နိုင်ငံတကာသတင်း

ရွေးကောက်ပွဲအတွက် ထိုင်းပါတီကြီး ၃ ခုက ဝန်ကြီးချုပ်လောင်းများ ကြေညာ၊ သက်ဆင်၏ တူလည်း ပါဝင်လာ

မဲခေါင် 24 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၄ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီကြီး ၃ ခုက ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းများကို ထုတ်ဖော် ကြေညာခဲ့ကြသည်။ ယင်းတွင် လက်ရှိအာဏာရ ဘွန်ဂျိုင်ထိုင်းပါတီက ယာယီဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကို အဆိုပြုခဲ့ပြီး၊ အတိုက်အခံ ဖွေထိုင်းပါတီကမူ ခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်၏ တူဖြစ်သူကို ရွေးချယ်ခဲ့သည်။ ယနေ့တွင် အသက် ၅၉ နှစ်အရွယ် ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် ယာယီဝန်ကြီးချုပ် အနုတင်က ဝန်ကြီးချုပ်လောင်းအဖြစ် ၎င်းကိုယ်၎င်း အဆိုပြုခဲ့သည်။ “ထိုင်းပြည်သူတွေက ဘွန်ဂျိုင်ထိုင်းပါတီကို မဲပေးမယ်ဆိုရင် ကျွန်တော် ဝန်ကြီးချုပ် ဖြစ်လာမှာပါ” ဟု ၎င်းက

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီကြီး ၃ ခုက ၎င်းတို့၏ ဝန်ကြီးချုပ်လောင်းများကို ထုတ်ဖော် ကြေညာခဲ့ကြသည်။

ယင်းတွင် လက်ရှိအာဏာရ ဘွန်ဂျိုင်ထိုင်းပါတီက ယာယီဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကို အဆိုပြုခဲ့ပြီး၊ အတိုက်အခံ ဖွေထိုင်းပါတီကမူ ခေါင်းဆောင်ဟောင်း သက်ဆင်ရှင်နာဝပ်၏ တူဖြစ်သူကို ရွေးချယ်ခဲ့သည်။

ယနေ့တွင် အသက် ၅၉ နှစ်အရွယ် ဘွန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် ယာယီဝန်ကြီးချုပ် အနုတင်က ဝန်ကြီးချုပ်လောင်းအဖြစ် ၎င်းကိုယ်၎င်း အဆိုပြုခဲ့သည်။

“ထိုင်းပြည်သူတွေက ဘွန်ဂျိုင်ထိုင်းပါတီကို မဲပေးမယ်ဆိုရင် ကျွန်တော် ဝန်ကြီးချုပ် ဖြစ်လာမှာပါ” ဟု ၎င်းက ပါတီမဲဆွယ် စည်းရုံးရေး စတင်သည့် အခမ်းအနားတွင် ပြောကြားသည်။

၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးခံရပါက ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး အီကနီတီကဲ့သို့သော လက်ရှိဝန်ကြီးများကို ရာထူးတွင် ဆက်လက် ထားရှိမည်ဟုလည်း အနုတင်က ကတိပြုခဲ့သည်။

ထို့ပြင် စီးပွားကူးသန်းဝန်ကြီး ဆူဖာဂျီးနှင့် နိုင်ငံခြားရေးဝန်ကြီး သီဟာဆက်တို့သည်လည်း လက်ရှိ ဝန်ကြီးဌာန တာဝန်များကို ဆက်လက်ယူထားရင်း ဒုတိယဝန်ကြီးချုပ်များ ဖြစ်လာမည် ဖြစ်သည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဝန်ကြီးချုပ်များ ဖြစ်ကြသော ပေထောင်တန် ရှင်နာဝပ်နှင့် ဆေထာ ထဝီဆင်တို့ လက်ထက်တွင် အစိုးရကို ဦးဆောင်ခဲ့သည့် ဖွေထိုင်းပါတီသည် သက်ဆင်၏ တူဖြစ်သူ ယော့ချနန် ဝမ်စဝပ် အပါအဝင် ဝန်ကြီးချုပ်လောင်း ၃ ဦးကို အမည်စာရင်း တင်သွင်းခဲ့သည်။

၎င်းမှာ လက်ရှိတွင် သက်ဆင်ရှင်နာဝပ် ထောင်ဒဏ် ကျခံနေရသော်လည်း ပါတီအတွင်း ရှင်နာဝပ်မိသားစု၏ ဩဇာလွှမ်းမိုးမှု ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ညွှန်ပြနေသည်။
ထို့အတူ ပညာတတ် လူငယ်၊ လူလတ်များ ဦးဆောင်ပြီး တိုးတက်သော အမြင်ရှိသည့် အဓိက အတိုက်အခံ အုပ်စု ပြည်သူ့ပါတီက ၎င်း၏ ခေါင်းဆောင် အသက် ၃၈ နှစ်အရွယ် နတ်သဖွန် ရွမ်ပန်ညာဝပ်ကို ဦးစားပေး ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။

ထို့နောက် ဒုတိယခေါင်းဆောင် အဖြစ် ၄၄ နှစ်အရွယ် စီရီကန်ညာ တန်စာကူးလ်ကို ဒုတိယအဖြစ်နှင့်၊ တိုကျိုမြို့ရှိ အမျိုးသားမူဝါဒရေးရာ ဘွဲ့လွန်တက္ကသိုလ်မှ ၄၆ နှစ် အရွယ် ကထိက ဝီရာယုသ် ကန်ချူးချက်ကို တတိယမြောက် ကိုယ်စားလှယ်လောင်းအဖြစ် အသီးသီး အဆိုပြုခဲ့သည်။

ထိုင်းတွင် နိုင်ငံရေးပါတီများက ဝန်ကြီးချုပ်လောင်း ၃ ဦးအထိ အမည်စာရင်း တင်သွင်းနိုင်ပြီး ယင်းပုဂ္ဂိုလ်များက ရွေးကောက်ပွဲတွင် ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ပေ။

အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ကြိုတင် တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများထဲမှ ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင်း မဲပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ပါတီများသည် ဒီဇင်ဘာ ၂၈ ရက်မှ ၃၁ ရက်အတွင်း ၎င်းတို့၏ ကိုယ်စားလှယ်လောင်း စာရင်းကို တင်သွင်းရမည် ဖြစ်သည်။

ထိုင်းနိုင်ငံ အောက်လွှတ်တော်တွင် အမတ်နေရာ စုစုပေါင်း ၅၀ဝ ရှိပြီး မဲဆန္ဒနယ်အလိုက် အမတ် ၄၀ဝ နှင့် ပါတီအမတ် ၁၀ဝ တို့ ပါဝင်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် လွှတ်တော်ကို မဖျက်သိမ်းမီက ဘွန်ဂျိုင်ထိုင်းပါတီတွင် အမတ် ၇၁ နေရာရှိခဲ့ပြီး၊ ဖွေထိုင်းပါတီနှင့် ပြည်သူ့ပါတီတို့က ၁၄၀ နှင့် ၁၄၃ နေရာ အသီးသီး ရရှိထားခဲ့ကြသည်။

#MeKongNews
#ရွေးကောက်ပွဲ
#ထိုင်းပါတီ
#ဝန်ကြီးချုပ်လောင်း
#ကြေညာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now