ကမ္ဘာ့သတင်း

ပဲရစ်လုဗ်ရ်ပြတိုက်ခိုးယူမှု ကမ္ဘာကျော် Pink Panther သူခိုးဂိုဏ်းနောက်ကွယ်မှ ပါဝင်ဟု သုံးသပ်

မဲခေါင် 24 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၄ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာ့အကျော်ကြားဆုံးနှင့် လည်ပတ်သူ အများဆုံးသော လုဗ်ရ်ပြတိုက်ကြီးမှ နပိုလီယံ၏ ကြင်ယာတော်အားပေးခဲ့သည့် စိန်နှင့်မြလည်ဆွဲအပါ ပြင်သစ်နန်းစဉ် ရတနာ ၈ သွယ်ကို ပြတိုက်ဖွင့်အပြီး‌ မကြာခင် နေခင်းကြောင်တောင် ဖောက်ထွင်းခိုးယူ မှုမှာ ကမ္ဘာကျော် Pink Panther သူခိုးဂိုဏ်းနောက်ကွယ်မှ ပါဝင်မည်မှာ သေချာသည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ Flying Squad ခေါင်းဆောင်ဟောင်း ဘယ်ရီဖိလစ်က သုံးသပ်သွားခဲ့ သည်။ ပြတိုက်ဖွင့်ပြီးမကြာမီ နံနက် ၁၀ နာရီ့ ဝန်းကျင်တွင် ၇ မိနစ်အတွင်း ပြတိုက်ထဲဝင်ကာ နန်းစဉ် ရတနာ ၈ သွယ်အား ခိုးယူကာ စကူဒါဆိုင်ကယ်ဖြင့်

မဲခေါင်၊ အောက်တိုဘာ ၂၄

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာ့အကျော်ကြားဆုံးနှင့် လည်ပတ်သူ အများဆုံးသော လုဗ်ရ်ပြတိုက်ကြီးမှ နပိုလီယံ၏ ကြင်ယာတော်အားပေးခဲ့သည့် စိန်နှင့်မြလည်ဆွဲအပါ ပြင်သစ်နန်းစဉ် ရတနာ ၈ သွယ်ကို ပြတိုက်ဖွင့်အပြီး‌ မကြာခင် နေခင်းကြောင်တောင် ဖောက်ထွင်းခိုးယူ မှုမှာ ကမ္ဘာကျော် Pink Panther သူခိုးဂိုဏ်းနောက်ကွယ်မှ ပါဝင်မည်မှာ သေချာသည်ဟု ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ Flying Squad ခေါင်းဆောင်ဟောင်း ဘယ်ရီဖိလစ်က သုံးသပ်သွားခဲ့ သည်။

ပြတိုက်ဖွင့်ပြီးမကြာမီ နံနက် ၁၀ နာရီ့ ဝန်းကျင်တွင် ၇ မိနစ်အတွင်း ပြတိုက်ထဲဝင်ကာ နန်းစဉ် ရတနာ ၈ သွယ်အား ခိုးယူကာ စကူဒါဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသူ ၄ ယောက်ကို ယခုအထိ ပြင်သစ်ရဲနှင့် ထောက်လှမ်းရေးများ ခြေချင်းလိမ်ကာ ရှာဖွေနေသော်လည်း မတွေ့ရှိသေးဘဲ အနည်းဆုံးပေါင်သန်း ၅၀၀ တန်သော ထိုရတနာပစ္စည်းများကို မှောင်ခိုစျေးကွက်မှ ရောင်းချလိုက်ခြင်း၊ ပုံဖျက်လိုက်ခြင်းများ ပြုလုပ်ခဲ့လျှင် ပြန်ရရန် မလွယ်သည့် အနေအထားသို့ ရောက်နေရသည်။

ထိုအခြေအနေသည် ဆယ်စုနှစ်အတွင်း ပြောစမှတ်အတွင်ဆုံး ဖောက်ထွင်းခိုးယူမှုမျိုးဖြစ်ကာ ယခင် ထိုသို့သော ပြောစမှတ်တွင်သည့် ခိုးယူမှုများအား လုပ်ဆောင်နေကြ ကမ္ဘာကျော် Pink Panther သူခိုးဂိုဏ်းနောက်ကွယ်မှ ပါဝင်နေမည်ဟု ဘယ်ရီဖိလစ်က သုံးသပ်ပြောဆိုခဲ့သည်။

ဖောက်ထွင်သွားပုံ များသည် ယခင် Pink Panther ဂိုဏ်းမှ ဖောက်ထွင်းခဲ့သည့် သမိုင်ဝင်ခိုးယူမှုများနှင့် ပုံသဏ္ဍန်ဆင်တူနေ ပြီး အဆိုပါ သူခိုးဂိုဏ်းသည် စစ်သားဟောင်းများ၊ အထူးလေ့ကျင့်ပေးထားသည့် အရန်တပ်သား ဟောင်းများ၊ ခိုးမှု၊ ကားမောင်းမှု၊ လှည့်စားမှုအားလုံးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် သူခိုးများ လုပ်ရပ်မျိုးဟု ဘယ်ရီဖိလစ်က ဆိုသည်။

Pink Panther သူခိုးဂိုဏ်းသည် ကမ္ဘာကျော်ခဲ့သော သူခိုးရုပ်ရှင် Pink Panther ဇာတ်ကားကို အတုယူ ကာ ဂိုဏ်းနာမည်အားပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ဆယ်စုနှစ်၏ ပြောစမှတ်အတွင်းဆုံး ပြောင်မြောက်လှသော ခိုးယူမှုများကိုသာ လုပ်ဆောင်သည့် ဂိုဏ်းဖြစ်သည်။

ခိုးယူမှုများတွင် ပြောင်ပြောင်တင်းတင်းနိုင်လျင်သော်မှ သဲလွန်စမကျန် ပြန်ရှာမတွေ့နိုင်တော့သည့် ခိုးယူမှုများကိုသာ ယင်းဂိုဏ်းက လုပ်ဆောင်လေ့ရှိပြီး ကမ္ဘာတစ်ဝန်း အဖွဲ့ဝင်စပါယ်ရှယ်လစ် သူခိုးပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

၎င်း ဂိုဏ်းသည် ၂၀၀၃ ခုနှစ်က လန်ဒန်ရှိ Graff ကျောက်မျက်ရတနာ ဆိုင်မှ ပေါင် ၂၃,၀၀၀,၀၀၀ တန်ကြေးရှိ စိန်များ ခိုးသွားခဲ့သလို ဒူဘိုင်း၊ တိုကျိုး၊ မီယာမီတို့တွင်ပါ Ocean’s 11 ဇာတ်ကားဟန်ဖြင့် ပြောင်မြောက်ဆုံးသော ခိုးယူမှုများ ကျူးလွန်ခဲ့သည့် ဂိုဏ်းဖြစ်သည်။

ထိုသို့သော သူခိုးစပါယ်ရှယ်လစ်များကသာ ကမ္ဘာ့အကျော်ကြားဆုံး လုဗ်ဝါရ်ပြတိုက်အား နေခင်း ကြောင်တောင် ဝင်ခိုးရဲမည်ဟု ဘယ်ရီဖိလစ်က သုံးသပ်ခဲ့သည်။

လက်ရှိတွင် မနှစ်ကတည်းက ပြင်သစ် အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော ရုရှားပြည်ပြေး တယ်လီဂရမ် လူမှုကွန်ရက် ထူထောင်သူ ဘီလျံနာ ပေဗယ်ဒူရော့ဗ်က ပြင်သစ်တွင် လုံခြုံရေးစိတ်မချရသဖြင့် လုဗ်ဝါရ် ပြတိုက်မှ ခိုးခံရသည့် နန်းစဉ်ရတနာများကို မိမိပြန်ဝယ်ယူပြီး ဒူဘိုင်းရှိ လုဗ်ရ်ပြတိုက်တွင်း ထားလိုသည်ဟု ပြောဆို ကမ်းလှမ်းလာကြောင်းလည်း သိရသည်။

ရုရှားအီလွန်မာ့စ်၊ ဇူကာဘတ်ဟု ခေါ်သည့် ဒူရော့ဗ်သည် ပေါင် ၁၇ ဘီလီယံ ကြွယ်၀သူဖြစ်သည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ပဲရစ်
#သူခိုးဂိုဏ်း
#PinkPanther
#နန်းစဉ်ရတနာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now