ကမ္ဘာ့သတင်း

သေနတ်ဒဏ်ရာရလူနာများကို ကာကွယ်ပေးသည့် အီရန်ဆရာဝန်များစွာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

မဲခေါင် 19 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၁၉ အီရန်တွင် နိုင်ငံအနှံ့ သန်းပေါင်းများစွာသောပြည်သူများ ခါမီနီ၏ အစ္စလာမ္မစ်အစိုးရ ပြုတ်ကျစေရန် ဆန္ဒပြမှုများ နှစ်ပတ်ကျော်လာချိန် သေဆုံးသူထောင်သောင်းချီရှိလာသလို ပျောက်ဆုံးသွားသည့် ဆရာဝန်များစွာလည်း ရှိလာခဲ့ပြီဖြစ်သည်။ ခိုင်လုံသော သတင်းများအရ ဆန္ဒပြပွဲ ၁၈ ရက်မြောက်၌ သေဆုံးပြည်သူပေါင်း ၂၆၀၀ ကျော်ရှိပြီဟု ဆိုသလို အတည်မပြုနိုင်သော သတင်းများတွင် သေဆုံးသူမှ ၁၂၀၀ မှ ၂၀၀၀၀ အထိ ရှိသည်ဟု ဖော်ပြနေကြသည်။ ခါမီနီသည် ၎င်း၏ အာဏာမပြုတ်ကျရေး လမ်းပေါ်ထွက်သမျှ ပြည်သူတိုင်းအား တင့်ကားများအတွင်း စက်သေနတ်ကိုင် စစ်သား ၁၀ ယောက်ဝန်းကျင်ထည့်ကာ နေရာတိုင်းလမ်းပေါ်ထွက်သမျှ ပြည်သူများ ကို အသေပစ်သတ်ခိုင်းနေသဖြင့် ဆေးရုံးများပေါ်၌ လူနားများစွာဖြင့် ပြည့်ကျပ်နေခဲ့ပြီဖြစ်သည်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

အီရန်တွင် နိုင်ငံအနှံ့ သန်းပေါင်းများစွာသောပြည်သူများ ခါမီနီ၏ အစ္စလာမ္မစ်အစိုးရ ပြုတ်ကျစေရန် ဆန္ဒပြမှုများ နှစ်ပတ်ကျော်လာချိန် သေဆုံးသူထောင်သောင်းချီရှိလာသလို ပျောက်ဆုံးသွားသည့် ဆရာဝန်များစွာလည်း ရှိလာခဲ့ပြီဖြစ်သည်။

ခိုင်လုံသော သတင်းများအရ ဆန္ဒပြပွဲ ၁၈ ရက်မြောက်၌ သေဆုံးပြည်သူပေါင်း ၂၆၀၀ ကျော်ရှိပြီဟု ဆိုသလို အတည်မပြုနိုင်သော သတင်းများတွင် သေဆုံးသူမှ ၁၂၀၀ မှ ၂၀၀၀၀ အထိ ရှိသည်ဟု ဖော်ပြနေကြသည်။

ခါမီနီသည် ၎င်း၏ အာဏာမပြုတ်ကျရေး လမ်းပေါ်ထွက်သမျှ ပြည်သူတိုင်းအား တင့်ကားများအတွင်း စက်သေနတ်ကိုင် စစ်သား ၁၀ ယောက်ဝန်းကျင်ထည့်ကာ နေရာတိုင်းလမ်းပေါ်ထွက်သမျှ ပြည်သူများ ကို အသေပစ်သတ်ခိုင်းနေသဖြင့် ဆေးရုံးများပေါ်၌ လူနားများစွာဖြင့် ပြည့်ကျပ်နေခဲ့ပြီဖြစ်သည်။

ထိုအခြေအနေတွင် သေနတ်ကျည်မှန် ဒဏ်ရာရသူများ ဆေးရုံရောက်ပါက ယင်းလူနာသတင်းအချက် အလက်များပေးပို့ရမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်က အမိန့်ပေးထားပြီး ဆရာဝန်များကမူ ဆရာဝန်ကျင့်ဝတ်နှင့်အညီ သူရဲကောင်းဆန်စွာ လူနာများသတင်းကို မပေးသည့်အတွက် ဆရာဝန် များစွာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုမှာ တစ်နေ့တခြား များသထက်များလာခဲ့သည်။

ဆရာဝန်များသည် လမ်းများပေါ်အထိ ထွက်ပြီး ဒဏ်ရာရသူများကို ပြုစုကုသနေကြသည့်အတွက်လည်း ဆရာဝန်များစွာ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ပျောက်ဆုံးနေသော ထိပ်တန်းဆရာဝန်များထဲ ကူးစက်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဘာဘက်ခ်ဇာရာဘီယန်လည်း ပါဝင်ကာ ဇန်နဝါရီ ၁၃ ရက်က ဖမ်းခံရပြီးကတည်းက ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

သွားဆရာဝန်ကြီး ဖာရီဘာဟိုဆီနီ၊ ကလေးအထူးကုဆရာဝန်ကြီး မိုဟက်ဘတ်ဂါဖိုရီ၊ အထွေထွေရောဂါကုဆရာဝန် အက်စ်ဂါရှာကီရီတို့သည်လည်း ပျောက်ဆုံးနေသည့် ဆရာဝန်များထဲ ပါဝင်သလို ဖမ်းဆီးခံဆရာဝန်များ၏ မိသားစုများလည်း ကြောက်ရွံ့ကာ တိမ်းရှောင်နေကြရသည်။

ဆန္ဒပြသူများကို ကူညီကုသပေးမှုမလုပ်ရန် အီရန်တော်လှန်ရေးအစောင့်တပ်က ဆရာဝန်များစွာထံ ဖုန်းဆက်ကာ ခြိမ်းခြောက်နေသလို ဆင့်ခေါ် သတိပေးခြင်း၊ တစ်ခါတည်း ဖမ်းဆီးသွားခြင်းများလည်း များစွာရှိနေခဲ့ပြီဟု မီလက်ဒ်ဆေးရုံမှ ဆရာဝန်တစ်ဦးက ဖွင့်ဟပြောဆိုသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်သည် ဆန္ဒပြသူများကို ဖမ်းဆီးကာ အကြောက်တရားရိုက်သွင်းရန် ကြိုးပေးကွပ်မျက်မှုများလုပ်ဆောင်မည်ဟု အီရန်ဘက်က ခြိမ်းခြောက်ကြေညာပြီးနောက် စစ်ရေး တိုက်ခိုက်မှုလုပ်ရန် အမိန့်ပေးပြီးမှ အီရန် နိုင်ငံခြားရေးဝန်ကြီးက တစ်ဦးမျှ ကြိုးပေးကွပ်မျက်ခြင်းမရှိ ဟု ပြန်လည် ထုတ်ပြန်သဖြင့် တိုက်ခိုက်မှု အမိန့်ကို ရုပ်သိမ်းခဲ့သည်။

သို့သော် USS Abraham Lincoln လေယာဉ်တင်သင်္ဘောကြီးကို တောင်တရုတ်ပင်လယ်မှ အီရန်နှင့်အနီးဆုံးရှိ ပင်လယ်ကွေ့ သို့ မောင်းနှင်ခိုင်းခဲ့ပြီး အနီးကပ်အနေအထား အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#ဆန္ဒပြပွဲ
#ဆရာဝန်
#ဒဏ်ရာရ
#အလီခါမီနီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now