ဆုံးပေါ် လက်နက်စနစ်များအထိ အသုံးပြုနေသော မြေရှားသတ္တုများကို အမြောက်အမြား ထုတ်လုပ်သွားရေး ဆွေးနွေးကြရန်လည်း ပြင်ဆင်နေကြသည်။

ထို့ပြင် လာမည့်နှစ် ဖေဖော်ဝါရီမှစ၍ ပင်လယ်ကြမ်းပြင်၌ တစ်နေ့လျှင် ရွှံ့နွံတန်ပေါင်း ၃၅၀ တူးဖော်သွားရေး စမ်းသပ်မှုများ လုပ်ရန်လည်း အစိုးရအဖွဲ့ရုံးက စီစဉ်နေသည်။

အေးကျော်
Ref: NHK #MeKongnews
#ရေနက်ပိုင်း
#မြေရှားတူးဖော်
#ဂျပန်
#အောင်မြင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now