နိုင်ငံတကာသတင်း

စစ်ကောင်စီနှင့် အခြေအနေအရ ချိန်ဆထိတွေ့ဆက်ဆံသွားမည့် မူဝါဒသစ် ထိုင်းချပြ

မဲခေါင် 30 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၃၀ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် စစ်တပ်ထိန်းချုပ်သော အစိုးရနှင့် အခြေအနေအရ ချိန်ဆထိတွေ့ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးသင့်ကြောင်းနှင့် တစ်ဖက်တွင်လည်း ပဋိပက္ခများ ရပ်တန့်စေရန် ဆက်လက် ဖိအားပေးသင့်ကြောင်း ထိုင်းနိုင်ငံက ယနေ့တွင် အဆိုပြုလိုက်သည်။ ယင်းသည် မြန်မာအပေါ် ထားရှိသော သဘောထားတင်းမာမှု လျော့ပါးလာနိုင်သည့် အရိပ်အ‌ယောင်လည်း ဖြစ်သည်။ ထို့အတူ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ မထောက်ခံသော်လည်း ယင်းရွေးကောက်ပွဲတွင် ကောင်းမွန်သော တိုးတက်ဖြစ်ထွန်းမှု အလားအလာအချို့ ရှိနေသည်ဟု အာဆီယံအဖွဲ့က ရှုမြင်ကြောင်း အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အိမ်ရှင်နှင့် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ကလည်း ဆိုသည်။ ယင်းရွေးကောက်ပွဲသည်

မဲခေါင်၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် စစ်တပ်ထိန်းချုပ်သော အစိုးရနှင့် အခြေအနေအရ ချိန်ဆထိတွေ့ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးသင့်ကြောင်းနှင့် တစ်ဖက်တွင်လည်း ပဋိပက္ခများ ရပ်တန့်စေရန် ဆက်လက် ဖိအားပေးသင့်ကြောင်း ထိုင်းနိုင်ငံက ယနေ့တွင် အဆိုပြုလိုက်သည်။

ယင်းသည် မြန်မာအပေါ် ထားရှိသော သဘောထားတင်းမာမှု လျော့ပါးလာနိုင်သည့် အရိပ်အ‌ယောင်လည်း ဖြစ်သည်။

ထို့အတူ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ မထောက်ခံသော်လည်း ယင်းရွေးကောက်ပွဲတွင် ကောင်းမွန်သော တိုးတက်ဖြစ်ထွန်းမှု အလားအလာအချို့ ရှိနေသည်ဟု အာဆီယံအဖွဲ့က ရှုမြင်ကြောင်း အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အိမ်ရှင်နှင့် အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ကလည်း ဆိုသည်။

ယင်းရွေးကောက်ပွဲသည် စစ်တပ်အာဏာမြဲစေရန် လုပ်ဆောင်သော ဟန်ပြသက်သက်သာ ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဗြိတိန်နိုင်ငံတို့က ပြစ်တင် ရှုတ်ချခဲ့ကြသော်လည်း နိုင်ငံတကာ၏ သဘောထားများ မည်သို့ပင်ရှိစေကာမူ ပြည်သူ့ဆန္ဒမဲများက တရားဝင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုထားသည်။

၂၀၂၂ ခုနှစ်မှစ၍ အာဆီယံသည် မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားသော်လည်း၊ လူသားချင်းစာနာမှု အကူအညီများ တိုးမြှင့်ပေးခြင်းနှင့် အကြမ်းဖက်မှုများ လျှော့ချခြင်း စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါက ယခု ရွေးကောက်ပွဲသည် ထိတွေ့ဆက်ဆံမှုများဆီသို့ ဦးတည်သွားနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာဆက်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

“နေပြည်တော်က အစိုးရသစ်နဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံရမယ်လို့ ထင်ပါတယ်။ သူတို့က မတ်လမှာ အစိုးရသစ် ဖွဲ့စည်းတော့မှာပါ” ဟု ၎င်းက အစည်းအဝေးပြင်ပ တွေဆုံမေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာဘက်ကလည်း အပြုသဘောဆောင်သည့် ခြေလှမ်းများဖြင့် တုံ့ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံ အာဆီယံ အစည်းအဝေးတွေကို ချက်ချင်းပြန်လာနိုင်မယ်လို့တော့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါကြောင့်လည်း စံသတ်မှတ်ချက်တွေ ထားရှိပြီး စနစ်တကျ ချိန်ဆထိတွေ့ဆက်ဆံမယ့် (Calibrated re-engagement) မူဝါဒကို အဆိုပြုနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ကစဉ်ကလျားဖြစ်နေခဲ့ပြီး ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများမှတစ်ဆင့် နိုင်ငံ အနှံ့အပြားကို ထိန်းချုပ်လာနိုင်သည့် လက်နက်ကိုင်တော်လှန်ရေးအထိ ကျယ်ပြန့်လာခဲ့သည်။

အာဆီယံအဖွဲ့ဝင် အချို့က ရွေးကောက်ပွဲ ရလဒ်များကို စောင့်ကြည့် လေ့လာနေဆဲဖြစ်ကြောင်းနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာ လာဇာရိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒါဟာ ထောက်ခံမှုကို ဖော်ပြတာမဟုတ်ပေမဲ့ ဒီရွေးကောက်ပွဲတွေကနေတစ်ဆင့် အပြုသဘောဆောင်တဲ့ အပြောင်းအလဲတစ်ခုခု ဖြစ်လာနိုင်မလားဆိုတဲ့ ရှုထောင့်ကနေ ကြည့်နေတာပါ” ဟု ၎င်းက ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရာတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးရေးတို့ ပါဝင်သည့် ဘုံသဘောတူညီချက် ၅ ရပ်အပေါ်တွင်သာ ဆက်လက် အခြေခံသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတစ်ခု ဖြစ်လာစေရေး အာဆီယံ၏ တောင်းဆိုချက်ကို ထပ်လောင်း အတည်ပြုသကဲ့သို့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာတွင် အတိုင်းအတာတစ်ခုအထိ လိုက်နာ ဆောင်ရွက်လာခြင်းသည်ပင် ကိစ္စရပ်များကို ရှေ့ဆက်နိုင်စေမည့်အရာ ဖြစ်သည်ဟု လာဇာရိုက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် လူသားချင်းစာနာမှု အကူအညီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ရန် စစ်ကောင်စီ၏ အတိုက်အခံများအကြား တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို မကြာသေးမီက လက်ခံကျင်းပခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နှင့် ဇန်နဝါရီ ၂၅ ရက်တို့တွင် သုံးပိုင်းခွဲ၍ ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ပြီးနောက် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာသော ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရစဉ် ကျင်းပသည့် ယင်းရွေးကောက်ပွဲတွင် အတိုက်အခံပါတီ အများစုမှာလည်း ပိတ်ပင်ခံထားရပြီးဖြစ်၍ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။

#MeKongNews
Ref: Bangkok Post
#စစ်ကောင်စီ
#ချိန်ဆထိတွေ့
#မူဝါဒသစ်
#ထိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now