မဲခေါင်၊ ဇန်နဝါရီ ၂၁
၂ ပတ်ကျော်ရှိလာခဲ့ပြီဖြစ်သော အီရန်ဆန္ဒပြမှုတွင် ဒေါ်နယ်ထရမ့် ထပ်မံစွက်ဖက်ပြီး တိုက်ခိုက်လာပါက ဖမ်းဆီးထားပြီး ကြိုးပေးရန် စီစဉ်ထားသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ အလုံစုံစစ်ဖြင့် ပြန်လည် တိုက်ခိုက်ရမည်ဟု အီရန်အစိုးရက ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သွားသည်။
ထုတ်ပြန်ပုံမှာ ယခုလို တိုက်ရိုက်မကျသော်လည်း နိုင်ငံတော်ပျက်စီးရန် ဆန္ဒပြနေသူများသည် အကြမ်းဖက်သမားများ ဖြစ်ကြောင်းနှင့် ထရမ့်၏ မြှောက်ပေးမှုကို လိုက်လုပ်နေသူများ ဖြစ်ကာ ထိုလုပ်ရပ်များသည် ဘုရားကို စစ်ခင်းသော သေကိုသေရမည့် လူများလုပ်ရပ် (Mohareb) ဟု သုံးနှုန်းသွားခြင်း ဖြစ်သည်။
လက်ရှိတွင် အီရန်တစ်နိုင်ငံလုံး အုံကြွနေမှု၌ တော်လှန်ရေး အစောင့်တပ်များက အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး သတ်ဖြတ် နှိမ်နင်းနေသဖြင့် လူပေါင်း ၁၆၅၀၀ ကျော်သေဆုံးကာ ၃၃၀၀၀၀ မှ ၃၆၀၀၀၀ ကြား ဒဏ်ရာများရခဲ့ပြီး ဇန်နဝါရီ ၈ ရက်က ဖမ်းဆီးထားပြီး သေဒဏ်ပေးတော့မည့် ဆန္ဒပြသူ ၈၀၀ ကို မိသားစုနှင့် နောက်ဆုံး ၁၀ မိနစ် တွေ့စေကာ ကြိုးပေးကွပ်မျက်ရန် စီစဉ်ထားသည့်ကြားမှ ကွပ်မျက်လျှင် ဝင်တိုက်မည်ဟု ဒေါ်နယ်ထရမ့်က ကြိမ်း မောင်းသဖြင့် မည်သူမျှ မသတ်ရသေးဟုဆိုကာ ဆိုင်းငံ့သွားခြင်း ဖြစ်သည်။
သို့သော် အီရန်ကို ၄၇ နှစ်ကြာ အုပ်စိုးခဲ့သော အလီခါမီနီက ရာထူးအာဏာ စွန့်ရမည့်အခြေအနေမျိုး ဖြစ်လာမည်ကို မည်သို့မျှ လက်မခံဘဲ ဒေါ်နယ်ထရမ့်အနေဖြင့် ဆက်လက် စွက်ဖက်ကာ တိုက်ခိုက်မှု လုပ်လာလျှင် ကြိုးပေးရမည့် သူများအားလုံး သေဒဏ် မဖြစ်မနေပေးသွားရမည် ဖြစ်သလို အလုံစုံစစ်ပွဲအသွင် ပြန်လည် တွန်းလှန်တိုက်ခိုက် သွားရမည်ဟု နိုင်ငံပိုင်မီဒီယာမှ တစ်ဆင့် ဖော်ပြသွားခြင်း ဖြစ်သည်။
ကိုကလင်း
Ref: Thesun
##MeKongNews
#ထရမ့်
#လူအစုလိုက်
#ကြိုးပေ;
#အီရန်








